မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဆရာနိုင်အောင်မငေးနှင့် တွေ့ဆုံခြင်း

ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသားအလိုက် နိုင်ငံရေး ဆွေးနွေးပွဲ အခြေအနေအပြင် လက်ရှိတိုင်းရင်းသားဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲတွေအပေါ်မွန်ပြည်သစ်ပါတီ၏ အမြင်သဘောထားကို သတင်းနှင့် မီဒီယာကွန်ရက်မှ မွနပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ဆရာနိုင်အောင်မငေးအား တွေ့ဆုံမေးမြန်းထားသည်။

“ကျနော်တို့ ဒီအစိုးရရော တပ်မတော်ရော ငြိမ်းချမ်းရေး လိုချင်ကြတယ် ပြောနေကြတယ်။ ဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေး လိုချင်ကြတယ် ပြောနေကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ဒီငြိမ်းချမ်းရေး ရလဒ်က အဖြေမပေါ်လာနိုင်ဘူး ဖြစ်လာနိုင်တယ်။ တစ်ဆို့မှုလည်း ဖြစ်လာနိုင်တယ်။ ဖိနှိပ်မှုများလေလေ ကျနော်တို့ နားကြည်းချက်က ပိုပြီးတော့မှ ပြင်းထန်လာမယ့် အဲဒီနား ကြည်းချက်က ပြင်းထန်လာရင် သမိုင်းတွင်မယ့် ကိစ္စတွေ ပိုပြီးဖြစ်လာမယ်ဆိုရင် နောက်ထပ်ရှင်း ဖို့ကတော့ ပိုပြီးတော့ ခက်လာလိမ့်မယ် အကြောင်းအရာ ဖြစ်လာလိမ့်မယ်”