ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Payap University (ဖရပ် တက္ကသိုလ်) တွင် ယနေ့ မေလ ၁၉  ရက်နေ့ နံနက် ၉  နာရီတွင် ကျင်းပခဲ့သော ထိုင်းနှင့်မြန်မာ နိုင်ငံတို့အကြား နယ်ခြားဖြတ်ကျော်သော ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေခံကို ဖော်ထုတ်ခြင်း ဆိုသည့်ခေါင်းစဉ်ဖြင့် ပညာရှင်များ ဆွေးနွေးခဲ့သည့် မှတ်တမ်း ဓါတ်ပုံများ ဖြစ်သည်။

ယနေ့ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက် အပါအဝင် လွတ်တော် ကိုယ်စားလှယ်  နော်စူစဲန်နာလှလှစိုး နှင့် ကရင်အမျိုးသမီးအစည်းအရုံးမှ နော်တာမလာစော တို့အပြင် နိုင်ငံတကာမှ တတ်သိပညာရှင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။