လူ့အခွင့်အရေးကို ဦးတည်သည့် ဖက်ဒရယ်စနစ် အပိုင်း ( ၇၆ )
ဂျနီဗာကွန်ဗန်းရှင်းလို့ခေါ်တဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားတဲ့ ဥပဒေကို လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့ မုံးကိုးတိုက်ပွဲအတောအတွင်း ဒေသခံ အရပ်သားလူထု ၁၆၀ လောက်ကို ဗျူဟာကုန်းကိုဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးချကာ ကိုးကန့်၊ ကချင်၊ တအာင်းနဲ့ ရခိုင် လက်နက်ကိုင်တပ်တွေကို ခုခံစစ်ဆင်နွှဲတာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားတဲ့ ဥပဒေကို လုံးဝချိုးဖောက်ရာရောက်တယ်လို့ ဦးအောင်ထူးက ဆိုပါတယ်။