လိုင်ဇာအနီးရှိ ဖွန်လွမ်ယန် စစ်ရှောင်စခန်းအတွင်း ရေကြီးမှုဖြစ်ပွား
မိုးအဆက်မပြတ် ပြင်းထန်စွာ ရွာသွန်းမှုကြောင့် KIO ဌာနချုပ် လိုင်ဇာအနီးရှိ ဖွန်လွမ်ယန် စစ်ရှောင်စခန်းအတွင်း တောင်ကျချောင်းရေတက်လာပြီး ရေကြီးလာတဲ့အတွက် စစ်ရှောင်စခန်းဒုက္ခသည်များအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်ဟု သိရပါတယ်။ ဖွန်လွမ်ယန် စစ်ရှောင်စခန်းအနီးတွင် ဂျေယန့်စစ်ရှောင်စခန်းပါတည်ရှိပြီး အဆိုပါနေရာတွေမှာ တောက် လျှောက် တောင်ကျချောင်းရေတွေ တက်နေတဲ့အတွက် မိုးဆက်ပြီး ရွာသွန်းမှာကို စစ်ရှောင်တွေ စိုးရိမ်နေကြပါတယ်။