ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) နှစ် ၃၀ ပြည့် ရှစ်လေးလုံးအခမ်းအနားကျင်းပ(ဓာတ်ပုံ)
ကချင်ပြည်နယ်တွင် အခြေပြုသော ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) ၏ ဗဟိုဌာနချုပ်စခန်း ဂျန်ထုန်-လခွမ်းဘွမ်တွင် သြဂုတ်လ ၈ ရက်နေ့က နှစ် (၃၀) ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြသည်။
အဆိုပါ ရှစ်လေးလုံးနေ့ အခမ်းအနားကို မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIA/KIO မှ အကြီးအကဲများ၊ ဗဟိုကော်မတီဝင်များ၊ ရက္ခိုင့်တပ်မတော် ( AA ) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသမီးအဖွဲ့ အစည်းများနှင့် ကေအိုင်အေဗဟိုဌာနချုပ် လိုင်ဇာမှ ရပ်မိရပ်ဖ ပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။