မွန်တော်လှန်ရေးနေ့ အခမ်းအနား (ဓာတ်ပုံ)
မွန်လူငယ်များ ဦးဆောင်ပြီး (၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရသာသနာ့ဝင်းထဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပ်အခမ်းအနားသို့ မွန်ပြည်နယ်မှ လူငယ်များ၊ မွန်လူထုများသာမက ကရင်ပြည်နယ်မှ မွန်လူငယ်များလည်း တက်ရောက်ခဲ့ကြသည်။
အလားတူ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် ခရိုင်အဆင့်အဆင့်တို့တွင်လည်း မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်ဟု သိရသည်။
ယမန်နှစ်က မွန်ပြည်သစ်ပါတီမှ ပြုလုပ်သည့် မွန်တော်လှန်ရေးနေ့အခမ်းအနားကို စစ်ဝတ်စုံအပြည့်အစုံဖြင့် မပြုလုပ်ရန် မြန်မာ့တပ်မတော်ဘက်က တားမြစ်မှုရှိခဲ့သော်လည်း ယခုနှစ်တွင် တားမြစ်ခြင်းမရှိဘူးလို့ မွန်ပြည်သစ်ပါတီမှ သိရသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့တို့က မော်လမြိုင်အရှေ့ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်းအပါအဝင် ဂျိုင်းမြစ်တစ်လျှောက်ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေးလက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာမှ မွန်တော်လှန်ရေး အစပျိုခဲ့သည်ဟု သိရသည်။
အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ဝါခေါင်းလပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတို့က နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။