ဂျပန်တွင် ကချင် မနောပွဲ ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်။ သြဂုတ်လ ၂၆ ရက်။

ကချင်စစ်ဘေးရှောင်များအကြောင်း နိုင်ငံတကာက သိရှိစေရန်ရည်ရွယ်ပြီး ဂျပန် နိုင်ငံ၊ နာဂိုယာမြို့အနီးတွင် ကချင်-ဂျပန် ရင်တွင်းဆက် မနောပွဲကို ကျင်းပနေသည်ဟု ပွဲကျင်းပသူများက ပြောသည်။

“ဒီကရတဲ့ အလှူငွေတွေကို ကချင်ဒုက္ခသည်စခန်းတွေကို ပို့မှာ။ ဂျပန်မှာ ပထမဆုံးအကြိမ် ကျင်းတာမဟုတ်ပေမယ့် ဒီမီကင်မှာတော့ ပထမဆုံးအကြိမ်ကျင်းပတာပေါ့” ဟု မနောပွဲ တက်ရောက်သူတစ်ဦးက ပြောသည်။

NMG19 NMG20

ကချင်-ဂျပန် ရင်တွင်းဆက် မနောပွဲတော်ကို ကချင်စစ်ဘေးရှောင် ပြည်သူများအား ဖေးမကူညီရေး ကော်မတီ (NPO PEACE Mie Ken) နှင့် ဒေသခံ ဂျပန်လူမျိုးများ ပူးပေါင်းပြီး သြဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက် နေ့အထိ ကျင်းပနေခြင်းဖြစ်သည်ဟု အဆိုပါမနောပွဲတွင် သွားရောက်ပါဝင်သူများက ပြောသည်။

အဆိုပါမနောပွဲတော်ကို မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသည့် ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ ဥက္ကဌ Mr.Nakagawa Masaharu နှင့် MIE စီရင်စု အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့သည်။

NMG21 NMG 22

နှစ်ရက်တာ ကျင်းပသည့် အဆိုပါ ကချင်-ဂျပန် ရင်တွင်းဆက် မနောပွဲတော်ကို ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားများ၊ နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားနှင့် မြန်မာနိုင်ငံမှ ကချင်တိုင်းရင်းသားများ တက်ရောက်လျက်ရှိသည်။

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့အနီးရှိ MIE စီရင်စုဒေသရှိ MATSUSAKA မြို့တွင် ကျင်းပပြုလုပ်သည့် မနောပွဲတော်သို့ လူဦးရေ စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။