NCA အကောင်အထည်ဖော်မှုမှာ တစ်စို့မှု ရှိနေတယ်လို့ နိုင်ဟံသာပြော

မွန်ပြည်နယ်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိသလောက် နည်းပါးသွားပြီးလို့ဆိုပေမဲ့ NCA ကို အကောင်အထည်ဖော်ရာမှာ တစ်စို့နေပြီး လက်ရှိအစိုးရအနေနဲ့လည်း ၂၀၀၈ အခြေခံဥပဒေအောက်မှာ နိုင်ငံရေးအရ ခက်ခဲကြပ်တည်းမှုတွေ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။