NCA လက်မှတ်ထိုး အဖွဲ့များ ထိပ်သီး အစည်းအဝေး ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၈ ရက်၊ ၂၀၁၈ ခုနှစ်။

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အရေးကြီးနေချိန် ဖြစ်ကြောင်း ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် NCA-s EAO ထိပ်သီးအစည်းအဝေးတွင် ပြောရေးဆိုခွင့်ရှိသူ ချင်းအမျိုးသား တပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံး မှ ပြောသည်။

ဒီကနေ့ဆိုလို့ရှိရင် ကျနော်တို့ ပြည်ထောင်စု သဘောတူညီချက် အပိုင်း ၁ နဲ့ အပိုင်း ၂ ကို ကျနော်တို့ ရောက်နေပြီဖြစ်တယ်၊ ဒါက ကျနော်တို့ NCA အကောင်အထည်ဖော်တဲ့နေရာမှာ အဆင့် ၆ ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်၊ ဒါကြောင့်မိုလို့ ကျနော်တို့ အဆင့်တိုင်းမှာ အင်မတန်မှ အရေးကြီးလို့လည်း ကျနော်တို့ ဒီကနေ့အစည်းအဝေးဟာ အင်မတန်မှ အရေးကြီးတယ်၊

 ရှေ့တိုးမရတဲ့ ကိစ္စတွေ ကျော်လွှားနိုင်ဖို့လည်း ဒီကနေ့ အစည်းအဝေးမှာ ဆွေးနွေးကြမယ်လို့ သူက ဆက်ပြောပါတယ်။

 နောက်ပြီးတော့မှ ကျနော်တို့ ဒီကနေ့ ဒီ ဒက်လော့ ဖြစ်နေတဲ့ ကိစ္စပေါ့ တိုးလို့မရတဲ့ ကိစ္စတွေလည်း ရှိပါတယ်၊ ဥပမာ အားဖြင့် ကျနော်တို့ ဒီ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရ ဆိုတဲ့ကိစ္စတွေ၊ နောက် တခုတည်းသော တပ်မတော် ကိစ္စတွေ၊ SSR/DDR ကိစ္စတွေ ဒါတွေလည်း ကျနော်တို့ အရေးတကြီး လုပ်ဆောင်ရမှာဖြစ်တယ် ဆွေးနွေးရမှာဖြစ်တဲ့အတွက် ဒီကနေ့ အစည်းအဝေးဟာ အင်မတန်မှ အရေးကြီးပါတယ်လို့ ကျနော် ပြောချင်ပါတယ်။ဟု CNF ဥက္ကဌ ပူးဇင်ကျုံး မှ သတင်းထောက်များအား ပြောဆိုခဲ့သည်။

EAO အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ၏ စုဖွဲ့မှုများဖြစ်သည့် PPST/ JICM/UPDJC/ JMC/ IAC/JPC အစရှိသည့် အစုအဖွဲ့များအား ပြန်လည်စဉ်းစားသုံးသပ် ဆွေးနွေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများ ဆွေးနွေးညှိနှိုင်းခြင်း၊ ကွာဟမှုဖြစ်နေသော ဖက်ဒရယ်ပြည်ထောင်စုမှ ခွဲထွက်ခြင်း၊ မခွဲထွက်ခြင်း စသည့် ကိစ္စ ရပ်များအား ထည့်သွင်းဆွေးနွေးခြင်းနှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စရပ်များအား ဆွေးနွေးသွားကြမည်ဟု သိရသည်။

ထို့အပြင် ပြည်နယ်ဖွဲ့စည်းပုံကိစ္စ ရပ်များ နှင့် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် တွင် ပါဝင်သော DDR/SSR ဟုခေါ်သည့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးစနစ် ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား လက်နက်ဖြုတ်သိမ်းရေး မဖြုတ်သိမ်းရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

ယနေ့စတင်ကျင်းပသည့် NCA အပစ်ရပ်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးတွင် သဘာပတိ ၁ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံးူ KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုးမှ အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်အားလုံးအကြားယုံကြည်မှုတည်ဆောက်နေတဲ့နေရာမှာအထောက်အ ကူဖြစ်စေနိုင်မယ့်ကိစ္စရပ်တွေကိုလည်းဦးစားပေး ရွေးချယ်သွားရမှာ ဖြစ်သလို ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိရေးအတွက်ဘယ်လိုအတူတကွအကောင်အထည်ဖော်သွားကြမလဲဆိုတာကို ဆွေးနွေး သွားကြမှာပဲ ဖြစ်ပါတယ်။ဟု တက်ရောက်လာသည့် ခေါင်းဆောင်ကိုယ်စားလှယ်များအား ပြောဆိုခဲ့သည်။

တဆက်တည်းမှာပင် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှလက်ရှိမှာNCA ဟာပဏာမသဘောဆောင်ပြီးbilateral ကိုအခြေခံတဲ့တစ်နိုင်ငံလုံးကိုလွှမ်းခြုံတဲ့အပစ်အခတ်ရပ်စဲရေးစာချုပ်ပဲဖြစ်ပါတယ်။ဒါကြောင့်bilateral အဆင့်ကနေ နိုင်ငံရေးရပ်ဝန်းဆိုင်ရာသဘောတူညီမှုရရှိဖို့လိုအပ်နေပါတယ်။ဒီလို နိုင်ငံရေးရပ်ဝန်းဆိုင်ရာသဘောတူညီမှုမရှိလို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာတုံ့ဆိုင်းနေတဲ့အခက်အခဲကိုကြုံတွေ့နေရတာဖြစ်ပါတယ်။ဒီကြုံတွေ့ရတဲ့အခက်အခဲကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက်ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်များအကြားမှာအနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်ဖို့အတွက်ဘုံရည်မှန်းချက်နဲ့ဘုံတန်ဖိုးထားမှုစံနှုန်း တွေညှိနှိုင်းရယူဖို့လိုပါတယ်။ ဟု လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်ကိုယ်စားလှယ်များအား ပြောဆိုခဲ့သည်။

ဘုံသဘောထားများ ရယူရာတွင် NCA အပစ်ရပ် သဘောတူစာချူပ် လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများလည်း ပါဝင်ရန် လိုအပ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ချန်ထား၍ မရသည့်အတွက် အလွတ်သဘော ဆွေးနွေးပွဲများမှ ပါဝင်ခွင့်လာရန်လည်း ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ညီညွတ်မှု တည်ဆောက်ရန် လိုအပ်နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှတဆင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် မတူညီသည့် Stakeholder အကြား ကွာဟမှုများကို အသိအမှတ်ပြု၍ ဘုံသဘောထား ရပ်တည်ချက်များ ခိုင်ခိုင်မာမာ ချမှတ်အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းသွားကြရန် အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ တိုက်တွန်းပြောဆိုခဲ့သည်။

ယနေ့စတင်ကျင်းပသည့် NCA အပစ်ရပ် ထိပ်သီးအစည်းအဝေးသို့ လေ့လာသူများအဖြစ် NCA အပစ်ရပ် လက်မှတ်မရေးထိုးကြရသေးသော မြောက်ပိုင်း အင်အားစုဖြစ်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်များ နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ  (KNPP) အဖွဲ့များကို ဖိတ်ကြားထားသော်လည်း အစည်းအဝေး ပထမဆုံးရက်တွင် တက်ရောက်ခြင်း မတွေ့ရပေ။

လက်ရှိ NCA-s EAO အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ် ဦး ABSDF၊ ပအို့အမျိုး သား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါဝင်ကြသည်။