နယ်စပ် ကျူးကျော်တည်ဆောက်မှု တရုတ်ပြန်ရုတ်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၀ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
တရုတ်-မြန်မာနယ်စပ် ကြူကုတ် (ပန်ဆိုင်း) မြို့ နယ်ခွဲအတွင်း ယမန်နေ့က တည်ဆောက်ခဲ့သော သံတိုင်များ၊ ကွန်ကရစ် တံတိုင်းများကို တရုတ်အာဏာပိုင်များက စက်တင်ဘာ ၂၀ ရက် နံနက်တွင် လာရောက် ဖြုတ်သိမ်းသွားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ သံတိုင်များ၊ ကွန်ကရစ်တံတိုင်းများအား ယမန်နေ့ နံနက်ပိုင်းက တရုတ်အာဏာပိုင်များက မြန် မာနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ပြီး စက်ယန္တယားများ (ဘက်ဖိုး) များဖြင့် လာရောက် တူးဖော်ပြီး ၏တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မည့်သည့်အကြောင်းကြောင့် ယခုကဲ့သို့ လာရောက်ဖြုတ်သိမ်းသွားသည်ကို အတိအကျမသိရသေးဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ဖိုင်ကောင်းကျေးရွာအနီးရှိ (၁၉၉၃) ခုနှစ်က တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီ ချက်ဖြစ်ဖြင့် တည်ဆောက်ထားသည့် နယ်ခြားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖိုင်ကောင်းကျေးရွာတွင် ကချင်နှင့် ရှမ်း တိုင်းရင်းသားများ အများဆုံးနေထိုင်ပြီး အိမ်ခြေ (၆၀) ကျော်ရှိကာ လူဦးရေ ငါးရာကျော်ခန့် နေထိုင် သည်။