၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရေး မွန်ပါတီ ကြိုးပမ်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၂၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်။
မွန်နိုင်ငံရေး ပါတီများ ပူးပေါင်းနိုင်ပြီ ဖြစ်သည့် အတွက် လာမည့်၂၀၂၀ရွေးကောက်ပွဲတွင်“မွန်ပါတီ” အနေဖြင့် မွန်ပြည်နယ်တွင် အနိုင်ရအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပါတီမိတ်ဆက်ပွဲတွင် ပါတီ ခေါင်းဆောင်များက ပြောသည်။
“မွန်ပါတီ” အနေဖြင့်မွန်တိုင်းရင်းသားများ သာမကအခြားတိုင်းရင်းသား များပါမဲထည့်ပေးနိုင်အောင်စည်းရုံးသွားမည် ဟုမွန်ပါတီခေါင်းဆောင်များ ကပြောသည်။
၂၀၁၀နှင့်၂၀၁၅ရွေးကောက်ပွဲတုန်းကမွန်ပါတီများအနေဖြင့်မွန်တိုင်းရင်းသားမဲများကိုသာအားကိုးအားထား ပြီးမွန်တိုင်းရင်းသားများအကြား၌သာ စည်းရုံးခဲ့သော်လည်းလာမည့်၂၀၂၀ရွေးကောက်ပွဲတွင် အခြားတိုင်းရင်းသားမဲများပါရရှိနိုင်အောင် စည်းရုံးသွားမည် ဟု ပြောသည်။
“လာမယ့်၂၀၂၀မှာကျနော်တို့မွန်လူထုမဲနဲ့ မဟုတ်ပဲနဲ့တိုင်းရင်းသားတွေအားလုံးကျနော်တို့ပါတီအပေါ်ယုံ ကြည်သက်ဝင်လာအောင်ဆက်လက်စည်းရုံးရမယ်”ဟုမွန်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နိုင်ကျန် ရစ် ကပြောသည်။ “ညီညွတ်ရေးသည် အဓိကပါ ညီညွတ်ခြင်းသည် အင်အား အင်အားကို ကျနော်တို့ စုစည်း ပြီးတော့ ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ မဲအောင်ရေးကတော့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်လို့ မျှော်လင့် လို့ ပေါင်းစည်းရေးကို မဖြစ်ဖြစ်အောင် ကြိုးစားခဲ့တယ်။”
မွန်ပါတီအပေါ်မွန်တိုင်းရင်းသားများ သာမကအခြားတိုင်းရင်းသားများပါယုံကြည်သက်ဝင်လာအောင်ဖြစ်နိုင် ချေရှိသည့်ကတိကဝတ်များပေးပြီးစည်းရုံးသွားမည်ဟု ၎င်းကဆက်ပြောသည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊မွန်အမျိုးသားပါတီနှင့်မွန်အမျိုးသားကိုယ်စားပြုပါတီ၃ပါတီတို့ ပေါင်း စည်းထားသည်ပါတီကို“မွန်ပါတီ” (Mon Party) ဟုအမည်ပေးထားပြီးပါတီအမည်သစ်ကိုမွန်ပြည်သူတို့အားစက်တင်ဘာ၂၁ရက်နေ့ကတရားဝင် မိတ်ဆက်ပေး ခဲ့သည်။
မွန်ပါတီ၏ ပါတီအခြေခံဥပဒေ စည်းမျဉ်း၊ တရားဝင်မှတ်ပုံတင်ခြင်းနှင့် ပါတီရှေ့ ဆက်လုပ်ငန်းစဉ်များကို ပထမ အကြိမ် ကျင်းပသွားမည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုသွားမည် ဟု ပါတီခေါင်းဆောင် များက ဆက်ပြောသည်။
“ဒီမိုကရေစီစနစ်မှာပါတီတွေဘယ်လောက်ပဲကွဲကွဲပြဿနာမရှိပေမယ့်ကျနော်တို့တိုင်းရင်းသားဘက်မှာက တော့ကျနော်တို့လိုချင်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ့နော်။ မတည်ဆောက်နိုင်ခင် စပ်ကြားမှာကျနော်တို့တခြားသောတိုင်းရင်းတွေနဲ့အတူရင်ဘောင်တန်းနိုင်ဖို့ကကိုယ့်အင်အားစုတွေ စုစုစည်းစည်းရှိပြီးတော့မှအတူ တကွကြိုးပမ်းဖို့လိုတဲ့အတွက်မွန်အင်အားစုအားလုံးစုစည်းဖို့လိုတယ်” ဟုမွန်ပြည်သူတစ်ဦး ဖြစ်သည့်ကိုမင်းအောင်ထူး ကပြောသည်။
မွန်ပြည်နယ်တွင် မွန်အမျိုးသားများ ဖွဲ့စည်းထားသော ပါတီများတွင် အဆိုပါ မွန်နိုင်ငံရေးပါတီ (၃) ပါတီအပြင် မွန်ပြည်နယ်တွင် အမျိုးသမီးပါတီ (မွန်)တို့ ရှိသည်။
“ကျနော်တို့ မွန်နိုင်ငံရေးအင်အားစုတွေ ပေါင်းစည်းနိုင်တဲ့ အတွက် မွန်ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာ တယ်။ ဒါပေမယ့် အင်အားစု အားလုံး စုံသလား ဆိုတာတော့ မဟုတ်သေးဘူးပေါ့လေ။ ဥပမာအားဖြင့် ကျနော် တို့ အမျိုးသမီးပါတီ(မွန်) ပေါ့လေ ကျန်နေသေးတယ်” ဟု မွန်ပြည်သူတစ်ဦးဖြစ်သည့် ကိုမင်းအောင်ထူး က ပြောသည်။
လွန်ခဲ့သည့်၂၀၁၀ရွေးကောက်ပွဲကျင်းပခဲ့စဉ်ကမွန်တိုင်းရင်းသားများကိုကိုယ်စားပြုမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တစ်ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်၃ရပ်အတွက်ကိုယ်စားလှယ်၁၆နေရာထိအနိုင်ရရှိခဲ့သည်။
ထို့အပြင် ၂၀၁၅ရွေးကောက်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊မွန်အမျိုးသားပါတီနှင့်အမျိုးသမီးပါတီ (မွန်)ဆိုပြီးပါတီ၃ပါတီတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက၁နေရာနှင့်မွန် အမျိုးသားပါတီက၃နေရာစုစုပေါင်းမွန်ပါတီကိုယ်စားလှယ်၄နေရာ အနိုင်ရရှိခဲ့သည်။
မွန်ပါတီများလာသည့်အတွက်၂၀၁၅ရွေးကောက်ပွဲတွင်မွန်မဲဆန္ဒရှင်တို့၏မဲများကွဲသွားပြီးမွန်နိုင်ငံရေး ပါတီ များမဲရှုံးခဲ့သည်ဆိုပြီးရဟန်းရှင်လူမွန်ပြည်သူလူထုများကမွန်ပါတီတစ်ပါတီတည်းဖြစ်ရေးကြိုးပမ်းလာခဲ့ ကြ သည်။