တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၀ – ၁ – ၂၀၂၀။

(၇၂) နှစ်ပြည့် ကချင်ပြည်နယ်နေ့အတွက် မြစ်ကြီးနားကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီ၊ လူထုနဲ့ တွေ့ဆုံခဲ့တဲ့အပြင် မနောအကမှာလည်း ပါဝင်ခဲ့ပါတယ်။

လားဟူ လူထုတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့နဲ့ ဖွံ့ဖြိုးရေးကိစ္စတွေ အကောင်အထည်ဖော်နိုင်ရေး NCA အပစ်ရပ်ထိုးထားတဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်မှာတော့ လွိုင်လင်မြို့နယ်အာဏာပိုင်တွေက ပင်လုံကျောက်တိုင်က စာကို နဂိုမူလအတိုင်း ပြန်လည်ထွင်းထုနေပါတယ်။

ZawGyi



