တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၇ – ၁ – ၂၀၂၀။
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲမှု လျော့ကျစေဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကမကထပြုပြီး ပြည်တွင်းပြည်ပရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
NCA အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရတို့ ပြုလုပ်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်ပြင်ဆင်ရေး အစည်းအဝေးကို NCA ရေးထိုးထားခြင်းမရှိသေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ အပစ်ရပ်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့မှာ ကချင်တိုင်းရင်းသားတွေရဲ့ အမှတ်အသားဖြစ်တဲ့ ကချင်အမျိုးသားအလံ လွှင်ထူခြင်းမရှိခဲ့တဲ့အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရတယ်လို့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကချင်ဒေသခံတွေက ပြောပါတယ်။
ZawGyi