တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၃ – ၂ – ၂၀၂၀။

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်(Coronavirus) ရောဂါပိုးကြောင့် ရာနဲ့ချီသေဆုံးခဲ့ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံကိုလည်း ကူးစက်သွားပြီလို့ သိရပါတယ်။ ဒီရောဂါပိုးကြောင့် အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတဲ့ စေတနာ့ဝန်ထမ်း ကချင်ဆရာမလေးနှစ်ဦးရဲ့ အမှုနဲ့ပတ်သက်ပြီး အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ပြီး တရားခံတွေကိုလည်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

ရှမ်းပြည်နယ်ထဲမှာ မြန်မာအစိုးရတပ်မတော်က ဖြတ် ၄ ဖြတ်စီမံကိန်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်တဲ့ ဖြတ် ၄ ဖြတ် ဆိုတဲ့ ရုပ်သံမှတ်တမ်းကို ရှမ်းလူမှုအဖွဲ့အစည်းတွေက ထုတ်ဖော်ပြသလိုက်ပါတယ်။

ZawGyi



