တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၃ – ၃ – ၂၀၂၀။
ပြည်သူတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် လူမှုဘဝနေထိုင်မှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်ဆီးစေမယ့် ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က စီမံကိန်းတွေကို ရှောင်ရှားပေးဖို့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ မှာ ကချင်ပြည်နယ်က ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို မဲပေးပိုင်ခွင့် ရက်ပေါင်း ၉၀ သတ်မှတ်ချက်ကို ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီတွေက လက်မခံဘူးလို့ ပြောဆိုလိုက်ကြပါတယ်။
ရခိုင်ပြည်နယ်ကတိုက်ပွဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်ပေးဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ ဆီကို တင်ပြဖို့ ဆုံးဖြတ်ထားကြပါတယ်။
ZawGyi