တိုင်းရင်းသား ဘာသာသတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၀ – ၄ – ၂၀၂၀။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူညီလှူဒါန်းမှုတွေလျှော့နည်းသွားတဲ့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မိဘမဲ့ကျောင်းနဲ့ မျက်မမြင်ကျောင်းတွေမှာ အစားအသောက်အတွက် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရိုနာ ကပ်ရောဂါကို ကာကွယ်ဖို့အတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လိုအပ်တဲ့ပစ္စည်းတွေကို မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနဲ့ အဖွဲ့တွေက သွားရောက်လှူဒါန်းခဲ့ပါတယ်။
ကယားပြည်နယ်မှာတော့ အိမ်တိုင်ရာရောက် ရေပေးဝေတဲ့လုပ်ငန်း အချိန်ကြန့် ကြာနေတာကြောင့် ဟိုဝမ်အထက်ကျေးရွာက ရွာသူရွာသားတွေ ရေရရှိရေး အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
ZawGyi