ချင်းမိုင်အနီး ဆင်စခန်းများမှ မြန်မာအလုပ်သမားများ အခက်အခဲတွေ့နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့။
COVID-19 ကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီးမှာ ရှိတဲ့ ဆင်စခန်းတွေပိတ်ထားရတဲ့ အတွက် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများ အခက်အခဲများနှင့် ကြုံနေကြရသည်။
ဆင်စခန်းများမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်ရပ်နားခံရမှု၊ လစာငွေ အပြည့်အ၀ မရရှိမှု၊ နှင့်စခန်းအဝင် အထွက်များကိုလည်း သွားလာခွင့် ကန့်သတ်ထားမှုတွေကြောင့် စားသောက် နေထိုင်ရေး အခက်ကြုံနေကြရသည်ဟု ပြောပြကြသည်။
ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် COVID 19 စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု မရှိသလောက် ဖြစ်သွားခဲ့ပြီးနောက် ဆင်စခန်းများကိုလည်း ယာယီပိတ်ထားလိုက်ခဲ့ရသည်။
မယ့်တဲန် (Mae Tang) ဆင်စခန်းမှ ဒေါ်နဲနယ် က “ဒီမှာ ဆင်ထိန်းတောင်မှ တရက် ၁၀၀ ပဲရတယ်၊ အဲ့ဒါ တချို့ မိန်းခလေးတွေဆို အလုပ်မရှိဘူး၊ လုံး၀ အလုပ်မရှိတဲ့လူ မရှိဘူးပေါ့။ နောက် အပြင်ထွက်လို့လည်း မရဘူး၊ ဥက္ကဌတွေလည်း မပေးထွက်ဘူး၊ သူများ ဝင်ရင်လည်း မပေးဝင်ဘူး၊ ထွက်လည်း မပေးထွက်ဘူး အဲ့လိုမျိုး”ဟု ပြောသည်။
ထို ဆင်စခန်းသည် စခန်း ၂ ခု ဆက်ရှိနေလျက်ရှိရာ အမျိုးသားများက ဆင်ထိန်းလုပ်ကြပြီး အမျိုးသမီးများက မီးဖိုချောင်၊ သန့်ရှင်းရေး လုပ်ငန်းများ လုပ်ကိုင်ကြသည်။ စုစုပေါင်း အလုပ်သမား ၂၀၀ ခန့် ရှိသည်ဟုလည်း အလုပ်သမားများက ပြောသည်။
လတ်တလောတွေင် ဝင်ငွေက “ ၁၀၀ ပဲ တကယ်လို့ တအိမ်ထောင်စုမှာ လူ ၅ ယောက်ရှိတယ် သားသမီး ၅ ယောက်ရှိတယ် ထားလိုက်တော့ သူ့ရဲ့ အဖေက ၁၀၀ ပဲ ရမယ် အဲ့တစ်ရက်က၊ မစားလောက်ဘူး ၊ ၁၀၀ ဆိုလို့ရှိရင် ကလေး မုန့်ဖိုးလား ဟင်းဖိုးလား ထမင်းဖိုးလား အဲ့လိုမျိုးပေါ့၊ စားမလောက်ဘူး အဲ့လိုမျိုး၊” ဟု ဆက်ပြောသည်။
ယခင် နိုင်ငံခြားခရီးသွားများ ရှိစဉ်က အလုပ်သမားများမှာ တရက်လျှင် လုပ်အားခ အဖြစ် ဘတ် ၂၀၀ ရရှိပြီး ဧည့်သည်များမှ ဆုကြေးပေးငွေများရှိသဖြင့် လောက်ငှကြသည်ဟု ပြောသည်။
ထို့အတူ ပန်ချန့် ချုပ်ချိုင်း ဆင်စခန်း မှာလည်း အလုပ်ရပ်နားခံရသူတွေ အများအပြားရှိပြီး နေရပ်ပြန်မရ ဖြစ်နေသောကြောင့် စားသောက်နေထိုင်ရေး အခက်ကြုံနေကြရသည်ဟုလည်း ဒေါ်ဝင်းဝင်းမာ က ပြောသည်။
ဆင် အကောင် လေးငါးဆယ် ရှိရတာကို ဆယ်ယောက်ပဲ သူဌေးက ခေါ်တော့တယ်လေ၊ ကျန်တဲ့လူတွေကို သူဌေးက မခေါ်တော့ဘူး၊ မခေါ်တော့ ပြန်မယ်ဆိုလည်း လမ်းကပိတ်၊ စားစရာလည်းမရှိဘူး၊ နေစရာလည်း မရှိဘူး အဲ့လို ဖြစ်နေတယ်ပေါ့နော်၊ ဒါပေမယ့် နေတာကတော့ ဒီမှာရှိတဲ့လူတွေနားမှာသူတို့ ကပ်နေလို့ ရနေသေးတယ်၊ စားတာလည်း ရှိတဲ့သူတွေနဲ့ ကပ်စားကြတယ်ပေါ့၊ အဲ့လိုမျိုး၊ သူတို့ကိုက ထုတ်လိုက်ပြီဆိုတော့ လစာ မပေးတော့ဘူးပေါ့၊ တချို့လည်း လက်မှတ်ရှိကြတယ် တချို့လည်း လက်မှတ် မရှိဘူးပေါ့ အဲ့လိုမျိုး၊
ဤ ပန်ချန့် ချုပ်ချိုင်း ဆင်စခန်း တွင် မြန်မာနိုင်ငံ ကရင်ပြည်နယ် နဲ့ ကယားပြည်နယ်များမှ လာရောက်အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ခန့် အလုပ်လုပ်ကိုင်နေကြသည်။
ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် Covid 19 ဖြစ်ပွားမှု များလာပြီးနောက် ထိုင်းအစိုးရက ကန့်သတ်မှုများ စတင်ခဲ့ချိန်ကစပြီး အလုပ်ရပ်နားခံလိုက်ရသည်မှာ ၂ လခန့် ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
အလုပ်ရပ်နားခံလိုက်ရချိန်တွင် ပဒေါင်ယဉ်ကျေးမှုအဖွဲ့များ၊ အချို့ဆင်ထိန်းသမားများနှင့် အမျိုးသမီးတချို့တို့ နေရပ်ပြန်သွားခဲ့ကြသော်လည်း ကျန်ရှိနေသူများမှာ နေထိုင်ရာ ရပ်ကွက် ကျေးရွာအတွင်း ကန့်သတ်ထားမှုများကြောင့် ရိက္ခာအခက်အခဲဖြစ်နေကြသည်။
ချင်းမိုင် အခြေစိုက် မြန်မာ ကောင်စစ်ဝန်ရုံးကိုတော့ ဆင်သမားများ ကိစ္စ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ကောင်စစ်ဝန်ရုံးက အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။
အခုလောလောဆယ်တော့ သူတို့ကျနော့်ကို ဆက်သွယ်ပြီး တိုင်ကြားလာတာမျိုးတော့ မကြားရသေးဘူးဗျ ၊ ဒါပေမယ့် အခု လောလောဆယ် သွားလာ ကန့်သတ်တာကတော့ ထိုင်းနိုင်ငံထဲ အကုန် ကန့်သတ်ထားတယ်ဆိုတော့လေ ပြန်မရတဲ့ဇတ်လမ်းကတော့ သူတို့ ဒီဖက်က ခွင့်ပြုမှပဲ ပြန်လို့ရမည့် ပုံစံမျိုးပေါ့နော်၊ ကျနော်တို့က အခက်အခဲ ဖြစ်တယ်ဆိုရင်တော့ ဥပဒေ နဲ့အညီ အခွင့်အရေး ရအောင်တော့ ကူညီရမှာပေါ့။ အခု သူတို့ကို အကူအညီတောင်းခံတာမျိုးတွေတော့ ကျနော့်ကို မရှိသေးဘူး၊ ရှိရင်တော့ ကျနော် သွားကူညီမှာပါ။
ချင်းမိုင်မြို့ အနီးတစ်ဝိုက်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို အဓိကထား ပြသနေတဲ့ ဆင်စခန်းများအဖြစ် မယ့်တဲန်၊ မယ့်တမန်၊ မယ့်ကေ့ဒ်၊ ပါမယ်ဒဲ၊ မယ့်ဆာ စသော ဆင်စခန်း ၁၀ ခုကျော် ရှိပြီး အဆိုပါ ဆင်စခန်းများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ နီးပါး အလုပ်လုပ်ကိုင်နေခဲ့ကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်းတွင် တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းတစ်သောင်းကိုးထောင်ကျော် ရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။
ZawGyi
ခ်င္းမိုင္အနီး ဆင္စခန္းမ်ားမွ ျမန္မာအလုပ္သမားမ်ား အခက္အခဲေတြ႔ေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဧၿပီလ ၂၀ ရက္ေန႕။
COVID-19 ေၾကာင့္ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕အနီးမွာ ရွိတဲ့ ဆင္စခန္းေတြပိတ္ထားရတဲ့ အတြက္ အလုပ္လုပ္ေနၾကေသာ ျမန္မာအလုုပ္သမားမ်ား အခက္အခဲမ်ားႏွင့္ ၾကံဳေနၾကရသည္။
ဆင္စခန္းမ်ားမွ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားမ်ားသည္ အလုပ္ရပ္နားခံရမွဳ၊ လစာေငြ အျပည့္အ၀ မရရွိမွဳ၊ ႏွင့္စခန္းအ၀င္ အထြက္မ်ားကိုလည္း သြားလာခြင့္ ကန္႕သတ္ထားမွဳေတြေၾကာင့္ စားေသာက္ ေနထိုင္ေရး အခက္ၾကံဳေနၾကရသည္ဟု ေျပာျပၾကသည္။
ထိုင္းႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ COVID 19 စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံျခားသား ခရီးသြား ဧည့္သည္မ်ား လာေရာက္လည္ပတ္မႈ မရွိသေလာက္ ျဖစ္သြားခဲ့ၿပီးေနာက္ ဆင္စခန္းမ်ားကိုလည္း ယာယီပိတ္ထားလိုက္ခဲ့ရသည္။
မယ့္တဲန္ (Mae Tang) ဆင္စခန္းမွ ေဒၚနဲနယ္ က “ဒီမွာ ဆင္ထိန္းေတာင္မွ တရက္ ၁၀၀ ပဲရတယ္၊ အဲ့ဒါ တခ်ိဳ႕ မိန္းခေလးေတြဆို အလုပ္မရွိဘူး၊ လံုး၀ အလုပ္မရွိတဲ့လူ မရွိဘူးေပါ့။ ေနာက္ အျပင္ထြက္လို႕လည္း မရဘူး၊ ဥကၠဌေတြလည္း မေပးထြက္ဘူး၊ သူမ်ား ၀င္ရင္လည္း မေပး၀င္ဘူး၊ ထြက္လည္း မေပးထြက္ဘူး အဲ့လိုမ်ိဳး”ဟု ေျပာသည္။
ထို ဆင္စခန္းသည္ စခန္း ၂ ခု ဆက္ရွိေနလ်က္ရွိရာ အမ်ဳိးသားမ်ားက ဆင္ထိန္းလုုပ္ၾကၿပီး အမ်ဳိးသမီးမ်ားက မီးဖိုေခ်ာင္၊ သန္႕ရွင္းေရး လုုပ္ငန္းမ်ား လုုပ္ကိုုင္ၾကသည္။ စုစုေပါင္း အလုုပ္သမား ၂၀၀ ခန္႕ ရွိသည္ဟုလည္း အလုုပ္သမားမ်ားက ေျပာသည္။
လတ္တေလာေတြင္ ၀င္ေငြက “ ၁၀၀ ပဲ တကယ္လို႕ တအိမ္ေထာင္စုမွာ လူ ၅ ေယာက္ရွိတယ္ သားသမီး ၅ ေယာက္ရွိတယ္ ထားလိုက္ေတာ့ သူ႕ရဲ႕ အေဖက ၁၀၀ ပဲ ရမယ္ အဲ့တစ္ရက္က၊ မစားေလာက္ဘူး ၊ ၁၀၀ ဆိုလို႕ရွိရင္ ကေလး မုန္႕ဖိုးလား ဟင္းဖိုးလား ထမင္းဖိုးလား အဲ့လိုမ်ိဳးေပါ့၊ စားမေလာက္ဘူး အဲ့လိုမ်ိဳး၊” ဟု ဆက္ေျပာသည္။
ယခင္ ႏိုုင္ငံျခားခရီးသြားမ်ား ရွိစဥ္က အလုုပ္သမားမ်ားမွာ တရက္လွ်င္ လုုပ္အားခ အျဖစ္ ဘတ္ ၂၀၀ ရရွိၿပီး ဧည့္သည္မ်ားမွ ဆုေၾကးေပးေငြမ်ားရွိသျဖင့္ ေလာက္ငွၾကသည္ဟုု ေျပာသည္။
ထို႕အတူ ပန္ခ်န္႕ ခ်ဳပ္ခ်ိဳင္း ဆင္စခန္း မွာလည္း အလုပ္ရပ္နားခံရသူေတြ အမ်ားအျပားရွိၿပီး ေနရပ္ျပန္မရ ျဖစ္ေနေသာေၾကာင့္ စားေသာက္ေနထိုင္ေရး အခက္ၾကံဳေနၾကရသည္ဟုုလည္း ေဒၚ၀င္း၀င္းမာ က ေျပာသည္။
ဆင္ အေကာင္ ေလးငါးဆယ္ ရွိရတာကို ဆယ္ေယာက္ပဲ သူေဌးက ေခၚေတာ့တယ္ေလ၊ က်န္တဲ့လူေတြကို သူေဌးက မေခၚေတာ့ဘူး၊ မေခၚေတာ့ ျပန္မယ္ဆိုလည္း လမ္းကပိတ္၊ စားစရာလည္းမရွိဘူး၊ ေနစရာလည္း မရွိဘူး အဲ့လို ျဖစ္ေနတယ္ေပါ့ေနာ္၊ ဒါေပမယ့္ ေနတာကေတာ့ ဒီမွာရွိတဲ့လူေတြနားမွာသူတို႕ ကပ္ေနလို႕ ရေနေသးတယ္၊ စားတာလည္း ရွိတဲ့သူေတြနဲ႕ ကပ္စားၾကတယ္ေပါ့၊ အဲ့လိုမ်ိဳး၊ သူတို႕ကိုက ထုတ္လိုက္ၿပီဆိုေတာ့ လစာ မေပးေတာ့ဘူးေပါ့၊ တခ်ိဳ႕လည္း လက္မွတ္ရွိၾကတယ္ တခ်ိဳ႕လည္း လက္မွတ္ မရွိဘူးေပါ့ အဲ့လိုမ်ိဳး၊
ဤ ပန္ခ်န္႕ ခ်ဳပ္ခ်ိဳင္း ဆင္စခန္း တြင္ ျမန္မာႏိုင္ငံ ကရင္ျပည္နယ္ နဲ႕ ကယားျပည္နယ္မ်ားမွ လာေရာက္အလုပ္လုပ္ကိုင္ေနၾကေသာ ေရႊ႕ေျပာင္းအလုပ္သမား ၁၀၀ ခန္႕ အလုပ္လုပ္ကိုင္ေနၾကသည္။
ထိုင္းႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ Covid 19 ျဖစ္ပြားမွဳ မ်ားလာၿပီးေနာက္ ထိုင္းအစိုးရက ကန္႕သတ္မွဳမ်ား စတင္ခဲ့ခ်ိန္ကစၿပီး အလုပ္ရပ္နားခံလိုက္ရသည္မွာ ၂ လခန္႕ ရွိသြားၿပီျဖစ္ေၾကာင္း အလုုပ္သမားမ်ားက ေျပာသည္။
အလုပ္ရပ္နားခံလိုက္ရခ်ိန္တြင္ ပေဒါင္ယဥ္ေက်းမွဳအဖြဲ႕မ်ား၊ အခ်ိဳ႕ဆင္ထိန္းသမားမ်ားႏွင့္ အမ်ိဳးသမီးတခ်ိဳ႔တိုု႔ ေနရပ္ျပန္သြားခဲ့ၾကေသာ္လည္း က်န္ရွိေနသူမ်ားမွာ ေနထိုင္ရာ ရပ္ကြက္ ေက်းရြာအတြင္း ကန္႕သတ္ထားမွဳမ်ားေၾကာင့္ ရိကၡာအခက္အခဲျဖစ္ေနၾကသည္။
ခ်င္းမိုုင္ အေျခစိုက္ ျမန္မာ ေကာင္စစ္၀န္ရံုုးကိုေတာ့ ဆင္သမားမ်ား ကိစၥ အေၾကာင္းၾကားလာျခင္း မရွိေသးေၾကာင္း ေကာင္စစ္၀န္ရံုးက အလုပ္သမားသံအရာရွိ ဦးေဇာ္မင္းေထြးက ေျပာသည္။
အခုေလာေလာဆယ္ေတာ့ သူတို႕က်ေနာ့္ကို ဆက္သြယ္ၿပီး တိုင္ၾကားလာတာမ်ိဳးေတာ့ မၾကားရေသးဘူးဗ် ၊ ဒါေပမယ့္ အခု ေလာေလာဆယ္ သြားလာ ကန္႕သတ္တာကေတာ့ ထိုင္းႏိုင္ငံထဲ အကုန္ ကန္႕သတ္ထားတယ္ဆိုေတာ့ေလ ျပန္မရတဲ့ဇတ္လမ္းကေတာ့ သူတို႕ ဒီဖက္က ခြင့္ျပဳမွပဲ ျပန္လို႕ရမည့္ ပံုစံမ်ိဳးေပါ့ေနာ္၊ က်ေနာ္တို႕က အခက္အခဲ ျဖစ္တယ္ဆိုရင္ေတာ့ ဥပေဒ နဲ႕အညီ အခြင့္အေရး ရေအာင္ေတာ့ ကူညီရမွာေပါ့။ အခု သူတို႕ကို အကူအညီေတာင္းခံတာမ်ိဳးေတြေတာ့ က်ေနာ့္ကို မရွိေသးဘူး၊ ရွိရင္ေတာ့ က်ေနာ္ သြားကူညီမွာပါ။
ခ်င္းမိုင္ၿမိဳ႕ အနီးတစ္ဝိုက္တြင္ ႏိုင္ငံျခားသား ခရီးသြားဧည့္သည္မ်ားကို အဓိကထား ျပသေနတဲ့ ဆင္စခန္းမ်ားအျဖစ္ မယ့္တဲန္၊ မယ့္တမန္၊ မယ့္ေက့ဒ္၊ ပါမယ္ဒဲ၊ မယ့္ဆာ စေသာ ဆင္စခန္း ၁၀ ခုေက်ာ္ ရွိၿပီး အဆိုပါ ဆင္စခန္းမ်ားတြင္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၀၀၀ နီးပါး အလုုပ္လုုပ္ကိုုင္ေနခဲ့ၾကသည္။
ထိုင္းႏိုင္ငံ ခ်င္းမိုင္ခ႐ိုင္အတြင္းတြင္ တရား၀င္ မွတ္ပံုတင္ထားသည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား တစ္သိန္းတစ္ေသာင္းကိုးေထာင္ေက်ာ္ ရွိေၾကာင္း အလုပ္သမားအေရး ကူညီေဆာင္ရြက္ေနသည့္ အဖြဲ႕အစည္းမ်ားက ေျပာသည္။