တိုင်းရင်းသား ဘာသာသတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၇ – ၄ – ၂၀၂၀။

တရုတ်- မြန်မာနယ်စပ်ဂိတ် လွယ်ဂျယ်ကနေတဆင့် မြန်မာနိုင်ငံကို ပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်သောင်းကျော်ကို သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးကို ပို့ဆောင်ပြီး quarantine ထားကာ စောင့် ကြည့်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာနားက ကားလမ်းမမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၈ ယောက်သေပြီး ၁၃ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့မှာ ညမထွက်ရအမိန့်အပါအဝင် Covid-19 ရောဂါ အရေးပေါ်ကာလမှာ အများပြည်သူလိုက်နာရမယ့် စည်းကမ်းချက် ၄ ရပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ZawGyi



