တိုင်းရင်းသား ဘာသာသတင်း အစီအစဉ် ( မြန်မာဘာသာ) ၁၁ – ၅ – ၂၀၂၀။

ကယားပြည်နယ်မှာတော့ အမြောက်တပ် (၃၆၀)ကနေ သိမ်းဆည်းထားတဲ့ မြေယာထဲက တောင်သူတချို့ကိုသာရွေးပြီး ပြန်ပေးတဲ့အတွက် တောင်သူတွေက လက်မခံခဲ့ဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့နယ်ထဲက နောင်ဖိုင်-ကောင်းနောင် နယ်စပ်ဂိတ်ပေါက်ကိုပါ တရုတ်အာဏာပိုင်တွေက ပိတ်လိုက်တဲ့အတွက် ပြောင်းဖူးစိုက်တောင်သူတွေ တရုတ်ပြည်ဘက် သွားရောက်ရောင်းချနိုင်ခြင်းမရှိဘဲ အခက်အခဲကြုံတွေ့နေကြရပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်အများအပြားဟာ ရခိုင်ပြည်နယ်က စစ်တွေနဲ့ ကျောက်တော်မြို့တွေကို ခိုလှုံရောက်ရှိလာပါတယ်။

ZawGyi



