(ဦးအောင်မိုးမြင့် နာရေး သတင်း)
အထူးဝမ်းနည်းကြေကွဲခြင်း

၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့၊

မိမိတို့ သတင်းနှင့် မီဒီယာ ကွန်ရက်မှ ဗဟို အလုပ်အမှုဆောင် အရာရှိ ဖြစ်သူ ဦးအောင်မိုးမြင့် (အသက် ၄၉ နှစ်) သည် ယနေ့ ၂၀၂၀ ခုနှစ် မေလ ၁၆ ရက် စနေနေ့တွင် အသည်း ကင်ဆာ ရောဂါဖြင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါသည်။

ဦးအောင်မိုးမြင့်သည် သတင်းနှင့်မီဒီယာ ကွန်ရက် စတင်စ အချိန်လောက်မှ စတင်၍ သတင်းနှင့် မီဒီယာ ကွန်ရက်တွင် တာဝန်အမျိုးမျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ နီးပါးဖြစ်ပါသည်။

ဦးအောင်မိုးမြင့်ကွယ်လွန်ခြင်းသည် သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) အတွက် ကြီးစွာသော ဆုံးရံှုးမှှု ဖြစ်ကြောင်း NMG မှ ကဗျည်းမှတ်တမ်း တင်အပ်ပါသည်။

ဦးအောင်မိုးမြင့်သည် သတင်းနှင့် မီဒီယာကွန်ရက်တွင်သာမက နိုင်ငံတကာ မြန်မာ့သတင်း (BNI) တွင်လည်း စီးပွားရေးနှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး Radio Free Asia (RFA) တွင်လည်း သတင်းထောက် အလုပ် လုပ်ကိုင်လျက် ရှိပါသည်။

ဦးအောင်မိုးမြင့်သည် ၈၈၈၈ ရှစ်လေးလုံး လူထု လှုပ်ရှားမှုကြီး အပြီးတွင် စစ်အာဏာရှင် စနစ်ကို လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ယုံကြည်ချက်ဖြင့် တောင်ငူဒေသမှ တောခိုခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။

ဦးအောင်မိုးမြင့်သည် မကဒတ (ABSDF) ၂၁၀ တပ်ရင်းတွင် လည်းကောင်း ဆက်သွယ်ရေး တပ်ဆွယ်တွင်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် Network for Democracy and Development (NDD) တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါသည်။

ဦးအောင်မိုးမြင့်၏ ကျန်ရှိသော ရုပ်ကလာပ်ကို ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ထားရှိပြီး မေလ ၁၉ ရက် အင်္ဂါနေ့ နေ့လည် ၁၂ နာရီတွင် ဝပ်ဆိုင်းမွန်းမှ မီးသင်္ဂြိုလ်ရာ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင် မီးသင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရပါသည်။

ဦးအောင်မိုးမြင့် ကောင်းရာ သုဂတိ ရောက်ပါစေ..