COVID- 19 ကာလ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများဖက်မှ ရပ်တည်ပေးရန် တောင်းဆို။
COVID- 19 ကာလအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှုတ်ဆိတ်မနေပဲ ကိုင် တွယ် ဖြေရှင်းပေးရန်နှင့် မဖြစ်ခင်ကြိုတင်ကာကွယ်မှုမျိုးတွေ လုပ်ဆောင်ပေးရန် လူ့အခွင့်အရေးအဖွဲ့ ၂၂ ဖွဲ့က ပူးတွဲထုတ်ပြန်ချက်ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို မေလ ၁၇ ရက်နေ့ ကတိုက် တွန်းတောင်း ဆိုလိုက်ပါတယ်။
လူ့အခွင့်အရေး အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဘာတွေ တိုက်တွန်းတောင်းဆိုထားပါသလဲ၊လက်ရှိ COVID- 19 ကာလမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေကကော ဘယ်လိုရှိနေပါသလဲ စတဲ့အကြောင်းအရာတွေကို ထုတ်ပြန်ချက်ထုတ်ရာတွင် ပါဝင်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို သတင်းနှင့် မီဒီယာက ဆက်သွယ် မေးမြန်းထားပါတယ်။