စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး တိုးချဲ့တပ်စခန်းနေရာများ ဆုတ်ခွာပေးရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

စစ်ဘေးရှောင်များ မူလနေရာသို့ ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများမှ မြေမြုပ်မိုင်းများ ရှင်းလင်းပေးရန်နှင့် ယခင်ကမရှိခဲ့သော စစ်တပ် စခန်းနေရာများကို ဆုတ်ခွာပေးရန် ကချင် အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) က တောင်းဆိုလိုက်သည်။

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြား တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့ သည့် စစ်ပွဲကြောင့် ကချင်ပြည်သူများ စစ်ဘေးရှောင်လာခဲ့သည့် ၉ နှစ်ပြည့်သည့် ဇွန့်လ ၉ ရက်နေ့တွင် ကချင် အတိုင်ပင်ခံအဖွဲ့ (WMR) က တောင်းဆို လိုက်ခြင်းဖြစ်သည်။

နှစ်ဖက်တပ်စခန်းများ ရှိနေသည့်အတွက် စစ် ဘေးရှောင်များ မူလနေရပ်ရင်း ပြန်မည်ဆိုပါက စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှု ရှိစေရန်နှင့် အာမခံချက် တစ်စုံ တစ်ရာ ရရှိရန် ကျေးရွာထဲနှင့် ကျေးရွာများ အနီးတစ်ဝိုက်မှ တပ်စခန်းများကို ဆုတ်ခွာပေးရန်လိုသည်ဟု ကချင်ဒေသ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) နာယကလည်း ဖြစ် သည့် သိက္ခာတော်ရဆရာ ဒေါက်တာ ခါလမ်ဆမ်ဆွမ် က ဆက် ပြော သည်။

“ဒီတပ်စခန်းဆုတ်ပေးဖို့ဆိုတဲ့ နေရာမှာလဲ ဟို KIA တပ်စခန်းလည်းပါတယ်။ ဒီမြန်မာ့ တပ်မ တော် တပ်စ ခန်းလည်းပါ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုနေရာတွေမှာ ဒီတပ်စခန်းရှိခြင်း အားဖြင့် စစ်ကြောင့်၊ တိုက်ပွဲတွေကြောင့် ရှောင်ခဲ့ရတဲ့ ဒီပြည်သူများရဲ့စိတ်ထဲမှာ စစ်တပ်ရှိရင် တိုက်ပွဲဖြစ် လာမယ်။ ဒါက တော့ သူတို့ automatically သူတို့ အသိညာဏ်ထဲမှာ သူတို့ ရှိနေတော့ ရှင်းရှင်းပြောရ ရင်တော့ လွတ်လွတ် လပ်လပ်နေချင်တယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။”

တိုက်ပွဲဖြစ်ပွားပြီးနောက် နောက်ထပ် ထပ်တိုးလာသည့် တပ်စခန်းများကို ဆိုလိုသည်ဟု ပြောသည်။

စစ်ဘေးရှောင်များ မူလနေရပ်ရင်း ပြန်နိုင်ရန်အတွက် မြေမြုပ်မိုင်းများနှင့် ပတ်သက်၍ လုံခြုံစိတ်ချမှု မရှိ သည့် အခြေအနေတွင် ရှိနေသည့်အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများမှ ရှင်းလင်းပေးရန် လိုသည်ဟု ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ဆိုသည်။

“အနီရောင်ဆိုတဲ့နေရာမှာတော့ ပြန်လို့မရသေးဘူး။ ဒါလုံး၀ စိတ်မချသေးဘူး ရွာမှာတော့ ပြန် လို့ရမယ်။ ဒါပေမယ့် နေ့စဉ် ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့ အချိန်မှာ လယ်ယာသွားရတာတို့ တောင် ယာသွား ရတာတို့ ထင်းရှာ ငါးရှာပေါ့နော်။ အဲဒါမျိုးသွားတဲ့ အချိန်မှာ စိတ်ချမှု မရှိဘူး” ဟု ဒေါက်တာ ခါလမ်ဆမ် ဆွမ်က ပြောသည်။

နမ္မတီး KBC စစ်ရှောင်စခန်းက ဒေါ်ဘောက်မိုင်က “ကျမတို့ ကဆုန့်ရွာဆိုရင် ပြီးခဲ့တဲ့လက ရွာပြန်သွားတဲ့ လူတစ်ယောက် မိုင်းနင်းမိတာရှိတယ်။ ခြေထောက်ထိသွားတာပေါ့။ အခုထိ မပျောက်သေးဘူး။ ဆေးခန်း လည်း မြစ်ကြီးနားမှာ သွားပြနေရတယ်။ ဒီတစ်ရက် နှစ်ရက်ဆိုလည်း ပြန်သွားပြရမယ်။ မိုင်းတွေက ရွာထဲ မှာလည်းရှိတယ်။ ကျမတို့ရဲ့ စိုက်ပျိုးခြံတွေ၊ တောင်ယာတွေမှာလည်း ရှိနေတယ်။ နွားတွေ ကျွဲတွေလည်း မိုင်းနင်းမိပြီး သေကုန်တာတွေ အများကြီးပဲ။ အဲ့ကြောင့် ကြောက်တယ်” ဟု ပြောသည်။

ဇွန်လ ၉ ရက်နေ့ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့က စစ်ဘေးရှောင် ၉ နှစ်ပြည့် သဘောထား ထုတ် ပြန် ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်ထဲတွင် စစ်ဘေးရှောင် ( IDPs ) များ ၎င်းတို့၏ နေရပ်သို့ ဂုဏ်သိဏ္ခာရှိရှိဖြင့် လုံခြုံစွာ ပြန်လည်နေထိုင်ရန်၊ မူလနေရပ်ဒေသသို့ ပြန်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း များက မြေမြုပ်မိုင်းများ ရှင်းလင်းပေးခြင်း၊ ယခင်က မရှိခဲ့သော စစ်တပ်စခန်းများကို ဆုတ်ခွာ ပေးခြင်း နိုင်ငံ တကာ အကူအညီများကို အဟန့်အတားမရှိ ကူညီခွင့်ပြုရန် တောင်းဆိုထားသည်။

၂၀၁၁ ခုနှစ်ကစပြီး တာလောကြီးကျေးရွာမှ စစ်ဘေးတိန်းရှောင်လာသည့် ဂျန်မိုင်ကောင်း စိန့်ပေါလ် RC စစ်ရှောင် စခန်းက ဒေါ်ဂါးခေါန်ရာ က “ကျမတို့က နိုင်ငံလည်း သိပ်အဆင်မပြေသေးဘူးပြောတာ ကြား တယ်။ ပြန်ချင် တာပေါ့နော်။ ဒီစစ်ဘေးရှောင်မှာနေရတာ လွတ် လပ်မှုလည်းမရှိဘူး။ ကြာလာတော့ စိတ် လည်း မပျော်တော့ဘူး။ ကျမတို့က အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးယူစေချင်တာ။ ခဏတဖြုတ် ငြိမ်းချမ်း ရေးယူတာမျိုး မဟုတ်ဘူး” ဟု ပြောသည်။

ဂျန်မိုင်ကောင်း စိန့်ပေါလ် RC စစ်ရှောင်စခန်း တာဝန်ခံ ဒေါ်ရွယ်ဂျာ က မြစ်ကြီးနား-ဗန်းမော် လမ်းတ လျှောက်ရှိ ကျေးရွာများထဲတွင် မြှေုပ်မိုင်းများရှိနေသလို အချို့သော ကျေးရွာများထဲတွင် လက်နက်ကိုင် တပ်များ ရှိနေခြင်းကလည်း စစ်ဘေးရှောင်များအတွက် နေရပ်ပြန်ရေး လုံခြုံမှုမရှိဘူးဟု ဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့်လည်း ဆက်နွယ်နေသော ကြောင့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား Bilateral ရေးထိုးပြီး နိုင်ငံရေး ဆက်လက်ဆွေးနွေးရန်လည်း တောင်းဆိုထားသည်။

အခြားတစ်ဖက်တွင်လည်း အသက်ဘေးအန္တရာယ်လုံခြုံရေးအရ မူလနေရပ် ဒေသကို ပြန်လည် နေထိုင်ရန် ဆန္ဒမရှိသော စစ်ဘေးရှောင်များကို ၎င်းတို့နေထိုင်လိုသည့် မြေလွတ် မြေရိုင်း နေရာများတွင် နေထိုင်ခွင့် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် လိုသည်ဟု ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ပြောသည်။

“ဖားကန့်၊ နမ်ဂျန်ဘက်က (IDPs)တွေကသူတို့ရွာကိုမပြန်ချင်ကြတော့ဘူး။ မပြန်ချင်ဘူးဆိုတာက ဟိုမှာ လည်း စစ်တပ်က အခိုင်အမာပြန်ရှိတော့ သူတို့ပြန်ဖို့ကလည်း စိုးရိမ်မှုတွေရှိနေတော့ အခုသူတို့တွက်လည်း ဒီ ဖားကန့်၊ ဆိုင်းရာဘက်မှာနေရာတစ်ခုတောင်းထားတယ်။ အဲဒါမျိုးတွေပေါ့နော်” ဟု သိက္ခာတော်ရ ဆရာ ဒေါက်တာ ခါလမ်ဆမ်ဆွမ် ကပြောသည်။

အဆိုပါမြေလွတ်မြေရိုင်းဆိုသည့် မြေနေရာများကို ရရှိရန် စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်ပေးနေ သည့် အဖွဲ့များက သက်ဆိုင်ရာ ဒေသခံများနှင့် ညှိနှိုင်း လုပ်ဆောင်ပေးလျက်ရှိပြီး မြေယာများကို တရား ဝင်ပိုင်ဆိုင်မှု ရရှိအောင် အစိုးရဖက်မှ ဆက်လက်လုပ်ဆောင်ပေးရန် လိုသည်ဟု ဆက်ပြောသည်။

“အခုအစိုးရကလည်း ဒီ ရှိတဲ့မြေတွေကို သူတို့ရဲ့ အစိုးရ အမိန့်နဲ့ တောင်းဆိုမှုတွေ မလုပ်ချင်ဘူး ဆိုတော့ ကျနော်တို့ KHCC တို့ KBC တို့ KMSS တို့ ကြား ခံအဖွဲ့တွေက ကျေးရွာနဲ့ ညှိရတယ် ဥပမာ ကျနော်တို့ဆို အခု ပူတာအို ဇီတန်းရွာနားက အဲဒီအုပ်စုတွေနဲ့ ဒီနေရာ ရရှိဖို့အတွက် ကျနော်တို့ ညှိနှိုင်းရတယ်။ ညှိနှိုင်း တော့ ကျနော်တို့လည်း ကျေးရွာကို ရပ်ကွက်ကို ရန်ပုံငွေတွေ ထည့်ပေးရတာပေါ့။ အဲဒါမျိုးတွေ ပေါ့နော်။ မြေလွတ် မြေရိုင်းသာ ပြောတာ အကုန်လုံး ပိုင်ရှင်ရှိတာပဲ ဆိုတော့ အဲဒီလို ရရှိလာတဲ့ မြေကို ကျနော်တို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးဖက်ကတော့ ဒီအိမ်ထောင် တွေအတွက် တရား ဝင်ပိုင်ဆိုင်မှုရှိအောင် ဆက် လက်လုပ်ဆောင်ဖို့ သူတို့တာဝန်ဖြစ်တယ်။”

၂၀၁၁ ခုနှစ်က ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်သူများမှာ စစ်ဘေးရှောင်အဖြစ် စစ်ရှောင်စခန်းများတွင် နေထိုင်နေရသည်မှာ ယနေ့အချိန်အ ထိဖြစ်သည်။

၉ နှစ်တာ ကာလအတွင်း စစ်ရှောင်များအနေဖြင့် ၎င်းတို့၏ စားဝတ်နေရေး အခက်အခဲများ၊ လူမှုဒုက္ခပြဿ နာများ၊ ပညာရေး ကျန်းမာရေး အခက်အခဲများ နေ့စဉ်ရင်ဆိုင် နေရကြရသည်ဟု ဆိုသည်။

ထို့အပြင် ၎င်းတို့၏ မူလပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေ၊ အိမ်ခြံမြေများ ဆုံးရှုံးနစ်နာမှုများကြောင့် အနာဂတ် နေထိုင် စားသောက်ရေးအတွက် စိုးရိမ်ပူပန်နေရသည်ဟု စစ်ဘေးရှောင်များ က ပြောသည်။