မိုးယိုသဖြင့် စစ်ရှောင်များ အခက်တွေ့
“အိမ်က အပြင်ကနေ ကြည့်လိုက်ရင်က ကောင်း သလိုလို ပျော်သလိုလို၊ တကယ်တော့ အိမ်က မိုးအရမ်းယိုတယ်။ ညမှာမိုးရွာရင် မအိပ်ရတော့ဘူး။ မိုးယိုတာကို ထိုင်ကြည့်နေရတယ်။” ဟု ဇွပ်မိုင်ယန် ကျေးရွာမှ ပြောင်းရွှေ့လာသူ စစ်ရှောင် ဒေါ်နူးပန် က ပြောသည်။ “တစ်အိမ်နဲ့တစ်အိမ်ကြားမှာလည်း မိုးက အိုင်လိုလိုပဲ။ ကလေးတွေ့လည်း အဲ့မှာဆော့။ အဲ့အချိန်ဆို ကလေးပဲ ထိန်းရမလိုလို၊ ရေမအိုင် အောင်ပဲ လုပ်ရမလိုလို၊ အိမ်ခေါင်မိုးလည်း မြန် မြန်လေးပြင်ပေးစေချင်တယ်။ အိမ် လည်း တစ်အိမ်နဲ့တစ်အိမ် ကြား ရေအိုင်တဲ့နေရာမှာ ကျောက်ခဲ သဲ အဲ့လို မျိုးခင်းပေးရင် ကောင်းမလားလို့ထင်တာ”