ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၉)

၂၀၁၀ ကစလို့ ရွေးကောက်ပွဲတွေ ကျင်းပလာခဲ့ပြီး အရပ်သားတစ်ပိုင်းအစိုးရကို စတင်ခဲ့တာပါ။၂၀၁၀ ရွေးကောက်ပွဲထက်စာရင် ၂၀၁၅ ရွေးကောက်ပွဲကို ပြည်သူတွေက ပိုပြီး မျော်လင့်ချက်တွေ ထား ခဲ့ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ တိုင်းပြည်ကို ဒီမိုကရေစီဖွံ့ဖြိုးမှု၊ ဖက်ဒရယ် ပြည်ထောင် စု တည်ဆောက်နိုင်ရေးအတွက် သိသာထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်စဉ်ဖြစ်လာဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာဘူးလို့လည်း ဆိုကြပါတယ်။ ၂၀၁၀ မှာရော ၂၀၁၅ မှာပါ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍက အတော်လေးကို အား နည်းခဲ့တယ်လို့လည်း ပြောကြပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့ စိန်ခေါ်မှုတွေကလည်း သူ့ဒေသနဲ့သူ အမျိုးမျိုး ရှိခဲ့တာပါ။ နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိသေးတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်ထဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် တိုင်းရင်းသားပါတွေရဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ လက်ရှိမှာ ဘာတွေပြင်ဆင်နေကြပါသလဲ စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

Zawgyi…



