ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၇၃)
ကချင်ပြည်သူ တစ်သိန်းကျော် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေကို ရောက်နေတာ ၉ နှစ်ပြည်ပါပြီ။ ၉ နှစ်တာ ကာလအတွင်း စစ်ရှောင်တွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှု၊ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အနာဂတ်အရေး ဘယ်လိုဖြေရှင်းနေကြပါသလဲ။ စစ်ရှောင်တွေနေရပ်ပြန်ရေးအတွက်ရော အခြေအနေက ဘယ်လိုရှိနေပါသလဲ။ ဒီစစ်ရှောင်အရေးဟာ နှစ် ၇၀ ကျော်အကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ နောက် ဆက်တွဲပြဿနာပါ။ ဒီနေရာမှာ သေချာတာ တစ်ခုကတော့ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင် ဘူးဆိုရင်တော့ တိုက်ပွဲတွေနဲ့ အတူ လူထုတွေလည်း စစ်ရှောင်နေရအုံးမှာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေ ကို စုစည်းတင်ဆက်ထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈:၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂:၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
Zawgyi…