တပ်မတော် တပ်ဖွဲ့များ ရုတ်သိမ်းရန် ကရင်ဒေသခံများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းရှိ တပ်မတော် တပ်စခန်များ အားလုံးကို ရုတ်သိမ်း ထွက် ခွာပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၁၆ ရက်နေ့က နော်မူနော် အသတ်ခံရသည့် ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်ရန်နှင့် ဘဝလုံခြုံစွာ နေ ထိုင်နိုင်ရန်အတွက် ဒေသအတွင်းမှ တပ်မတော် တပ်စခန်း ၄ ခုကို ရုတ်သိမ်း ထွက်ခွာပေးရန် ဇူလိုင်လ ၂၂ ရက်နေ့ က ဒေသခံများက ဆန္ဒထုတ်ဖော်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နော်မူနော် အသတ်ခံရသည့် ပိုလိုးထာ ကျေးရွာမှ အမည်မဖော်လိုသူ ရွာသားတစ်ဦးက “တောင်းဆိုတာ က စစ်စခန်း ၄ ခု ပြန်ရုတ်သိမ်းပေးဖို့ဖြစ်တယ်။ တပ်စခန်း ၄ ခုကို ဒေသအတွင်းကနေ ထွက်သွားဖို့ တောင်း ဆိုတယ်” ဟု ပြောသည်။

အဆိုပါတပ်စခန်းများမှာ စကခ (၈) လက်အောက်ခံ တပ်စခန်းများဖြစ်ပြီး တပ်စခန်းများ ရှိခြင်းကြောင့် ဒေ သခံများ အနေဖြင့် လုံခြုံစိတ်ချစွာ သွားလာလုပ်ကိုင် စားသောက်ရန် မလွယ်ကူခြင်း၊ ကြောက်ရွံ့မှု၊ စိုးရိမ်မှု များဖြင့် နေထိုင်နေရသည်ဟု ဆိုသည်။

ထိုကြောင့် တပ်စခန်များဖြစ်သည့် ကေကိုတပ်စခန်း၊ မယ်ဝေတပ် စခန်း၊ ခူသူထာ တပ်စခန်းနှင့် ဝေါ်မူတပ် စခန်း များကို ဒေသအတွင်းမှ ရုတ်သိမ်း ထွက်ခွာပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု အဆိုပါ အမည် မ ဖော်လိုသူ ဒေသခံက ဆက်ပြောသည်။

“တခြားတောင်းဆိုချက်ကတော့ ဒေသခံတွေက နေထိုင်သွားလာ လှုပ်ရှားတဲ့အခါမှာ လုံခြုံမှု မရှိဘူးဆိုတဲ့ ခံစားချက်ကို ခံစားနေရတယ်။ ဝါသိုးခိုပဲဖြစ်ဖြစ် ဝါသိုးထာပဲဖြစ်ဖြစ် ပိုးလိုထာပဲဖြစ်ဖြစ် အဲဒီမှာ ပြည်သူတွေ က ထိခိုက်ခံစားနေရတာကများပြီ ဆိုတော့ အဲဒါတွေကနေ လွတ်မြောက်ဖို့အတွက် တပ်စခန်း ၄ ခုကို ပြန် ရုတ်ဖို့ ထွက်သွားဖို့ဖြစ်တယ်။”

ပိုးလိုးထာကျေးရွာအပါအဝင် ဝါသိုးခို၊ ဝါးသိုးထာ၊ ကူးဆိပ်၊ မယ်ဝေ စသည့် ကျေးရွာများမှ ဒေသခံများမှာ ၂၀၂၀ ခုနှစ်အတွင်း အဆိုပါ တပ်စခန်းများရှိ တပ်မတော်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်ဆိုသလို ခံနေရသည်ဟု ဆိုသည်။

တပ်မတော်မှ ရွာသာ ၅ ဦးကို ၂၀၂၀ ခုနှစ်အတွင်း ပစ်သတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။ ဝါသိုးခိုရွာသားတစ်ဦး၊ ကူးဆိပ်ရွာသားတစ်ဦး၊ ဝါသိုးထာ ရွာသားတစ်ဦး၊ မယ်ဝေရွာ လမ်းမ ပေါ်တွင် ကရင်သစ်တော အမှုထမ်းတစ်ဦး နှင့် ပိုးလိုးထာ ကျေးရွာသူ နော်မူနော်တို့ ဖြစ်ကြသည်။

ထို့အပြင် နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခအတွင်း တပ်မတော်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ် ခတ်ခြင်းနှင့် ရွာသူရွာသားများအား ခြိမ်းခြောက်မှုများရှိသည်ဟု ပိုလိုးထာ ကျေးရွာမှာ အမည်မဖော်လိုသူ ရွာသားက ပြောသည်။

အဆိုပါဖြစ်စဉ်များကြောင့် လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းကို ထိခိုက်သွားမည်ကို စိုးရိမ်သည် ဟု ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့မှ စောစိပတြော် က ပြောသည်။

“ကျနော်တို့ NCA ထိုးတဲ့ KNU ဒေသဖြစ်တယ်ဆိုတော့ ဒါကကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကျနော်တို့ ရှေ့ဆက်သွားဖို့ ပြည်သူတွေလည်း စိုးရိမ်တာပေါ့။ ကျနော်တို့ ဒီဖက်အခြမ်းက ပြည်သူတွေရော ကျနော်တို့ အကုန်လုံး ဟိုဖက်ဒေသမှာ ဖြစ်တော့ ခံရသလိုပဲလေ ကျနော်တို့ ခံရသလိုပဲလေ ဘာဖြစ်လို့လဲဆိုတော့ KNU အဖွဲ့အစည်းရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ကျနော်တို့က အကုန်လုံးက အတူတကွ ဆိုတော့ ပြီးတော့ လည်း NCA လက်မှတ်ထိုးတဲ့ အဖွဲ့ရဲ့ ဒေသထဲမှာ သွားဖြစ်တယ် ဆိုတော့ ကျနော်တို့ စိတ်မကောင်းဘူး ပေါ့။”

လက်ရှိတွင် ဇူလိုင်လ ၁၆ ရက်နေ့က နော်မူနော်အား ပစ်သတ်ခဲ့သည့် တပ်မတော်သား ၂ ဦးကို တပ်မ တော်က ဖမ်းဆီးရမိထားပြီး ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် စောစိပတြော်က “ကျနော်တို့ ပြည်သူတွေက နိုင်ငံတကာ စုံစမ်းစစ် ဆေးမှုနဲ့ သေသေချာချာ တိတိကျကျနဲ့တော့ တကယ့်တကယ် အရေးယူဆောင်ရွက်တဲ့ ပွင့်လင်း မြင်သာ မှုရှိတဲ့ ပြည်သူလူထု အများရှေ့မှာ မီဒီယာတွေ အားလုံးရဲ့ရှေ့မှာ အဲလိုမျိုးပေါ့။ သူတို့က ဖမ်းတယ် ထိရောက် စွာ အရေးယူမယ်ဆိုတာမျိုး သူက ဘယ်လိုပွင့်လင်းမြင်သာစွာ အရေးယူမလဲ ဆိုတာကို သူတို့က ပြန်ကြား တာ မရှိဘူး။ အရေးယူတဲ့ အပေါ်မှာကျတော့ ကျနော်တို့ အများရဲ့ရှေ့ သတင်းမီဒီယာ အားလုံးရဲ့ ရှေ့မှာ ပွင့် ပွင့်လင်းလင်းနဲ့ ကျနော်တို့ အဲလိုမှပဲ ကျနော်တို့ ပြည်သူတွေလည်း စိတ်ကျေနပ်မှု ရမှာပေါ့။ ဒီဖြစ်စဉ်က လည်း အသေးအမွှားဖြစ်စဉ်တွေ မဟုတ်ဘူးလေ။ လုံး၀ မဖြစ်သင့်တဲ့ ဖြစ်ရပ်တွေလေ” ဟု ပြောသည်။

နော်မူနော် အမှုတွင် ကျူးလွန်သူများကို တရားမျှတစွာ အပြစ်ပေးအရေးယူရန် နှင့် နိုင်ငံတကာ လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့များကလည်း ဖြစ်စဉ်အား ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ရန် ကရင်လူမှု့အဖွဲ့အ စည်း အသီးသီးက ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုထားသည်။

နော်မူနော် အသတ်ခံရသည့် KNU တပ်မဟာ ၅ နယ်မြေ မူတြော်(ဖာပွန်) ခရိုင်သည် အခြား KNU တပ်မ ဟာများထက် တပ်မတော် ၏ လမ်းဖောက်လုပ်မှုများကြောင့် နှစ်ဖက်ပစ်ခတ်မှုများ မကြာခဏ ဆိုသလို ဖြစ် ပွားနေပြီး စစ်ရေးတင်းမာမှု အရှိဆုံး တပ်မဟာ ဖြစ်သည် ဟု သိရသည်။