ငြိမ်းချမ်းရေး ညီလာခံကို မွန်ပြည်သစ်မှ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ ဦးဆောင်တက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်။
သြဂုတ်လအတွင်း ကျင်းပရန်ရှိသည့် စတုတ္ထအကြိမ်မြောက် ၂၁ ပင်လုံ ညီလာခံကို မွန်ပြည်သစ်ပါတီအနေနှင့် ဥက္ကဋ္ဌ နိုင်ဟံသာနှင့် ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းတို့ ဦးဆောင် တက်မည်ဟု သိရသည်။
“ဒီတစ်ကြိမ် ညီလာခံက လူဦးရေလျှော့ထားတယ်၊ EAOs ဘက်က တစ်ပါတီကို ၅ ဦးပဲ တက်ခွင့်ရမယ်။ မွန် ပြည် သစ်ပါတီအနေနဲ့ ပါတီ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌ ဦးဆောင်တဲ့ ၅ ဦး တက်မယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်း ရေးရာတာဝန်ခံ နိုင်ဗညားလယ် က ပြောသည်။
စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပသွားရန်ရှိသည်။
လတ်တလောဖြစ်ပွားနေသည့် Covid-19 ကူးစက်ရောဂါကြောင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည့် လူဦးရေ အရေအတွက်လျှော့ထားသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီ၊ ပါဝင် ထိုက်သင့် ပါဝင်ထိုက်သူ စုစုပေါင်း ကိုယ်စားလှယ် ၂၃၀ ဦးသာ တက်ရောက်မည်ဟု သိရသည်။
စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ဆိုသည့် ကတိကဝတ် မျိုး လက်ရှိ အစိုးရသက်တမ်းတွင် ရရှိအောင် ကြိုးစားနေသည်ဟု နိုင်ဗညားလယ်က ဆက်ပြောသည်။
“အဓိကတော့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်နဲ့ ပတ်သက်တဲ့ တာဝန်ခံမှု ရရှိဖို့ ကျနော်တို့ ကြိုးစားနေတယ်။ ဒီအစိုးရလက်ထက်မှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့် ကတိကဝတ်မျိုး ဒီစတုတ္ထအကြိမ် အစည်းအဝေးမှာ ချမှတ်နိုင်ဖို့ ကြိုးစားနေပါတယ်။”
ထို့အပြင် ဖက်ဒရယ်ဆိုင်ရာအခြေခံမူနှင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု စသည့် ပြည်ထောင်စု အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်အောင်လည်း ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။
၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် နိုင်ငံရေးကဏ္ဍ ၁၂ ချက်၊ စီးပွားရေးကဏ္ဍ ၁၁ ချက်၊ လူမှုရေးကဏ္ဍ ၄ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ ၁၀ ချက် စုစုပေါင်း သဘောတူညီချက် ၃၇ ချက် ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။
ပြီးခဲ့သည့် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံတုန်းက ပြည်ထောင်စုသဘောတူညီချက် ၁၄ ချက် ရရှိခဲ့သော်လည်း ပြည်နယ်များ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဆိုင်သည့် ကိစ္စ၊ လုံခြုံရေးဆိုင်ရာ ကိစ္စ၊ ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော် စသည့် ကိစ္စများ ပြီးပြတ်အောင် မဆွေးနွေးခဲ့ပေ။
၂၁ ပင်လုံ ဒုတိယအစည်းအဝေးနှင့် တတိယအစည်းအဝေး နှစ်ခုပေါင်းတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများက အခြေခံမူ အချက် ၅၁ ချက်ကို ပြည်ထောင်စု သဘောတူ စာချုပ် (Union Accord) တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။
Zawgyi…
ၿငိမ္းခ်မ္းေရး ညီလာခံကို မြန္ျပည္သစ္မွ ဥကၠ႒ႏွင့္ ဒု-ဥကၠ႒ ဦးေဆာင္တက္မည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္ ၂၉ ရက္။
ၾသဂုတ္လအတြင္း က်င္းပရန္ရွိသည့္ စတုတၴအႀကိမ္ေျမာက္ ၂၁ ပင္လံု ညီလာခံကို မြန္ျပည္သစ္ပါတီအေနႏွင့္ ဥကၠ႒ ႏိုင္ဟံသာႏွင့္ ဒု-ဥကၠ႒ ႏိုင္ေအာင္မင္းတို႔ ဦးေဆာင္ တက္မည္ဟု သိရသည္။
“ဒီတစ္ႀကိမ္ ညီလာခံက လူဦးေရေလွ်ာ့ထားတယ္၊ EAOs ဘက္က တစ္ပါတီကို ၅ ဦးပဲ တက္ခြင့္ရမယ္။ မြန္ ျပည္ သစ္ပါတီအေနနဲ႔ ပါတီ ဥကၠ႒နဲ႔ ဒု-ဥကၠ႒ ဦးေဆာင္တဲ့ ၅ ဦး တက္မယ္” ဟု မြန္ျပည္သစ္ပါတီ ျပည္တြင္း ေရးရာတာဝန္ခံ ႏိုင္ဗညားလယ္ က ေျပာသည္။
စတုတၳအႀကိမ္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစု ပင္လံုကို ၾသဂုတ္လ ၁၂ ရက္ေန႔မွ ၁၄ ရက္ေန႔ အထိ ၃ ရက္ၾကာ က်င္းပသြားရန္ရွိသည္။
လတ္တေလာျဖစ္ပြားေနသည့္ Covid-19 ကူးစက္ေရာဂါေၾကာင့္ ၂၁ ရာစု ပင္လံုညီလာခံသို႔ တက္ေရာက္မည့္ လူဦးေရ အေရအတြက္ေလွ်ာ့ထားသည့္အတြက္ တိုင္းရင္းသားလက္နက္ကိုင္အစုအဖြဲ႔၊ ႏိုင္ငံေရးပါတီ၊ ပါဝင္ ထိုက္သင့္ ပါဝင္ထိုက္သူ စုစုေပါင္း ကိုယ္စားလွယ္ ၂၃၀ ဦးသာ တက္ေရာက္မည္ဟု သိရသည္။
စတုတၴအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံတြင္ ျပည္နယ္ ဖြဲ႔စည္းပံုအေျခခံဥပေဒေရးဆြဲခြင့္ဆိုသည့္ ကတိကဝတ္ မ်ဳိး လက္ရွိ အစိုးရသက္တမ္းတြင္ ရရွိေအာင္ ႀကိဳးစားေနသည္ဟု ႏိုင္ဗညားလယ္က ဆက္ေျပာသည္။
“အဓိကေတာ့ ျပည္နယ္ဖြဲ႔စည္းပံု အေျခခံဥပေဒေရးဆြဲခြင့္နဲ႔ ပတ္သက္တဲ့ တာဝန္ခံမႈ ရရွိဖို႔ က်ေနာ္တုိ႔ ႀကိဳးစားေနတယ္။ ဒီအစိုးရလက္ထက္မွာ ျပည္နယ္ဖြဲ႔စည္းပံု အေျခခံဥပေဒေရးဆြဲခြင့္ ကတိကဝတ္မ်ိဳး ဒီစတုတၳအႀကိမ္ အစည္းအေဝးမွာ ခ်မွတ္ႏုိင္ဖို႔ ႀကိဳးစားေနပါတယ္။”
ထုိ႔အျပင္ ဖက္ဒရယ္ဆိုင္ရာအေျခခံမူႏွင့္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္ ၂၀၂၀ ေရြးေကာက္ပြဲအလြန္ အဆင့္လိုက္လုပ္ငန္းစဥ္မ်ားႏွင့္ အဆင့္လိုက္အေကာင္အထည္ေဖာ္မႈ စသည့္ ျပည္ေထာင္စု အစိတ္အပိုင္း (၃) ခ်ဳပ္ဆိုႏိုင္ေအာင္လည္း ေဆြးေႏြးသြားရန္ ရွိသည္ဟု သိရသည္။
၂၁ ပင္လံု ဒုတိယအႀကိမ္ အစည္းအေဝးအၿပီးတြင္ ႏုိင္ငံေရးက႑ ၁၂ ခ်က္၊ စီးပြားေရးက႑ ၁၁ ခ်က္၊ လူမႈေရးက႑ ၄ ခ်က္၊ ေျမယာႏွင့္ သဘာဝပတ္ဝန္းက်င္ က႑ ၁၀ ခ်က္ စုစုေပါင္း သေဘာတူညီခ်က္ ၃၇ ခ်က္ ကို လက္မွတ္ေရးထိုး ခဲ့ၾကသည္။
ၿပီးခဲ့သည့္ တတိယအႀကိမ္ေျမာက္ ၂၁ ရာစု ပင္လံုညီလာခံတုန္းက ျပည္ေထာင္စုသေဘာတူညီခ်က္ ၁၄ ခ်က္ ရရွိခဲ့ေသာ္လည္း ျပည္နယ္မ်ား ကိုယ္ပိုင္ျပဌာန္းခြင့္ႏွင့္ဆိုင္သည့္ ကိစၥ၊ လံုၿခံဳေရးဆိုင္ရာ ကိစၥ၊ ခြဲမထြက္ေရးႏွင့္ တစ္ခုတည္းေသာ တပ္မေတာ္ စသည့္ ကိစၥမ်ား ၿပီးျပတ္ေအာင္ မေဆြးေႏြးခဲ့ေပ။
၂၁ ပင္လံု ဒုတိယအစည္းအေဝးႏွင့္ တတိယအစည္းအေဝး ႏွစ္ခုေပါင္းတြင္ အစိုးရ၊ တပ္မေတာ္၊ လႊတ္ေတာ္၊ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားႏွင့္ ႏုိင္ငံေရးပါတီမ်ားက အေျခခံမူ အခ်က္ ၅၁ ခ်က္ကို ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္ (Union Accord) တြင္ ထည့္သြင္းခ်ဳပ္ဆုိခဲ့သည္။