ဖက်ဒရယ်၊ သဘာဝသယံဇာတနှင့် အရင်းအမြစ်များ (ဦးမော်ထွန်းအောင်နှင့် အင်တာဗျူး)

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို သွားဖို့ အဖြေရှာတဲ့ နေရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။

အဲလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ၂၁ ရာစု ပင်လုံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့ အခါမှာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍတွေကို ထည့်သွင်းပြီးတော့ တွေ့ဆုံဆွေးနွေးအဖြေရှာနေကြတာလည်း ရှိပါတယ်။

ဆွေးနွေးအဖြေရှာကြတဲ့ အထဲမှာ သဘာ၀ သယံဇာတ ခွဲဝေသုံးစွဲမှု အပိုင်းတွေကိုလည်း ထည့်သွင်းဆွေးနွေးနေကြပါတယ်။

ဖက်ဒရယ်စနစ်မှာ သယံဇာတခွဲဝေသုံးစွဲမှုကြောင့် ဘယ်သူတွေမှာ အကျိုးအမြတ်ရှိလာနိုင်ပါသလဲ၊ ဖက်ဒရယ်ဆိုတာ ဘာလဲ စတဲ့ အ ကြောင်းအရာတွေကို Another Development မှ မဟာဗျူဟာ အကြံပေး (Strategic Advisor) ဦးမော်ထွန်းအောင် ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – လက်ရှိမှာ ကျောက်မျက် ဥပဒေကလည်းရှိတယ်ပေါ့နော။ ကချင်ပြည်နယ်က ဖားကန့်လို နေရာမျိုးဟာ တကယ်တန်း ဒေသခံတွေအတွက် အကျိုး ရှိစေသလား။ အစိုးရအနေနဲ့ ဥပဒေနဲ့ အညီ ကိုင်တွယ်တဲ့ နေရာမှာ ဘယ်လို အခက်အခဲမျိုးတွေ ရှိနေတယ်လို့ ထင်ပါသလဲ။

ဦးမော်ထွန်းအောင် – ကျနော်အပြင်အနေနဲ့ သုံးသပ်တာကတော့ ဒီကျောက်မျက်မှာ ပါဝင်တဲ့ အဖွဲ့အစည်း တွေ state holder တွေများတယ်။ ပြီးရင် Political Economy ပေါ့နော နိုင်ငံရေး ဘောဂဗေဒအရ နိုင်ငံ ရေးအရ သြဇာအာဏာ ကြီးမားတဲ့ သူတွေကပဲ ဒီမှာ ပါဝင် ပတ်သက်နေတယ်။ ဥပမာ ငြိမ်းချမ်းရေး လက် မှတ် ထိုးထားတဲ့ အဖွဲ့တွေ လိုင်စင်ရထားတဲ့ဟာမျိုးတွေ နောက်ဒီအရင် ဦးသန်းရွှေပေါ့နော ဦးသန်းရွှေ တောင်မှ သူ့ရဲ့ ကုမ္ပဏီရှိတယ် လေ သူရဲ့ မိသားစုဝင်တွေရဲ့ ကုမ္ပဏီဝင်တွေရှိတယ်။ ဆိုတော့ ဒီလိုပါဝင် ပတ်သက်မှု လူတွေကြည့်တဲ့ အခါကျတော့ အစိုးရကနေ လက်ရှိအစိုးရ အနေနဲ့က ကိုင်တွယ်ရ ခက်မယ်ဆို တာကတော့ မေးစရာ မလိုဘူး။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက ကိုင်တွယ်ရခက်တယ်ဆိုတာကို excuse အနေနဲ့ လိုချင်တာ မဟုတ်ဘူး။ သူတို့ ဘယ်လိုကိုင်တွယ်ဖို့ ကြိုးစားပါတယ်ဆိုတဲ့ သက်သေ ပြ ချက်ကို လိုချင်တာ အခု အဲဒီသက်သေပြချက် မရှိတာ။ ပြဿနာက အဲဒါ အနည်းဆုံး ကိုင်တွယ်ရ ခက် တယ်ဆိုတဲ့ နေရာမှာ ရပ်သွားတာကို ကျနော်တို့က လိုချင်တာ မဟုတ်ဘူး။ ဒီနေရာက ကိုင်တွယ်ရ ခက် သော်လည်း သူတို့ အစိုးရ အနေနဲ့ အတတ်နိုင်ဆုံး ဒီလိုမျိုးတွေ လုပ်ခဲ့ပါတယ် ဆိုတဲ့ သက်သေပြချက်ကို လိုချင်တာ အခုအဲဒီသက်သေပြချက် မရှိဘူး။

မေး – လက်ရှိမှာဆိုရင် ဖက်ဒရယ်ကို သွားဖို့လုပ်နေကြတယ်ပေါ့လေ။ ၂၁ ရာစု ပင်လုံ ညီလာခံမှာလည်း သယံဇာတနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေရှိတယ်။ ဆိုတော့ ဖက်ဒရယ်ကို သွားတဲ့ အခါမှာ ဒီဖြစ်စဉ်တွေ ကြောင့် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်သလဲ။

ဦးမော်ထွန်းအောင် – စိန်ခေါ်မှုဆိုတာထက် ဒါကို case study အဖြစ်နဲ့ ယူသွားပြီးတော့နော သယံဇာတ ရတဲ့ အကျိုးအမြတ်တွေ ခွဲဝေတဲ့ နေရာမှာ ကျနော်တို့ ပိုပြီးတော့ မျှတအောင် လုပ်မလဲဆိုတာကို ဖားကန့် က case study ပဲ ကျနော်တို့က လူမျိုးစွဲပြီး ပြောတာ မဟုတ်ပဲနဲ့ ဒေသခံတွေ အပေါ်မှာ ကျနော်တို့ ပေတံနဲ့ တိုင်းတာ ရမယ် ဒီဒေသခံတွေ ဘယ်လောက်အကျိုးအမြတ်ရှိမလဲ။ ဖားကန့်ကိုပဲ ပြောတာ မဟုတ်ဘူး။ လက်ပံတောင်း လည်း ပါမယ်။ နောက် မိုးကုတ်တို့ မိုင်းရှုးတို့ နောက် ဒီလိုသယံဇာတ ထွက်ရှိရာဒေသ တိုင်းမှာ ဒီဟာက အကျုံးဝင်ပါတယ်။ အဲတော့ ဒါကို ဥပမာ အနေနဲ့ ယူပြီးတော့ အခုဖြစ်နေတဲ့ မတရားတဲ့ ဟာတွေကို ကျနော် တို့က လက်ရှိဖက်ဒရယ် သွားတဲ့ဟာမျိုးမှာ ပိုပြီးတော့ တရားမျှတအောင် ဘယ်လို လုပ်မလဲပေါ့နော။ အဲဒီ ဟာ လေးတွေကို ကျနော်တို့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆွေးနွေးနိုင်ရင်တော့ ဒါအကောင်းဆုံးပဲပေါ့ နော။ နောက်တစ်ခုကကျတော့ ကျနော်တို့ ဖက်ဒရယ်လို့ ပြောရင် ကျနော်တို့က ပြည်နယ်တွေကပဲ အကုန် လုံးယူရမလားပေါ့ ပြည်နယ်တွေပဲ အကျိုးရှိမယ် တကယ်တော့ မဟုတ်ဘူး။ အဲဒါကလည်း မှားနေတယ် အဲဒီအယူအဆကလည်း မှားနေတယ်။ ကျနော်တို့ ပြည်နယ်တွေက သယံဇာ တရှိတာ မှန်ပေမယ့် ဥပမာ ပြည်မမှာလည်း ဥပမာ ရန်ကုန်လိုမျိုးက တကယ်တမ်းကျတော့ အချမ်းသာဆုံး ပဲလေ အချမ်းသာဆုံး ပြည် နယ်တိုင်းတစ်ခုက သူ့ရဲ့ ရင်းမြစ်တွေကို ကိုယ်ပိုင် စီမံခန့်ခွဲရမယ်ဆိုရင် သူပိုချမ်း သာဖို့ရှိမှာပေါ့။ ဆိုလိုတဲ့သ ဘောကလေ အဲတော့ ဖက်ဒရယ်ဆိုတဲ့ သဘောက ကျနော်တို့ ပြည်နယ်ကို ဦးစားပေးတဲ့ဟာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ ပြည်နယ်ရော တိုင်းရောကို မိမိရဲ့ ရှိတဲ့ မိမိရဲ့ ရင်းမြစ် တွေကိုပေါ့နော မိမိလက်ထဲမှာ စီမံခန့်ခွဲမှုရမယ်။ ပြီးသွားရင် ကျန်တဲ့ ပြည်ထောင်စု ဝင်တွေနဲ့ပေါ့ ဒီဟာကို တရားမျှတစွာနဲ့ ခွဲဝေသုံးစွဲနိုင်တဲ့ စနစ်ကို ပြောတာ အဲဒါလေးကိုတော့ ကျနော်အနေနဲ့ အဓိကထားပြီး တော့ ပြောချင်တယ်။

မေး – ဖက်ဒရယ်ကို သွားမယ်ဆိုရင် သယံဇာတ ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်သင့်တယ်လို့ ဆရာ့အနေနဲ့ ထင်ပါသလဲ။ ။

ဦးမော်ထွန်းအောင် – ဖက်ဒရယ်ကို သွားမယ်ဆိုရင်တော့ ကျနော်က သယံဇာတလို့ ပြောတာထက် ကျနော် က ခုနပြောသလို resource ပေါ့နော ရင်းမြစ် resource ထဲမှာ ဘာတွေပါသလဲဆိုရင် Human Resource တွေလည်းပါတယ်။ Financial တွေ ဘဏ္ဍာရေး ရင်းမြစ်တွေလည်းပါတယ်။ အဲတော့ အခုကြည့်လိုက်ရင် တော့ ကချင်တို့ ရှမ်းတို့ ကတော့ သယံဇာတနဲ့ ကြွယ်ဝတဲ့နေရာ စစ်ကိုင်းတို့ပေါ့နော သယံဇာတ ကြွယ်၀ တယ်လို့ ကျနော် တို့ ယူဆပေမယ့် တကယ်ရေရှည်မှာတော့ လူ့အရင်းအမြစ်နဲ့ ဘဏ္ဍာရေး အရင်းအမြစ် ရှိတဲ့ တိုင်းနဲ့ပြည် နယ်တွေက ပိုပြီးတော့တောင် တိုးတက်နိုင်တယ်။ အဲတော့ဖက်ဒရယ် ဖြစ်လို့ ရင်းမြစ် တွေကိုပေါ့ မိမိဖာသာ မိမိစီမံခန့်ခွဲမှု ရမယ်ဆိုရင် သူတို့ထင်နေသလိုမျိုး ပြည်နယ်တွေကပဲ ချမ်းသာသွား မယ်ဆိုတာ မှားတယ် တကယ်တမ်းကျတော့ ရေရှည်မှာ ဖက်ဒရယ်လုပ်ရင် က အကျိုးအမြတ်အများဆုံး ရနိုင်တာက တိုင်းတွေ ပေါ့နော ဆိုတော့ သူတို့ကိုပေါ့ အဲလိုအတွေးအခေါ် အမှားထည့်ပေးလိုက်တာက ဘယ်သူလဲတော့ မသိဘူး တိုင်းဒေသမှာ နေတဲ့ သူတွေက သူတို့နစ်နာမယ် လို့ တကယ်တော့မဟုတ်ဘူး တိုင်းဒေသက လူတွေက ပိုပြီးတော့ မိမိရင်းမြစ်ကို မိမိစီမံခန့်ခွဲရင် ပိုပြီးတော့တောင် တိုးတက်နိုင်တယ် ပြည်နယ်တွေထက် တောင်မှ ဒါပေမယ့် ပြည်နယ်တွေကတော့ ခုနပြောသလို ဒီရေတိုမှာ ကတော့ပေါ့နော သူတို့က ဒါ မိမိ သယံဇာတ မိမိစီမံခန့်ခွဲမှု ရှိခြင်းအားဖြင့် ဖွံ့ဖြိုးရေး နောက်ကျခဲ့တဲ့ဟာတွေ ကို ပိုပြီးတော့ ဖြည့်ဆည်းပေးနိုင် မယ်ပေါ့နော အဲတော့ ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် Win Win Situation လို့မြင်တယ်။

သတင်းနှင့် မီဒီယာကွန်ရက် – အခုနက ဆရာပြောသွားတဲ့အထဲမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး အတွေးအခေါ် အမှားတွေကို ထည့်ပေးလိုက်တာ ရှိတယ်ဆိုတဲ့ စကားလေးကို ထည့်သုံးသွားတာ တွေ့ရတယ်။ အဲဒါက ဘာကို ဆိုလိုချင် တာလဲ။

ဦးမော်ထွန်းအောင် – အတွေးအခေါ်မှာဆိုတာကတော့ ကျနော်တို့ အများကြီးရှိတတ်ပါတယ်။ ဥပမာဆိုလို့ရှိ ရင် ကျနော်တို့ သမိုင်း မှာ သင်လာခဲ့တဲ့ဟာတွေလည်း ဖြစ်မှာပေါ့။ ဥပမာ ဖက်ဒရယ်ဆိုရင် ကျနော်တို့က သမိုင်းမှာ အမြဲတမ်း တောက်လျှောက်က အနုတ်လက္ခဏာနဲ့ သင်တဲ့အခါကျတော့ ပြည်မမှာ ရှိတဲ့ သူ တော်တော်များများက ဖက်ဒရယ်လို့ပြောလိုက်ရင် သူတို့က ဒါကိုကြောက်တယ်။ တိုင်းပြည်ကြီးကတော့ ပျက်ဆီး တော့မှာပဲပေါ့။ပြိုကွဲတော့မှာပဲပေါ့နော။ ပြီးရင် ဥပမာ ကချင်လိုမျိုးကို ကြည့်ပြီးတော့ သယံဇာတ ကြွယ်ဝတဲ့ အတွက်ကြောင့်မို့လို့ ကချင်တစ်ခုပဲ တိုးတက်တော့မှာလားပေါ့ မဟုတ်ဘူး တကယ်တမ်းကျ တော့ အဲလို မျိုးပြောရင်က ကျနော်က ဖက်ဒရယ် ဖြစ်လာတဲ့ အခါမျိုးမှာ တကယ်အကျိုး ရှိမှာ ရန်ကုန်တို့ နေပြည်တော်တို့ မန္တလေးတို့က နံပါတ်တစ် သူတို့က အရမ်းတိုးတက်မှု မြန်လာလိမ့်မယ် ဘာဖြစ်လို့လဲ ဆိုရင် သူတို့ resource ကို သူတို့က စီမံခန့်ခွဲမှုရှိတယ်လေ သယံဇာတဆိုတာ ထုတ်ရင် ကုန်သွားမှာပဲ ၅ နှစ် ၁၀ နှစ်ပေါ့ ဒါပေမယ့် တကယ်တမ်း အဲဒီအချိန်မှာ ခုနပြောသလို ပညာရေးဆိုင်ရာ အဲဒီအချိန်မှာ ဒီပြည် နယ်တွေက ဘာလုပ်ရမလဲဆိုရင် သယံဇာတကနေပြီးတော့ သူတို့က ခုန ကျနော်တို့ တိုင်းဒေသတွေမှာ ရှိပြီးသား ဖြစ်တဲ့ ဘဏ္ဍာရေး အရင်းအမြစ် တွေလိုမျိုး သူတို့က ဖြည့်ပေးရမယ် ဒီသယံဇာတကို အသုံးပြုပြီး သူတို့က အဲဒါကို ပြာင်းရမယ်။ အဲဒါ အဲဒီအတွက်ကြောင့်မို့လို့ သူတို့က ဒီသယံဇာတကို လိုတာ တိုင်းဒေသ ကြီးတွေမှာ မလိုဘူး ဆိုတာက သူတို့မှာက ခုနပြောသလို ဒီ Education Institution တွေရှိပြီးသား လမ်း ပန်းဆက်သွယ်ရေးတွေ အကုန် ကောင်းပြီးသား ပြောမယ်ဆိုရင် မလိုဘူးပေါ့နော resource တွေက အဲ လောက်မလိုဘူး။ သူတို့ resource ကို သူတို့ စီမံခန့်ခွဲလိုက်တာနဲ့ သူတို့က ထောင်တက်သွားမှာ အခုက သူတို့က ဥပမာ ရန်ကုန်တိုင်းကိုပဲ ပြောမယ် ရန်ကုန်တိုင်းဆိုရင် ကျနော်တို့က အခွန်ဘဏ္ဍာအရဆိုရင် စီးပွားဖြစ်နေတဲ့ ကုမ္ပဏီပေါင်း ၇၀ ရာခိုင်နှုန်း လောက်က ရန်ကုန်တိုင်းမှာ အခြေစိုက်တယ် ဒါပေမယ့် အဲဒီ ဟာ အကျိုးအမြတ်ကို ရန်ကုန်တိုင်းက လူတွေက အပြည့်အ၀ မခံစားရဘူး ဘာဖြစ်လို့လဲဆိုရင် သူတို့က ပြည်ထောင်စုကို ဘတ်ဂျက်ထည့် တာမလား အဲဒီဘတ်ဂျက်ကို ပြည်ထောင်စုက နေပြီးတော့ လိုတဲ့ နေရာ ကို ပြန်ခွဲဝေပေးရတာကိုး အဲဒီအခါကျတော့ ဥပမာ ရန်ကုန်နဲ့ မန္တလေးကိုပဲ ကြည့်လိုက် မန္တလေးက ရန်ကုန် ထက် လူဦးရေ ငါးဆ နည်းတယ် ရန်ကုန်က ၅ ဆများတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်ရဲ့ စည်ပင် ဘတ် ဂျက်ကို ကြည့်လိုက် တစ်ဆလောက်ပဲကွာတယ် မတိမ်းမယိမ်း ဆိုလိုတဲ့သဘောက လူဦးရေ ၅ ဆ လောက် ကွာတယ် ရန်ကုန်ရဲ့ စည်ပင် ဘတ်ဂျတ်က မန္တ လေးတိုင်းရဲ့ ၅ ဆ ဖြစ်သင့်တာပေါ့ ဟုတ်တယ်မလား ဒါပေ မယ့် မဖြစ်ဘူး ဘာဖြစ်လို့ မဖြစ်သလဲ ဖက်ဒရယ် မဟုတ်လို့ အကယ်၍သာ ဖက်ဒရယ် ဖြစ်တယ်ဆိုရင် ရန် ကုန်က စည်ပင်ဘတ်ဂျတ်က မန္တလေးရဲ့ ၅ ဆ ဆိုရင် ရန်ကုန်က အခုက ဒီထက်ပိုပြီးတော့ တိုးတက်နေပျော်တဲ့ မြို့တော်ကြီး ဖြစ်နေပြီးပေါ့နော အခုဘာ လို့မဖြစ်သလဲဆိုတော့ ဖက်ဒရယ် မဖြစ်လို့။

မေး – ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပာယ်ကို စာဖတ်ပရိတ်သတ်တွေ နားလည်အောင် ဆရာအနေနဲ့ အတိုချုံးလေး ရှင်းပြပေးပါလား။

ဦးမော်ထွန်းအောင် – ဖက်ဒရယ်ဆိုတာကတော့ ကျနော်တို့က တစ်ဦးနှင့်တစ်ဦး အနိုင်မကျင့်ဘူးပေါ့နော။ ဥပမာ ငွေရှိတဲ့သူက ငွေမရှိတဲ့လူကို အနိုင်ကျင့်လို့မရဘူး။ ကျနော်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ နိုင်ငံတော် သီချင်းမှာ ရှိတယ်လေ ခြေဆင်းပေါ့နော အဲဒီအထဲမှာ ခွင့်တူညီမျှ တရားမျှတ ဆိုတာ အဲဒါပဲ ဖက်ဒရယ် ဆိုတာက ကျနော်တို့ တရားမျှတခြင်းကို ကျနော်တို့က ပြောတာ တစ်ယောက်နဲ့တစ်ယောက် အနိုင်မကျင့် ဘူး။ ဘယ်အပေါ်မှာ အနိုင်မကျင့်ဘူးဆိုလည်းဆိုတော့ လူနည်းစု လူများစု ဖြစ်တဲ့အပေါ်မှာ အနိုင်မကျင့်ဘူး။ ပိုက်ဆံရှိ ပိုက်ဆံ မရှိတဲ့အပေါ်မှာ အနိုင်မကျင့်ဘူး။ သယံဇာတ ရှိခြင်း မရှိအပေါ်မှာ အနိုင်မကျင့်ဘူး။ ဆိုတော့ အဲဒါတွေက ရှင်းရှင်းပြောရင် အဲဒါဖက်ဒရယ်ကို ပြောတာ တရားမျှတခြင်းနဲ့ လွတ်လပ်ရေး ကျနော် တို့ရတဲ့ သီချင်းပေါ့နော နိုင်ငံတော် သီချင်းထဲမှာ ပါတဲ့ဟာ အဲဒီအနှစ်သာရက ဖက်ဒရယ် ကျနော်က အဲလိုပဲ ဒါကတော့ နိုင်ငံရေးပုံစံနဲ့ ပြောတာ မဟုတ်ဘူးပေါ့နော ကျနော်ရဲ့ နားလည် သလို ကျနော်ပြောပြတာ။

Zawgyi…

ဖက္ဒရယ္၊ သဘာ၀သယံဇာတႏွင့္ အရင္းအျမစ္မ်ား (ဦးေမာ္ထြန္းေအာင္ႏွင့္ အင္တာဗ်ဴး)

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္။

ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စုကို သြားဖို႔ အေျဖရွာတဲ့ ေနရာမွာ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ အမ်ားႀကီး ရွိေနပါတယ္။

အဲလိုအခက္အခဲေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ ၂၁ ရာစု ပင္လံု (ေခၚ) ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံမွာ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ တဲ့ အခါမွာ မရွိမျဖစ္လိုအပ္တဲ့ အခန္းက႑ေတြကို ထည့္သြင္းၿပီးေတာ့ ေတြ႕ဆံုေဆြးေႏြးအေျဖရွာေနၾကတာလည္း ရွိပါတယ္။

ေဆြးေႏြးအေျဖရွာၾကတဲ့ အထဲမွာ သဘာ၀ သယံဇာတ ခြဲေ၀သံုးစြဲမႈ အပိုင္းေတြကိုလည္း ထည့္သြင္းေဆြးေႏြးေနၾကပါတယ္။

ဖက္ဒရယ္စနစ္မွာ သယံဇာတခြဲေ၀သံုးစြဲမႈေၾကာင့္ ဘယ္သူေတြမွာ အက်ိဳးအျမတ္ရွိလာႏိုင္ပါသလဲ၊ ဖက္ဒရယ္ဆိုတာ ဘာလဲ စတဲ့ အ ေၾကာင္းအရာေတြကို Another Development မွ မဟာဗ်ဴဟာ အၾကံေပး (Strategic Advisor) ဦးေမာ္ထြန္းေအာင္ ကို ေတြ႕ဆံုေမးျမန္းထားပါတယ္။

ေမး – လက္ရွိမွာ ေက်ာက္မ်က္ ဥပေဒကလည္းရွိတယ္ေပါ့ေနာ။ ကခ်င္ျပည္နယ္က ဖားကန္႔လို ေနရာမ်ဳိးဟာ တကယ္တန္း ေဒသခံေတြအတြက္ အက်ဳိး ရွိေစသလား။ အစိုးရအေနနဲ႔ ဥပေဒနဲ႔ အညီ ကိုင္တြယ္တဲ့ ေနရာမွာ ဘယ္လို အခက္အခဲမ်ဳိးေတြ ရွိေနတယ္လို႔ ထင္ပါသလဲ။

ဦးေမာ္ထြန္းေအာင္ – က်ေနာ္အျပင္အေနနဲ႔ သံုးသပ္တာကေတာ့ ဒီေက်ာက္မ်က္မွာ ပါ၀င္တဲ့ အဖြဲ႔အစည္း ေတြ state holder ေတြမ်ားတယ္။ ၿပီးရင္ Political Economy ေပါ့ေနာ ႏိုင္ငံေရး ေဘာဂေဗဒအရ ႏိုင္ငံ ေရးအရ ၾသဇာအာဏာ ႀကီးမားတဲ့ သူေတြကပဲ ဒီမွာ ပါ၀င္ ပတ္သက္ေနတယ္။ ဥပမာ ၿငိမ္းခ်မ္းေရး လက္ မွတ္ ထိုးထားတဲ့ အဖြဲ႔ေတြ လိုင္စင္ရထားတဲ့ဟာမ်ိဳးေတြ ေနာက္ဒီအရင္ ဦးသန္းေရႊေပါ့ေနာ ဦးသန္းေရႊ ေတာင္မွ သူ႔ရဲ႕ ကုမၸဏီရွိတယ္ ေလ သူရဲ႕ မိသားစု၀င္ေတြရဲ႕ ကုမၸဏီ၀င္ေတြရွိတယ္။ ဆိုေတာ့ ဒီလိုပါ၀င္ ပတ္သက္မႈ လူေတြႀကည့္တဲ့ အခါက်ေတာ့ အစိုးရကေန လက္ရွိအစိုးရ အေနနဲ႔က ကိုင္တြယ္ရ ခက္မယ္ဆို တာကေတာ့ ေမးစရာ မလိုဘူး။ ဒါေပမယ့္ က်ေနာ္တို႔ လိုခ်င္တာက ကိုင္တြယ္ရခက္တယ္ဆိုတာကို excuse အေနနဲ႔ လိုခ်င္တာ မဟုတ္ဘူး။ သူတို႔ ဘယ္လိုကိုင္တြယ္ဖို႔ ႀကိဳးစားပါတယ္ဆိုတဲ့ သက္ေသ ျပ ခ်က္ကို လိုခ်င္တာ အခု အဲဒီသက္ေသျပခ်က္ မရွိတာ။ ျပႆနာက အဲဒါ အနည္းဆံုး ကိုင္တြယ္ရ ခက္ တယ္ဆိုတဲ့ ေနရာမွာ ရပ္သြားတာကို က်ေနာ္တု႔ိက လိုခ်င္တာ မဟုတ္ဘူး။ ဒီေနရာက ကိုင္တြယ္ရ ခက္ ေသာ္လည္း သူတို႔ အစိုးရ အေနနဲ႔ အတတ္ႏိုင္ဆံုး ဒီလိုမ်ိဳးေတြ လုပ္ခဲ့ပါတယ္ ဆိုတဲ့ သက္ေသျပခ်က္ကို လိုခ်င္တာ အခုအဲဒီသက္ေသျပခ်က္ မရွိဘူး။

ေမး – လက္ရွိမွာဆိုရင္ ဖက္ဒရယ္ကို သြားဖို႔လုပ္ေနၾကတယ္ေပါ့ေလ။ ၂၁ ရာစု ပင္လံု ညီလာခံမွာလည္း သယံဇာတနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတာေတြရွိတယ္။ ဆိုေတာ့ ဖက္ဒရယ္ကို သြားတဲ့ အခါမွာ ဒီျဖစ္စဥ္ေတြ ေၾကာင့္ ဘယ္လိုစိန္ေခၚမႈေတြ ရွိလာႏိုင္သလဲ။

ဦးေမာ္ထြန္းေအာင္ – စိန္ေခၚမႈဆိုတာထက္ ဒါကို case study အျဖစ္နဲ႔ ယူသြားၿပီးေတာ့ေနာ သယံဇာတ ရတဲ့ အက်ိဳးအျမတ္ေတြ ခြဲေ၀တဲ့ ေနရာမွာ က်ေနာ္တို႔ ပိုၿပီးေတာ့ မွ်တေအာင္ လုပ္မလဲဆိုတာကို ဖားကန္႔ က case study ပဲ က်ေနာ္တို႔က လူမ်ိဳးစြဲၿပီး ေျပာတာ မဟုတ္ပဲနဲ႔ ေဒသခံေတြ အေပၚမွာ က်ေနာ္တို႔ ေပတံနဲ႔ တိုင္းတာ ရမယ္ ဒီေဒသခံေတြ ဘယ္ေလာက္အက်ိဳးအျမတ္ရွိမလဲ။ ဖားကန္႔ကိုပဲ ေျပာတာ မဟုတ္ဘူး။ လက္ပံေတာင္း လည္း ပါမယ္။ ေနာက္ မိုးကုတ္တို႔ မိုင္းရႈးတို႔ ေနာက္ ဒီလိုသယံဇာတ ထြက္ရွိရာေဒသ တိုင္းမွာ ဒီဟာက အက်ံဳး၀င္ပါတယ္။ အဲေတာ့ ဒါကို ဥပမာ အေနနဲ႔ ယူၿပီးေတာ့ အခုျဖစ္ေနတဲ့ မတရားတဲ့ ဟာေတြကို က်ေနာ္ တ္ို႔က လက္ရွိဖက္ဒရယ္ သြားတဲ့ဟာမ်ိဳးမွာ ပိုၿပီးေတာ့ တရားမွ်တေအာင္ ဘယ္လို လုပ္မလဲေပါ့ေနာ။ အဲဒီ ဟာ ေလးေတြကို က်ေနာ္တို႔ လက္ရွိ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ ေဆြးေႏြးႏိုင္ရင္ေတာ့ ဒါအေကာင္းဆံုးပဲေပါ့ ေနာ။ ေနာက္တစ္ခုကက်ေတာ့ က်ေနာ္တို႔ ဖက္ဒရယ္လို႔ ေျပာရင္ က်ေနာ္တို႔က ျပည္နယ္ေတြကပဲ အကုန္ လံုးယူရမလားေပါ့ ျပည္နယ္ေတြပဲ အက်ိဳးရွိမယ္ တကယ္ေတာ့ မဟုတ္ဘူး။ အဲဒါကလည္း မွားေနတယ္ အဲဒီအယူအဆကလည္း မွားေနတယ္။ က်ေနာ္တို႔ ျပည္နယ္ေတြက သယံဇာ တရွိတာ မွန္ေပမယ့္ ဥပမာ ျပည္မမွာလည္း ဥပမာ ရန္ကုန္လိုမ်ိဳးက တကယ္တမ္းက်ေတာ့ အခ်မ္းသာဆံုး ပဲေလ အခ်မ္းသာဆံုး ျပည္ နယ္တိုင္းတစ္ခုက သူ႔ရဲ႕ ရင္းျမစ္ေတြကို ကိုယ္ပိုင္ စီမံခန္႔ခြဲရမယ္ဆိုရင္ သူပိုခ်မ္း သာဖို႔ရွိမွာေပါ့။ ဆိုလိုတဲ့သ ေဘာကေလ အဲေတာ့ ဖက္ဒရယ္ဆိုတဲ့ သေဘာက က်ေနာ္တို႔ ျပည္နယ္ကို ဦးစားေပးတဲ့ဟာ မဟုတ္ဘူး။ တကယ္တမ္းက်ေတာ့ ျပည္နယ္ေရာ တိုင္းေရာကို မိမိရဲ႕ ရွိတဲ့ မိမိရဲ႕ ရင္းျမစ္ ေတြကိုေပါ့ေနာ မိမိလက္ထဲမွာ စီမံခန္႔ခြဲမႈရမယ္။ ၿပီးသြားရင္ က်န္တဲ့ ျပည္ေထာင္စု ၀င္ေတြနဲ႔ေပါ့ ဒီဟာကို တရားမွ်တစြာနဲ႔ ခြဲေ၀သံုးစြဲႏိုင္တဲ့ စနစ္ကို ေျပာတာ အဲဒါေလးကိုေတာ့ က်ေနာ္အေနနဲ႔ အဓိကထားၿပီး ေတာ့ ေျပာခ်င္တယ္။

ေမး – ဖက္ဒရယ္ကို သြားမယ္ဆိုရင္ သယံဇာတ ခြဲေ၀သံုးစြဲမႈနဲ႔ ပတ္သက္ၿပီး ဘယ္လို ျဖစ္သင့္တယ္လို႔ ဆရာ့အေနနဲ႔ ထင္ပါသလဲ။ ။

ဦးေမာ္ထြန္းေအာင္ – ဖက္ဒရယ္ကို သြားမယ္ဆိုရင္ေတာ့ က်ေနာ္က သယံဇာတလို႔ ေျပာတာထက္ က်ေနာ္ က ခုနေျပာသလို resource ေပါ့ေနာ ရင္းျမစ္ resource ထဲမွာ ဘာေတြပါသလဲဆိုရင္ Human Resource ေတြလည္းပါတယ္။ Financial ေတြ ဘ႑ာေရး ရင္းျမစ္ေတြလည္းပါတယ္။ အဲေတာ့ အခုၾကည့္လိုက္ရင္ ေတာ့ ကခ်င္တို႔ ရွမ္းတို႔ ကေတာ့ သယံဇာတနဲ႔ ႂကြယ္၀တဲ့ေနရာ စစ္ကိုင္းတို႔ေပါ့ေနာ သယံဇာတ ႂကြယ္၀ တယ္လို႔ က်ေနာ္ တို႔ ယူဆေပမယ့္ တကယ္ေရရွည္မွာေတာ့ လူ႔အရင္းအျမစ္နဲ႔ ဘ႑ာေရး အရင္းအျမစ္ ရွိတဲ့ တိုင္းနဲ႔ျပည္ နယ္ေတြက ပိုၿပီးေတာ့ေတာင္ တိုးတက္ႏိုင္တယ္။ အဲေတာ့ဖက္ဒရယ္ ျဖစ္လို႔ ရင္းျမစ္ ေတြကိုေပါ့ မိမိဖာသာ မိမိစီမံခန္႔ခြဲမႈ ရမယ္ဆိုရင္ သူတို႔ထင္ေနသလိုမ်ိဳး ျပည္နယ္ေတြကပဲ ခ်မ္းသာသြား မယ္ဆိုတာ မွားတယ္ တကယ္တမ္းက်ေတာ့ ေရရွည္မွာ ဖက္ဒရယ္လုပ္ရင္ က အက်ိဳးအျမတ္အမ်ားဆံုး ရႏိုင္တာက တိုင္းေတြ ေပါ့ေနာ ဆိုေတာ့ သူတို႔ကိုေပါ့ အဲလိုအေတြးအေခၚ အမွားထည့္ေပးလိုက္တာက ဘယ္သူလဲေတာ့ မသိဘူး းတိုင္းေဒသမွာ ေနတဲ့ သူေတြက သူတို႔နစ္နာမယ္ လို႔ တကယ္ေတာ့မဟုတ္ဘူး တိုင္းေဒသက လူေတြက ပိုၿပီးေတာ့ မိမိရင္းျမစ္ကို မိမိစီမံခန္႔ခြဲရင္ ပိုၿပီးေတာ့ေတာင္ တိုးတက္ႏိုင္တယ္ ျပည္နယ္ေတြထက္ ေတာင္မွ ဒါေပမယ့္ ျပည္နယ္ေတြကေတာ့ ခုနေျပာသလို ဒီေရတိုမွာ ကေတာ့ေပါ့ေနာ သူတို႔က ဒါ မိမိ သယံဇာတ မိမိစီမံခန္႔ခြဲမႈ ရွိျခင္းအားျဖင့္ ဖြံ႔ၿဖိဳးေရး ေနာက္က်ခဲ့တဲ့ဟာေတြ ကို ပိုၿပီးေတာ့ ျဖည့္ဆည္းေပးႏိုင္ မယ္ေပါ့ေနာ အဲေတာ့ ဒါက ႏွစ္ဦးႏွစ္ဖက္လံုးအတြက္ Win Win Situation လို႔ျမင္တယ္။

သတင္းႏွင့္ မီဒီယာကြန္ရက္ – အခုနက ဆရာေျပာသြားတဲ့အထဲမွာ ဖက္ဒရယ္နဲ႔ပတ္သက္ၿပီး အေတြးအေခၚ အမွားေတြကို ထည့္ေပးလိုက္တာ ရွိတယ္ဆိုတဲ့ စကားေလးကို ထည့္သံုးသြားတာ ေတြ႕ရတယ္။ အဲဒါက ဘာကို ဆိုလိုခ်င္ တာလဲ။

ဦးေမာ္ထြန္းေအာင္ – အေတြးအေခၚမွာဆိုတာကေတာ့ က်ေနာ္တို႔ အမ်ားႀကီးရွိတတ္ပါတယ္။ ဥပမာဆိုလို႔ရွိ ရင္ က်ေနာ္တို႔ သမိုင္း မွာ သင္လာခဲ့တဲ့ဟာေတြလည္း ျဖစ္မွာေပါ့။ ဥပမာ ဖက္ဒရယ္ဆိုရင္ က်ေနာ္တို႔က သမိုင္းမွာ အၿမဲတမ္း ေတာက္ေလွ်ာက္က အႏုတ္လကၡဏာနဲ႔ သင္တဲ့အခါက်ေတာ့ ျပည္မမွာ ရွိတ့ဲ သူ ေတာ္ေတာ္မ်ားမ်ားက ဖက္ဒရယ္လို႔ေျပာလိုက္ရင္ သူတို႔က ဒါကိုေၾကာက္တယ္။ တိုင္းျပည္ႀကီးကေတာ့ ပ်က္ဆီး ေတာ့မွာပဲေပါ့။ၿပိဳကြဲေတာ့မွာပဲေပါ့ေနာ။ ၿပီးရင္ ဥပမာ ကခ်င္လိုမ်ိဳးကို ၾကည့္ၿပီးေတာ့ သယံဇာတ ႂကြယ္၀တဲ့ အတြက္ေၾကာင့္မို႔လို႔ ကခ်င္တစ္ခုပဲ တိုးတက္ေတာ့မွာလားေပါ့ မဟုတ္ဘူး တကယ္တမ္းက် ေတာ့ အဲလို မ်ိဳးေျပာရင္က က်ေနာ္က ဖက္ဒရယ္ ျဖစ္လာတဲ့ အခါမ်ိဳးွမွာ တကယ္အက်ိဳး ရွိမွာ ရန္ကုန္တို႔ ေနျပည္ေတာ္တို႔ မႏၲေလးတို႔က နံပါတ္တစ္ သူတို႔က အရမ္းတိုးတက္မႈ ျမန္လာလိမ့္မယ္ ဘာျဖစ္လို႔လဲ ဆိုရင္ သူတို႔ resource ကို သူတို႔က စီမံခန္႔ခြဲမႈရွိတယ္ေလ သယံဇာတဆိုတာ ထုတ္ရင္ ကုန္သြားမွာပဲ ၅ ႏွစ္ ၁၀ ႏွစ္ေပါ့ ဒါေပမယ့္ တကယ္တမ္း အဲဒီအခ်ိန္မွာ ခုနေျပာသလို ပညာေရးဆိုင္ရာ အဲဒီအခ်ိန္မွာ ဒီျပည္ နယ္ေတြက ဘာလုပ္ရမလဲဆိုရင္ သယံဇာတကေနၿပီးေတာ့ သူတို႔က ခုန က်ေနာ္တို႔ တိုင္းေဒသေတြမွာ ရွိၿပီးသား ျဖစ္တဲ့ ဘ႑ာေရး အရင္းအျမစ္ ေတြလိုမ်ိဳး သူတို႔က ျဖည့္ေပးရမယ္ ဒီသယံဇာတကို အသံုးျပဳၿပီး သူတို႔က အဲဒါကို ျပာင္းရမယ္။ အဲဒါ အဲဒီအတြက္ေၾကာင့္မို႔လို႔ သူတို႔က ဒီသယံဇာတကို လိုတာ တိုင္းေဒသ ႀကီးေတြမွာ မလိုဘူး ဆိုတာက သူတို႔မွာက ခုနေျပာသလို ဒီ Education Institution ေတြရွိၿပီးသား လမ္း ပန္းဆက္သြယ္ေရးေတြ အကုန္ ေကာင္းၿပီးသား ေျပာမယ္ဆိုရင္ မလိုဘူးေပါ့ေနာ resource ေတြက အဲ ေလာက္မလိုဘူး။ သူတို႔ resource ကို သူတို႔ စီမံခန္႔ခြဲလိုက္တာနဲ႔ သူတို႔က ေထာင္တက္သြားမွာ အခုက သူတို႔က ဥပမာ ရန္ကုန္တိုင္းကိုပဲ ေျပာမယ္ ရန္ကုန္တိုင္းဆိုရင္ က်ေနာ္တို႔က အခြန္ဘ႑ာအရဆိုရင္ စီးပြားျဖစ္ေနတဲ့ ကုမၸဏီေပါင္း ၇၀ ရာခိုင္ႏႈန္း ေလာက္က ရန္ကုန္တိုင္းမွာ အေျခစိုက္တယ္ ဒါေပမယ့္ အဲဒီ ဟာ အက်ိဳးအျမတ္ကို ရန္ကုန္တိုင္းက လူေတြ က အျပည့္အ၀ မခံစားရဘူး ဘာျဖစ္လို႔လဲဆိုရင္ သူတို႔က ျပည္ေထာင္စုကို ဘတ္ဂ်က္ထည့္ တာမလား အဲဒီဘတ္ဂ်က္ကို ျပည္ေထာင္စုက ေနၿပီးေတာ့ လိုတဲ့ ေနရာ ကို ျပန္ခြဲေ၀ေပးရတာကိုး အဲဒီအခါက်ေတာ့ ဥပမာ ရန္ကုန္နဲ႔ မႏၲေလးကိုပဲ ၾကည့္လိုက္ မႏၲေလးက ရန္ကုန္ ထက္ လူဦးေရ ငါးဆ နည္းတယ္ ရန္ကုန္က ၅ ဆမ်ားတယ္။ ဒါေပမယ့္ သူတို႔ ၂ ေယာက္ရဲ႕ စည္ပင္ ဘတ္ ဂ်က္ကို ၾကည့္လိုက္ တစ္ဆေလာက္ပဲကြာတယ္ မတိမ္းမယိမ္း ဆိုလိုတဲ့သေဘာက လူဦးေရ ၅ ဆ ေလာက္ ကြာတယ္ ရန္ကုန္ရဲ႕ စည္ပင္ ဘတ္ဂ်တ္က မႏၲ ေလးတိုင္းရဲ႕ ၅ ဆ ျဖစ္သင့္တာေပါ့ ဟုတ္တယ္မလား ဒါေပ မယ့္ မျဖစ္ဘူး ဘာျဖစ္လို႔ မျဖစ္သလဲ ဖက္ဒရယ္ မဟုတ္လို႔ အကယ္၍သာ ဖက္ဒရယ္ ျဖစ္တယ္ဆိုရင္ ရန္ ကုန္က စည္ပင္ဘတ္ဂ်တ္က မႏၲေလးရဲ႕ ၅ ဆ ဆိုရင္ ရန္ကုန္က အခုက ဒီထက္ပိုၿပီးေတာ့ တိုးတက္ေနေပ်ာ္တဲ့ ၿမိဳ႕ေတာ္ႀကီး ျဖစ္ေနၿပီးေပါ့ေနာ အခုဘာ လို႔မျဖစ္သလဲဆိုေတာ့ ဖက္ဒရယ္ မျဖစ္လို႔။

ေမး – ဖက္ဒရယ္ဆိုတဲ့ အဓိပၸာယ္ကို စာဖတ္ပရိတ္သတ္ေတြ နားလည္ေအာင္ ဆရာအေနနဲ႔ အတိုခ်ဳံးေလး ရွင္းျပေပးပါလား။

ဦးေမာ္ထြန္းေအာင္ – ဖက္ဒရယ္ဆိုတာကေတာ့ က်ေနာ္တို႔က တစ္ဦးႏွင့္တစ္ဦး အႏိုင္မက်င့္ဘူးေပါ့ေနာ။ ဥပမာ ေငြရွိတဲ့သူက ေငြမရွိတဲ့လူကို အႏိုင္က်င့္လို႔မရဘူး။ က်ေနာ္တို႔ လြတ္လပ္ေရး ရတဲ့အခါမွာ ႏိုင္ငံေတာ္ သီခ်င္းမွာ ရွိတယ္ေလ ေျခဆင္းေပါ့ေနာ အဲဒီအထဲမွာ ခြင့္တူညီမွ် တရားမွ်တ ဆိုတာ အဲဒါပဲ ဖက္ဒရယ္ ဆိုတာက က်ေနာ္တို႔ တရားမွ်တျခင္းကို က်ေနာ္တို႔က ေျပာတာ တစ္ေယာက္နဲ႔တစ္ေယာက္ အႏိုင္မက်င့္ ဘူး။ ဘယ္အေပၚမွာ အႏိုင္မက်င့္ဘူးဆိုလည္းဆိုေတာ့ လူနည္းစု လူမ်ားစု ျဖစ္တဲ့အေပၚမွာ အႏိုင္မက်င့္ဘူး။ ပိုက္ဆံရွိ ပိုက္ဆံ မရွိတဲ့အေပၚမွာ အႏိုင္မက်င့္ဘူး။ သယံဇာတ ရွိျခင္း မရွိအေပၚမွာ အႏိုင္မက်င့္ဘူး။ ဆိုေတာ့ အဲဒါေတြက ရွင္းရွင္းေျပာရင္ အဲဒါဖက္ဒရယ္ကို ေျပာတာ တရားမွ်တျခင္းနဲ႔ လြတ္လပ္ေရး က်ေနာ္ တို႔ရတဲ့ သီခ်င္းေပါ့ေနာ ႏိုင္ငံေတာ္ သီခ်င္းထဲမွာ ပါတဲ့ဟာ အဲဒီအႏွစ္သာရက ဖက္ဒရယ္ က်ေနာ္က အဲလိုပဲ ဒါကေတာ့ ႏိုင္ငံေရးပံုစံနဲ႔ ေျပာတာ မဟုတ္ဘူးေပါ့ေနာ က်ေနာ္ရဲ႕ နားလည္ သလို က်ေနာ္ေျပာျပတာ။