KNU နှင့် RCSS ထောက်ပံ့ကြေးမယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

COVID-19 ကာလအတွင်း အပစ်ရပ်အဖွဲ့များကို အစိုးရက ထောက်ပံ့ပေးရာတွင် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့က ထောက်ပံ့ကြေး တောင်းခံခဲ့ခြင်းမရှိကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့မှာ COVID-19 ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း အစိုးရ၏ ကူညီထောက်ပံမှုကို တောင်းခံထားခြင်း မရှိသကဲ့သို့ လက်ခံရရှိခြင်းလည်း မရှိဟု အပစ်ရပ်ခေါင်းဆောင်များ က ပြောသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “အဲဒီကိစ္စကျ တော့ ကျနော်တို့ RCSS အနေနဲ့ကျတော့ စာတင်တာလည်း မရှိဘူးပေါ့နော။ နောက် ငွေလက်ခံခြင်း လည်း မရှိဘူးပေါ့။ အဓိကကတော့ ကျနော်တို့ စာမတင်ဘူးပေါ့။ စာမပို့ဘူးလေ ဘာဖြစ်လို့လဲဆိုတော့ ဒီ NRPC က ကူမယ်ဆိုရင်တော့ အဓိကကျတော့ သူက စာပေးပို့ရမယ်လေ စာပေးပို့ပြီးမှ ကူညီတဲ့ သဘော ပေါ့နော်။ ကျနော်တို့ RCSS ကျတော့ ကျနော်တို့ တောင်းထားတာ မရှိဘူးပေါ့” ဟု ပြောသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့အနက် ၈ ဖွဲ့မှာ အစိုးရထံမှ ကူညီထောက်ပံ့မှုကို တောင်းခံထားသည့်အတွက် လက်ခံရရှိခြင်းဖြစ်ပြီး RCSS နှင့် KNU တို့မှာ အစိုးရထံ တင်ပြတောင်း ခံထားခြင်း မရှိသကဲ့သို့ လက်ခံရရှိထားခြင်းလည်း မရှိဟု ဆို သည်။

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရွှေခါးက “ကျနော်တို့ NCA- EAOs အဖွဲ့တွေ က တောင်းတာပေါ့နော်။ တောင်းတော့ RCSS၊ KNU ကတော့ မယူဘူးပေါ့။ ဆိုတော့ ကျန်တဲ့ ဒီ ၈ ဖွဲ့က တော့ ကျနော်တို့ ယူကြတာပေါ့နော်။ လိုအပ်ချက်အပေါ်မှာ တင်ပြချက်အပေါ်မှာ သူတို့ဖက်ကလည်း တွက် ချက် ပြီးတော့ ပေးတာ ဖြစ်ပါတယ်ပေါ့နော်။ အနည်းအများအလိုက်ပေါ့နော” ဟု ပြောသည်။

အစိုးရ၏ ထောက်ပံ့ငွေ ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ၏ သဘော ထားကို သိရှိနိုင်ရန်အတွက် KNU မှ ပြောရေးဆိုခွင့် ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ COVID-19 ထိန်းချုပ်သည့် ကာလအတွင်း NCA အပစ်ရပ် ၈ ဖွဲ့၏ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများ စားဝတ် နေရေးအတွက် ထောက်ပံငွေပေးပို့ထားသည့် စာများမှာ လူမှုကွန်ရက်တွင် ပြန့်နှံ့နေခဲ့သည်။

အဆိုပါစာနှင့်ပတ်သက်၍ အစိုးရမှ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း NCA အပစ်ရပ် အဖွဲ့အ ချို့က အစိုးရထံမှ ထောက်ပံ့ငွေ လက်ခံ ရရှိကြောင်း သတင်းနှင့် မီဒီယာကွန်ရက် အား အတည်ပြုပြောဆို ထားသည်။

“ပထမက ကျနော်တို့က မိသားစုဝင်တွေနဲ့ ဆိုတော့ အဲဒီ COVID ကာလမှာ ကျနော်တို့ အခက်အခဲ ရှိတဲ့ ဟာ ကို ဖြေရှင်းပေးဖို့ပေါ့နော်။ ဒုတိယအနေနဲ့ ကျနော်တို့ ဒီ ကိုယ့်နယ်မြေအလိုက်မှာ COVID လုပ်ငန်း တွေ ဆောင်ရွက်နေရတာပေါ့နော် ဥပမာဆိုရင် awareness raising (အသိပညာ မြှင့်တင်ရေး) တို့ ပြီးတော့ တကယ်လို့ suspect case (သံသယ လူနာ) တွေ ရှိရင်လည်း quarantine (သီးခြားခွဲ စောင့်ကြည့်ခြင်း) တွေဘာတွေ လုပ်နိုင်အောင် ဆိုပြီးတော့မှ ရှိတယ်ပေါ့။ ပြီးတော့ ကျနော်တို့ တော်တော်များများ နယ်မြေတွေလည်း နယ်စပ်မှာပဲ ဆိုတော့ နယ်စပ်ကျော်လာရင် အဲဒါမျိုး တွေလို quarantine လုပ်နိုင်အောင်ဆိုပြီးမှ ကျနော်တို့ လုပ်တာပေါ့နော်။ ဆိုတော့ အဲဒါတွေအတွက်ပါ” ဟု ဒေါက်တာ ရွှေခါး က ပြောသည်။

အစိုးရထံမှ ထောက်ပံ့ငွေ ရရှိရန်အတွက် NCA-EAOs များအနေဖြင့် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းက အမျိုး သား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ထံသို့ စာတင်တောင်းခံထားခြင်းဖြစ်ပြီး စာထဲတွင် အဖွဲ့အစည်းအလိုက် အခက်အခဲ အခြေအနေ အရပ်ရပ်ကို တင်ပြရသည်ဟု မွန်ပြည်သစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး က ပြောသည်။

“ဟိုအရင် လွန်ခဲ့တဲ့ နှစ်ကရော နောက် COVID ကာလတွေရော ကျနော်တို့က ကျနော်တို့ ဒေသရော ကျ နော်တို့ တပ်ဖွဲ့ဝင်တွေရောက အခြေခံရိက္ခာအတွက် ဒီ အစိုးရက ရိက္ခာထုတ်ပေးတယ်လေ ပြည်သူတွေ ကို အဲဒီ အစိုးရ ရိက္ခာထုတ်တော့ ကျနော်တို့ ဒေသက မပါဘူးပေါ့နော်။ ကျနော်တို့ စိုးမိုးဧရိယာ မပါဘူး ကျနော်တို့ တပ်ဖွဲ့ဝင်အတွက် မပါဘူး။ အဲဒါကျနော်တို့က အခက်အခဲဖြစ်တယ်ဆိုတဲ့အကြောင်း အရင်က တင်ထား တာရှိတယ်။ ကျနော်တို့ အဖွဲ့က အခြေခံရိက္ခာအတွက် အဲလိုအခက်အခဲဖြစ်တယ်။ နောက်တော့ ဒီ COVID ကာလမှာ သွားရေးလာရေးတို့ ကုန်ဈေးနှုန်း ပြဿနာတို့ အဲလိုပေါ့ အခက်အခဲက တအားဖြစ် တယ်။ ဒါ ကြောင့်မို့လို့ ကူညီပေးပါလို့ အဲလိုတောင်းဆိုထားခဲ့တာရှိတယ်။ ၂၀၂၀ အတွင်းမှာပဲ တင်ထားတယ်။”

မွန်ပြည်သစ်ပါတီ NMSP ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC နှင့် ကရင် အမျိုးသား ဒီမိုကရေစီ အကျိုး ပြုတပ်မတော် DKBA တို့ အား ကျပ်သိန်း ၁၀၀၀ စီ၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO တို့အား ကျပ်သိန်း ၇၅၀၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နှင့် မြန် မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တို့အား ကျပ်သိန်း ၅၀၀ စီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အား ကျပ်သိန်း ၂၅၀ ထောက်ပံ့ ပေးခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာ တွင် တွေ့ရသည်။

NCA အပစ်ရပ် အဖွဲ့များအနေဖြင့် ဒေသအတွင်း COVID- 19 ကာကွယ်ထိန်းချုပ်ရန်နှင့် ပြည်သူများ၏ အ ခက် အခဲများကို ကူညီဆောင်ရွက်ပေးရန် အစရှိသည့် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် NRPC ထံ အကူ အညီတောင်းခံခြင်းဖြစ်သည်ဟု ဆိုသည်။

NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှာ ကရင်အမျိုးသား အ စည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သားလွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင် အမျိုးသား ဒီမိုက ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။

ZAWGYI…

KNU ႏွင့္ RCSS ေထာက္ပံ့ေၾကးမယူ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၃၁ ရက္။

COVID-19 ကာလအတြင္း အပစ္ရပ္အဖြဲ႔မ်ားကို အစိုးရက ေထာက္ပံ့ေပးရာတြင္ ကရင့္အမ်ဳိးသား အစည္းအရံုး KNU ႏွင့္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) တုိ႔က ေထာက္ပံ့ေၾကး ေတာင္းခံခဲ့ျခင္းမရွိေၾကာင္း သိရသည္။

NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႔ ၂ ဖြဲ႔မွာ COVID-19 ကာကြယ္ထိန္းခ်ဳပ္သည့္ ကာလအတြင္း အစိုးရ၏ ကူညီေထာက္ပံမႈကို ေတာင္းခံထားျခင္း မရွိသကဲ့သို႔ လက္ခံရရွိျခင္းလည္း မရွိဟု အပစ္ရပ္ေခါင္းေဆာင္မ်ား က ေျပာသည္။

ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခမ္းစံက “အဲဒီကိစၥက် ေတာ့ က်ေနာ္တို႔ RCSS အေနနဲ႔က်ေတာ့ စာတင္တာလည္း မရွိဘူးေပါ့ေနာ။ ေနာက္ ေငြလက္ခံျခင္း လည္း မရွိဘူးေပါ့။ အဓိကကေတာ့ က်ေနာ္တို႔ စာမတင္ဘူးေပါ့။ စာမပို႔ဘူးေလ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ NRPC က ကူမယ္ဆိုရင္ေတာ့ အဓိကက်ေတာ့ သူက စာေပးပို႔ရမယ္ေလ စာေပးပို႔ၿပီးမွ ကူညီတဲ့ သေဘာ ေပါ့ေနာ္။ က်ေနာ္တို႔ RCSS က်ေတာ့ က်ေနာ္တို႔ ေတာင္းထားတာ မရွိဘူးေပါ့” ဟု ေျပာသည္။

NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္း ၁၀ ဖြဲ႔အနက္ ၈ ဖြဲ႔မွာ အစိုးရထံမွ ကူညီေထာက္ပံ့မႈကို ေတာင္းခံထားသည့္အတြက္ လက္ခံရရွိျခင္းျဖစ္ၿပီး RCSS ႏွင့္ KNU တို႔မွာ အစိုးရထံ တင္ျပေတာင္း ခံထားျခင္း မရွိသကဲ့သို႔ လက္ခံရရွိထားျခင္းလည္း မရွိဟု ဆို သည္။

ခ်င္းအမ်ိဳးသားတပ္ဦး CNF ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ေရႊခါးက “က်ေနာ္တို႔ NCA- EAOs အဖြဲ႔ေတြ က ေတာင္းတာေပါ့ေနာ္။ ေတာင္းေတာ့ RCSS၊ KNU ကေတာ့ မယူဘူးေပါ့။ ဆိုေတာ့ က်န္တဲ့ ဒီ ၈ ဖြဲ႔က ေတာ့ က်ေနာ္တို႔ ယူၾကတာေပါ့ေနာ္။ လိုအပ္ခ်က္အေပၚမွာ တင္ျပခ်က္အေပၚမွာ သူတို႔ဖက္ကလည္း တြက္ ခ်က္ ၿပီးေတာ့ ေပးတာ ျဖစ္ပါတယ္ေပါ့ေနာ္။ အနည္းအမ်ားအလိုက္ေပါ့ေနာ” ဟု ေျပာသည္။

အစိုးရ၏ ေထာက္ပံ့ေငြ ကိစၥႏွင့္ ပတ္သက္၍ ကရင္အမ်ိဳးသား အစည္းအရံုး KNU ၏ သေဘာ ထားကို သိရွိႏိုင္ရန္အတြက္ KNU မွ ေျပာေရးဆိုခြင့္ ရွိသူမ်ားကို ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ပါ။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC မွ COVID-19 ထိန္းခ်ဳပ္သည့္ ကာလအတြင္း NCA အပစ္ရပ္ ၈ ဖြဲ႔၏ တပ္ဖြဲ႔၀င္မ်ားႏွင့္ ၎တို႔၏ မိသားစုမ်ား စား၀တ္ ေနေရးအတြက္ ေထာက္ပံေငြေပးပို႔ထားသည့္ စာမ်ားမွာ လူမႈကြန္ရက္တြင္ ျပန႔္ႏွ႔ံေနခဲ့သည္။

အဆိုပါစာႏွင့္ပတ္သက္၍ အစိုးရမွ တရား၀င္ ထုတ္ျပန္ေျပာဆိုျခင္း မရွိေသာ္လည္း NCA အပစ္ရပ္ အဖြဲ႔အ ခ်ိဳ႕က အစိုးရထံမွ ေထာက္ပံ့ေငြ လက္ခံ ရရွိေၾကာင္း သတင္းႏွင့္ မီဒီယာကြန္ရက္ အား အတည္ျပဳေျပာဆို ထားသည္။

“ပထမက က်ေနာ္တို႔က မိသားစု၀င္ေတြနဲ႔ ဆိုေတာ့ အဲဒီ COVID ကာလမွာ က်ေနာ္တို႔ အခက္အခဲ ရွိတဲ့ ဟာ ကို ေျဖရွင္းေပးဖို႔ေပါ့ေနာ္။ ဒုတိယအေနနဲ႔ က်ေနာ္တို႔ ဒီ ကိုယ့္နယ္ေျမအလိုက္မွာ COVID လုပ္ငန္း ေတြ ေဆာင္ရြက္ေနရတာေပါ့ေနာ္ ဥပမာဆိုရင္ awareness raising (အသိပညာ ျမွင့္တင္ေရး) တို႔ ၿပီးေတာ့ တကယ္လို႔ suspect case (သံသယ လူနာ) ေတြ ရွိရင္လည္း quarantine (သီးျခားခြဲ ေစာင့္ၾကည့္ျခင္း) ေတြဘာေတြ လုပ္ႏိုင္ေအာင္ ဆိုၿပီးေတာ့မွ ရွိတယ္ေပါ့။ ၿပီးေတာ့ က်ေနာ္တို႔ ေတာ္ေတာ္မ်ားမ်ား နယ္ေျမေတြလည္း နယ္စပ္မွာပဲ ဆိုေတာ့ နယ္စပ္ေက်ာ္လာရင္ အဲဒါမ်ိဳး ေတြလို quarantine လုပ္ႏိုင္ေအာင္ဆိုၿပီးမွ က်ေနာ္တို႔ လုပ္တာေပါ့ေနာ္။ ဆိုေတာ့ အဲဒါေတြအတြက္ပါ” ဟု ေဒါက္တာ ေရႊခါး က ေျပာသည္။

အစိုးရထံမွ ေထာက္ပံ့ေငြ ရရွိရန္အတြက္ NCA-EAOs မ်ားအေနျဖင့္ ၂၀၂၀ ခုႏွစ္ ႏွစ္ဆန္းပိုင္းက အမ်ိဳး သား ျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC ထံသို႔ စာတင္ေတာင္းခံထားျခင္းျဖစ္ၿပီး စာထဲတြင္ အဖြဲ႔အစည္းအလိုက္ အခက္အခဲ အေျခအေန အရပ္ရပ္ကို တင္ျပရသည္ဟု မြန္ျပည္သစ္ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငး က ေျပာသည္။

“ဟိုအရင္ လြန္ခဲ့တဲ့ ႏွစ္ကေရာ ေနာက္ COVID ကာလေတြေရာ က်ေနာ္တို႔က က်ေနာ္တို႔ ေဒသေရာ က် ေနာ္တို႔ တပ္ဖြဲ႔၀င္ေတြေရာက အေျခခံရိကၡာအတြက္ ဒီ အစိုးရက ရိကၡာထုတ္ေပးတယ္ေလ ျပည္သူေတြ ကို အဲဒီ အစိုးရ ရိကၡာထုတ္ေတာ့ က်ေနာ္တို႔ ေဒသက မပါဘူးေပါ့ေနာ္။ က်ေနာ္တို႔ စိုးမိုးဧရိယာ မပါဘူး က်ေနာ္တို႔ တပ္ဖြဲ႔၀င္အတြက္ မပါဘူး။ အဲဒါက်ေနာ္တို႔က အခက္အခဲျဖစ္တယ္ဆိုတဲ့အေၾကာင္း အရင္က တင္ထား တာရွိတယ္။ က်ေနာ္တို႔ အဖြဲ႔က အေျခခံရိကၡာအတြက္ အဲလိုအခက္အခဲျဖစ္တယ္။ ေနာက္ေတာ့ ဒီ COVID ကာလမွာ သြားေရးလာေရးတို႔ ကုန္ေစ်းႏႈန္း ျပႆနာတို႔ အဲလိုေပါ့ အခက္အခဲက တအားျဖစ္ တယ္။ ဒါ ေၾကာင့္မို႔လို႔ ကူညီေပးပါလို႔ အဲလိုေတာင္းဆိုထားခဲ့တာရွိတယ္။ ၂၀၂၀ အတြင္းမွာပဲ တင္ထားတယ္။”

မြန္ျပည္သစ္ပါတီ NMSP ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ႏွင့္ ကရင္ အမ်ိဳးသား ဒီမိုကေရစီ အက်ိဳး ျပဳတပ္မေတာ္ DKBA တို႔ အား က်ပ္သိန္း ၁၀၀၀ စီ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ႏွင့္ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရး အဖြဲ႕ခ်ဴပ္ PNLO တုိ႔အား က်ပ္သိန္း ၇၅၀၊ ရခိုင္ျပည္ လြတ္ေျမာက္ေရးပါတီ ALP ႏွင့္ ျမန္ မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္ တပ္ဦး ABSDF တို႔အား က်ပ္သိန္း ၅၀၀ စီႏွင့္ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး LDU အား က်ပ္သိန္း ၂၅၀ ေထာက္ပံ့ ေပးခဲ့သည္ဟု လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ေတြ႕ရသည္။

NCA အပစ္ရပ္ အဖြဲ႔မ်ားအေနျဖင့္ ေဒသအတြင္း COVID- 19 ကာကြယ္ထိန္းခ်ဳပ္ရန္ႏွင့္ ျပည္သူမ်ား၏ အ ခက္ အခဲမ်ားကို ကူညီေဆာင္ရြက္ေပးရန္ အစရွိသည့္ ကိစၥရပ္မ်ားကို ေျဖရွင္းရန္အတြက္ NRPC ထံ အကူ အညီေတာင္းခံျခင္းျဖစ္သည္ဟု ဆိုသည္။

NCA လက္မွတ္ေရးထိုးထားၾကသည့္ တိုင္းသား လက္နက္ကိုင္ အဖြဲ႕အစည္း ၁၀ ဖြဲ႔မွာ ကရင္အမ်ိဳးသား အ စည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္ တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳး သားလြတ္ေျမာက္ေရး အဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္ လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္ လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္ အမ်ိဳးသား ဒီမိုက ေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ပါတီ NMSP ႏွင့္ လားဟူ ဒီမိုကရက္ တစ္အစည္းအ႐ုံး LDU အဖြဲ႕တို႔ျဖစ္သည္။