ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၇၆)
တနင်္သာရီတိုင်းဒေသကြီးထဲမှာ အကောင်အထည်ဖော်မဲ့ “ကုန်းမြေမှသည် ပင်လယ် သန္တာကျောက်တန်းဆီသို့” (Ridge to Reef Project) ဆိုတဲ့ အကြီးစား ကာကွယ်ထိန်းသိမ်းရေး စီမံကိန်းကို တစ်ခုလည်းရှိနေပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေက ဘာမှ မသိရှိထားဘူးလို့ ဆိုကြပါတယ်။ FPIC လို့ခေါ်တဲ့ လူထုကို လွတ်လပ်စွာ ကြိုတင်အသိပေးခြင်းနဲ့ သဘောထားရယူခြင်းတွေ မရှိတဲ့အပေါ်လည်း ထောက်ပြနေကြပါတယ်။
အပေါ်ကနေစီမံပြီး ချပေးလိုက်တဲ့ ကာကွယ်ထိန်းသိမ်းရေးစီမံကိန်းတွေဟာ ဒေသခံတွေရဲ့ လူနေမှုဘဝ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက် ခြိမ်းခြောက်မှုတွေရှိလာတယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု မရှိပဲ အကောင်အထည်ဖော်နေတာကိုလည်း ထောက်ပြနေကြပါတယ်။ အပေါ်ကနေစီမံပြီးချ ပေးတဲ့ စနစ်၊ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဒေသခံတွေရဲ့ အသံ မပါဝင်တာတွေလည်း ဖက်ဒရယ်အခြေခံမူ တွေနဲ့ ဆန့်ကျင်နေတာဖြစ်ပါတယ်။
ဒီစီမံကိန်းကိုလည်း ဆက်လက်မပြုလုပ်ဖို့ တနောသရီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မဟာမိတ် အဖွဲ့(CAT)က တောင်းဆိုလိုက်တဲ့အကြောင်းတွေကို ဒီတပတ်ရဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
ZAWGYI…
ၿငိမ္းခ်မ္းေရးအတြက္ ဖက္ဒရယ္ အပိုင္း (၇၆)
တနသၤာရီတိုင္းေဒသႀကီးထဲမွာ အေကာင္အထည္ေဖာ္မဲ့ “ကုန္းေျမမွသည္ ပင္လယ္ သႏၲာေက်ာက္တန္းဆီသို႔” (Ridge to Reef Project) ဆိုတဲ့ အႀကီးစား ကာကြယ္ထိန္းသိမ္းေရး စီမံကိန္းကို တစ္ခုလည္းရွိေနပါတယ္။ ဒီစီမံကိန္းနဲ႔ပတ္သက္ၿပီး ေဒသခံေတြက ဘာမွ မသိရွိထားဘူးလို႔ ဆိုၾကပါတယ္။ FPIC လို႔ေခၚတဲ့ လူထုကို လြတ္လပ္စြာ ႀကိဳတင္အသိေပးျခင္းနဲ႔ သေဘာထားရယူျခင္းေတြ မရွိတဲ့အေပၚလည္း ေထာက္ျပေနၾကပါတယ္။
အေပၚကေနစီမံၿပီး ခ်ေပးလိုက္တဲ့ ကာကြယ္ထိန္းသိမ္းေရးစီမံကိန္းေတြဟာ ေဒသခံေတြရဲ႕ လူေနမႈဘဝ၊ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြကို ထိခိုက္ ၿခိမ္းေျခာက္မႈေတြရွိလာတယ္လို႔ ဆိုပါတယ္။ ေဒသခံေတြရဲ႕ ပူးေပါင္းပါဝင္မႈ မရွိပဲ အေကာင္အထည္ေဖာ္ေနတာကိုလည္း ေထာက္ျပေနၾကပါတယ္။ အေပၚကေနစီမံၿပီးခ် ေပးတဲ့ စနစ္၊ ေဒသခံေတြရဲ႕ ပူးေပါင္းပါဝင္မႈ၊ ေဒသခံေတြရဲ႕ အသံ မပါဝင္တာေတြလည္း ဖက္ဒရယ္အေျခခံမူ ေတြနဲ႔ ဆန႔္က်င္ေနတာျဖစ္ပါတယ္။
ဒီစီမံကိန္းကိုလည္း ဆက္လက္မျပဳလုပ္ဖို႔ တေနာသရီ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ မဟာမိတ္ အဖြဲ႕(CAT)က ေတာင္းဆိုလိုက္တဲ့အေၾကာင္းေတြကို ဒီတပတ္ရဲ႕ ၿငိမ္းခ်မ္းေရးအတြက္ ဖက္ဒရယ္အစီအစဥ္ကေန တင္ဆက္ေပးထားပါတယ္။
ဒီအစီအစဥ္ကို Network Media Group ႏွင့္ Mizzima Media Group တို႔ ပူးေပါင္းစီစဥ္ တင္ဆက္ထားတာ ျဖစ္ၿပီး အပတ္စဥ္ တနဂၤေႏြေန႔ည ၈း၁၀ နာရီ တြင္ အစီအစဥ္အသစ္ကို Mizzima TV ကေန ထုတ္လႊင့္ ေပးေနၿပီ ျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ ထုတ္လႊင့္ေပးခဲ့တဲ့ အစီအစဥ္ကို ေသာၾကာေန႔ မြန္းလႊဲပိုင္း-၂း၄၅ နာရီတို႔မွာ Mizzima TV ကေန ျပန္လည္ထုတ္လႊင့္ ျပသေပးသြားမွာ ျဖစ္ပါတယ္။