ကရင်ပြည်နယ်အတွင်း မွန်ပြည်သစ် ထိန်းချုပ်နယ်မြေများအတွင်း စားဝတ်နေရေး အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၄ ရက်။

ကရင်ပြည်နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေများတွင် ဒေသခံပြည်သူများမှာ COVID- 19 ကာလအတွင်း စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။

မွန်ပြည်သစ်ပါတီ၏ COVID- 19 ထိန်းချုပ်ကာကွယ် ကုသရေး ဗဟိုအဆင့် အဖွဲ့ခေါင်းဆောင် နိုင်ဗညား လယ် က “အဓိကက ကြာအင်းဆိပ်ကြီးမြို့နယ်မှာကျတော့ နည်းနည်းတော့ အခက်အခဲတော့ ရှိတယ်။ ကြာ အင်းဆိပ်ကြီး တောင်ပေါက်ဒေသ ရွာပေါင်း ၂၄ ရွာရှိတယ်ပေါ့။ အဲဒီနေရာမှာ မွန်ရွာလည်းရှိတယ်။ ကရင် ရွာလည်းရှိတယ်” ဟု ပြောသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းရှိ မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်ရာ ဒေသများတွင် သက်ဆိုင် ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများထံမှ ကူညီထောက်ပံ့မှုကို ရရှိထားသော်လည်း ကရင်ပြည်နယ် မှ ပြည်သူများမှာ တစ်စုံတစ်ရာ အကူအညီမရရှိသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင် နေရသည် ဟု နိုင်ဗညားလယ် က ဆက်ပြောသည်။

“ကရင်ပြည်နယ် အစိုးရ အနေနဲ့ ကျနော်တို့ ဒီ ဥပမာ ကျနော်တို့ ထိန်းချုပ်နယ်မြေဆိုလို့ရှိရင် ကြာအင်း ဆိပ်ကြီးတို့ ဒီကော့ကရိတ်မြို့နယ်တို့ ဆိုလို့ ရှိရင် ကရင်ပြည်နယ် အစိုးရထဲမှာပါတယ်။ ကရင်ပြည်နယ် ထဲ မှာပါတယ်။ ဒါပေမယ့် သူတို့အတွက် ကျတော့ သက်ဆိုင်ရာ ကရင်ပြည်နယ် အစိုးရအနေနဲ့ ထောက်ပံ့မှု ကတော့ တစ်စုံတစ်ရာတော့ မရရှိခဲ့ဘူးပေါ့။”

ထို့ကြောင့် အဆိုပါဒေသများရှိ ပြည်သူများကို ကူညီထောက်ပံ့နိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ အနေဖြင့် ဒေသခံများ ၏ အိမ်ထောင်စု နှင့် ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များကို ကောက်ခံထားပြီး NGO ၊ INGO စသည့် ကူညီထောက်ပံ့မှု ပေးနေသည့် အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုကို ရရှိနိုင်ရန် ကြိုးစား ဆောင်ရွက်နေသည်ဟု မွန်ပြည်သစ်ပါတီ NMSP က ပြောသည်။

အခြားတစ်ဖက်တွင် မွန်ပြည်နယ်အစိုးရမှ ၎င်းတို့ ထိန်းချုပ်ရာဒေသရှိ မွန်ပြည်နယ် ရေချောင်းဖျားမှ ပြည်သူ များကို ကူညီထောက်ပံ့မှု ပေးသကဲ့သို့ တနင်္သာရီတိုင်း အစိုးရမှလည်း ရေဖြူမြို့နယ်မှ ပြည်သူများကို ကူညီ ထောက်ပံ့ပေးခဲ့သည်ဟု နိုင်ဗညားလယ် က ဆက်ပြောသည်။

“အဓိကကတော့ သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေဆီမှာ ကျနော်တို့ တင်ပြတာတွေရှိတယ်။ ဒီမွန်ပြည် နယ် အစိုးရ အနေနဲ့ ကျနော်တို့ ဒီ ရေးချောင်းဖျားဒေသမှာ ရှိတဲ့ ပြည်သူလူထုအတွက် အိမ်ထောင်စု ၃၅၀၀ ကို အခြေခံစားသောက်ကုန် တစ်အိမ်ထောင်ကို တစ်သောင်းခွဲနှုန်းနဲ့ ထောက်ပံ့တာ ရှိတယ်။ နောက်ပြီး တော့ တနင်္သာရီတိုင်း အစိုးရကျတော့ ဒီရေဖြူမြို့နယ်မှာ ရှိတဲ့ ကျနော်တို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ် မြေ ဒေသမှာ ရှိတဲ့ အိမ်ထောင်စု ၄၀၀ ထောက်ပံ့ထားတယ်။”

ထိုထောက်ပံ့မှုမှာ လုံလောက်သော ထောက်ပံ့မှုမဖြစ်သော်လည်း ပြည်သူများ၏ စားဝတ်နေရေး ခက်ခဲမှု မှာ အတိုင်းအတာ တစ်ခုအထိ သက်သာ မှု ရရှိခဲ့သည်ဟု ဆိုသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသအတွင်းက ၎င်းတို့ထိန်းချုပ်ရာ ဒေသများရှိ ပြည်သူများကို သက်ဆိုင် ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ အခြေခံ စားသောက်ကုန်များကို ကူညီထောက်ပံမှု ပေးသကဲ့သို့ ကရင်ပြည်နယ်အတွင်းက ပြည်သူများကိုလည်း ကရင်ပြည်နယ် အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးစေလို သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP သည် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုင်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

*** ZAWGYI ***
ကရင္ျပည္နယ္အတြင္း မြန္ျပည္သစ္ ထိန္းခ်ဳပ္နယ္ေျမမ်ားအတြင္း စား၀တ္ေနေရး အခက္ေတြ႔

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၄ ရက္။

ကရင္ျပည္နယ္အတြင္းရွိ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ရာ နယ္ေျမမ်ားတြင္ ေဒသခံျပည္သူမ်ားမွာ COVID- 19 ကာလအတြင္း စား၀တ္ေနေရး အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရသည္ဟု မြန္ျပည္သစ္ပါတီ NMSP က ေျပာသည္။

မြန္ျပည္သစ္ပါတီ၏ COVID- 19 ထိန္းခ်ဳပ္ကာကြယ္ ကုသေရး ဗဟိုအဆင့္ အဖြဲ႔ေခါင္းေဆာင္ ႏိုင္ဗညား လယ္ က “အဓိကက ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာက်ေတာ့ နည္းနည္းေတာ့ အခက္အခဲေတာ့ ရွိတယ္။ ၾကာ အင္းဆိပ္ႀကီး ေတာင္ေပါက္ေဒသ ရြာေပါင္း ၂၄ ရြာရွိတယ္ေပါ့။ အဲဒီေနရာမွာ မြန္ရြာလည္းရွိတယ္။ ကရင္ ရြာလည္းရွိတယ္” ဟု ေျပာသည္။

မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္း အတြင္းရွိ မြန္ျပည္သစ္ပါတီ NMSP ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ သက္ဆိုင္ ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အစိုးရမ်ားထံမွ ကူညီေထာက္ပ့ံမႈကို ရရွိထားေသာ္လည္း ကရင္ျပည္နယ္ မွ ျပည္သူမ်ားမွာ တစ္စံုတစ္ရာ အကူအညီမရရွိသည့္အတြက္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ ေနရသည္ ဟု ႏိုင္ဗညားလယ္ က ဆက္ေျပာသည္။

“ကရင္ျပည္နယ္ အစိုးရ အေနနဲ႔ က်ေနာ္တို႔ ဒီ ဥပမာ က်ေနာ္တို႔ ထိန္းခ်ဳပ္နယ္ေျမဆိုလို႔ရွိရင္ ၾကာအင္း ဆိပ္ႀကီးတို႔ ဒီေကာ့ကရိတ္ၿမိဳ႕နယ္တို႔ ဆိုလို႔ ရွိရင္ ကရင္ျပည္နယ္ အစိုးရထဲမွာပါတယ္။ ကရင္ျပည္နယ္ ထဲ မွာပါတယ္။ ဒါေပမယ့္ သူတို႔အတြက္ က်ေတာ့ သက္ဆိုင္ရာ ကရင္ျပည္နယ္ အစိုးရအေနနဲ႔ ေထာက္ပံ့မႈ ကေတာ့ တစ္စံုတစ္ရာေတာ့ မရရွိခဲ့ဘူးေပါ့။”

ထို႔ေၾကာင့္ အဆိုပါေဒသမ်ားရွိ ျပည္သူမ်ားကို ကူညီေထာက္ပံ့ႏိုင္ရန္အတြက္ မြန္ျပည္သစ္ပါတီ အေနျဖင့္ ေဒသခံမ်ား ၏ အိမ္ေထာင္စု ႏွင့္ ပိုင္ဆိုင္မႈဆိုင္ရာ အခ်က္အလက္မ်ားကို ေကာက္ခံထားၿပီး NGO ၊ INGO စသည့္ ကူညီေထာက္ပံ့မႈ ေပးေနသည့္ အဖြဲ႔အစည္းမ်ားထံမွ ကူညီေထာက္ပံ့မႈကို ရရွိႏိုင္ရန္ ႀကိဳးစား ေဆာင္ရြက္ေနသည္ဟု မြန္ျပည္သစ္ပါတီ NMSP က ေျပာသည္။

အျခားတစ္ဖက္တြင္ မြန္ျပည္နယ္အစိုးရမွ ၎တို႔ ထိန္းခ်ဳပ္ရာေဒသရွိ မြန္ျပည္နယ္ ေရေခ်ာင္းဖ်ားမွ ျပည္သူ မ်ားကို ကူညီေထာက္ပံ့မႈ ေပးသကဲ့သို႔ တနသၤာရီတိုင္း အစိုးရမွလည္း ေရျဖဴၿမိဳ႕နယ္မွ ျပည္သူမ်ားကို ကူညီ ေထာက္ပံ့ေပးခဲ့သည္ဟု ႏိုင္ဗညားလယ္ က ဆက္ေျပာသည္။

“အဓိကကေတာ့ သက္ဆိုင္ရာ ျပည္နယ္ အစိုးရေတြဆီမွာ က်ေနာ္တို႔ တင္ျပတာေတြရွိတယ္။ ဒီမြန္ျပည္ နယ္ အစိုးရ အေနနဲ႔ က်ေနာ္တို႔ ဒီ ေရးေခ်ာင္းဖ်ားေဒသမွာ ရွိတဲ့ ျပည္သူလူထုအတြက္ အိမ္ေထာင္စု ၃၅၀၀ ကို အေျခခံစားေသာက္ကုန္ တစ္အိမ္ေထာင္ကို တစ္ေသာင္းခြဲႏႈန္းနဲ႔ ေထာက္ပံ့တာ ရွိတယ္။ ေနာက္ၿပီး ေတာ့ တနသၤာရီတိုင္း အစိုးရက်ေတာ့ ဒီေရျဖဴၿမိဳ႕နယ္မွာ ရွိတဲ့ က်ေနာ္တို႔ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ ေျမ ေဒသမွာ ရွိတဲ့ အိမ္ေထာင္စု ၄၀၀ ေထာက္ပံ့ထားတယ္။”

ထိုေထာက္ပံ့မႈမွာ လံုေလာက္ေသာ ေထာက္ပံ့မႈမျဖစ္ေသာ္လည္း ျပည္သူမ်ား၏ စား၀တ္ေနေရး ခက္ခဲမႈ မွာ အတိုင္းအတာ တစ္ခုအထိ သက္သာ မႈ ရရွိခဲ့သည္ဟု ဆိုသည္။

မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္း ေဒသအတြင္းက ၎တို႔ထိန္းခ်ဳပ္ရာ ေဒသမ်ားရွိ ျပည္သူမ်ားကို သက္ဆိုင္ ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အစိုးရမ်ား အေျခခံ စားေသာက္ကုန္မ်ားကို ကူညီေထာက္ပံမႈ ေပးသကဲ့သို႔ ကရင္ျပည္နယ္အတြင္းက ျပည္သူမ်ားကိုလည္း ကရင္ျပည္နယ္ အစိုးရအေနျဖင့္ ကူညီေထာက္ပံ့ေပးေစလို သည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။

မြန္ျပည္သစ္ပါတီ NMSP သည္ အျခားတိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္း ၁၀ ဖြဲ႔ႏွင့္ အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုင္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးထားသည့္ အဖဲြဲ႔ျဖစ္သည္။