ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၇၈)
ငြိမ်းချမ်းရေး နဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အပြန်အလှန်အကျိုး သက်ရောက်နေတဲ့ အတွက် ငြိမ်း ချမ်းရေး ရရှိမှပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း လုပ်ဆောင်နိုင်မယ်လို့ ကချင်ပြည် နယ် ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲပြီး တက်လာတဲ့ အစိုးရအနေနဲ့ တိုင်းပြည်ကို ဒီမိုကရေစီဖွံ့ဖြိုးမှု၊ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်နိုင်ရေးအတွက် သိသာထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်စဉ်ဖြစ်လာဖို့ မျှော်လင့် ခဲ့ကြတာပါ။
ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အထူးအလေးထားပြီး မျှော်လင့်ခဲ့ကြပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အာဏာရခဲ့တဲ့၊ ပြည်သူတွေ ယုံယုံကြည်ကြည် မဲပေးခဲ့ကြတဲ့ အစိုး ရ ကိုယ်တိုင်တောင် အကောင်အထည်မဖော်နိုင်ခဲ့တဲ့အပေါ် နိုင်ငံရေးပါတီက ခေါင်းဆောင်တချို့ ဘယ်လို သုံးသပ်ထားပါသလဲ၊ NLD အစိုးရလက်ထက် ကချင်ပြည်နယ်ထဲ ဘာတွေပြောင်းလဲ လုပ်ဆောင် နိုင်ခဲ့သ လဲ၊ ပြည်နယ်ဝန်ကြီးချုပ်က ဘာတွေပြောထားပါသလဲ
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
ZAWGYI…