ဖားကန့်ရေကြီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ရပ်ကွက် (၅) ခုထက် မနည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည် ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းက လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ ငှက်ပျောတော စသည့်နေရာများတွင် သြဂုတ်လ ၁၀ ရက်နေ့ (ယနေ့) တွင် ရေကြီးရေလျှံမှုများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်အခြေဆိုက် Greenland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တာဝန်ခံ ဦးနောင်လတ် က “ရေကြီး ပါတယ်။ ရေကြီးတာကတော့ လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ နမ့်တိန်းပေါ့ အဲ့ဒီဘက်တွေမှာ ကြီးတာ ပါ။ နှစ်တိုင်းပါပဲ ကျနော်တို့ ဖားကန့်မှက ရေကြီးတာလေ။ တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်တော့ ကြီး တယ်။ မိုးကြီးရင် ကြီးသလိုပေါ့ ရေကြီးရေလျှံဖြစ်နေကြပါ” ဟု ပြောသည်။

ဖားကန့်ဒေသအတွင်း ယခုရက်ပိုင်း မိုးများ ဆက်တိုက်ရွာသွန်းနေသည်မှာ ၃ ရက် ခန့် ရှိပြီဖြစ်ပြီး ယနေ့ နံနက် ပိုင်းအချိန်ခန့်မှ စတင်ပြီး ရေကြီးလာခဲ့ခြင်းဖြစ်သည်ဟု ဦးနောင်လတ် က ပြောသည်။

“လုံးခင်းမှာဆိုရင် ရပ်ကွက်လေးပေါ့၊ ဥရုချောင်းနဲ့ နီးနေတယ်။ ပြီးရင် ဖားကန့်ဆိုရင် ငှက်ပျောတောပေါ့။ ပြီးရင် ဆိုင်းတောင်ဆိုရင် ဝှေ့ခါနဲ့ ဒီဝှေ့ခါချောင်းနဲ့ နီးတဲ့အခါကြတော့ ဒီအောက်ပိုင်းတို့ ပေါ့၊ မြေနိမ့်ပိုင်းတွေဆို ရေက ကြီးပြီလေ။ ဒီရက်ပိုင်းက မိုးကလည်းကြီးတယ်။ သုံးလေးရက်ရှိပြီ မိုးရွာနေတာ။ အဓိကတော့ လုံးခင်းတို့၊ ဖား ကန့်တို့မှာ မိုးရွာရင် ရေကြီးလေ့တော့ မရှိဘူး။ ဥရုချောင်းအထက်ပိုင်း၊ ကန်စင်းအထက်ဘက် မိုးရွာပြီဆိုရင် စိုးရိမ်ရတဲ့အနေအထားမျိုး ရှိတာပေါ့။”

အလားတူ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင်လည်း ရေကြီးရေလျှံနေသည့်အတွက် ခရီးသွားကားများ ရာနှင့်ချီ လမ်းတွင် ပိတ်မိနေသည်ဟု သိရသည်။

ဖားကန့်သို့သွားသည့် ခရီးသည် ဦးအာဆီး က “ဒီနေ့ မနက်ကတည်းကသွားတာ အခုထိ လမ်းမှာပဲ ရှိသေး တယ်။ ဖားကန့်ကို မရောက်သေးဘူး။ နမ့်တိန်းချောင်းလည်း ရေကြီးနေတော့ ကားတွေက လမ်းမှာ ပိတ်နေ တယ်။ ကားတန်းကြီးဆို အရှည်ကြီးပဲ။ တော်တော်များတယ်။ ကားက ရာနဲ့ချီရှိမယ်။ ကားက အနိမ့်တွေ၊ ကား အသေးတွေ ဆိုရင် ဖြတ်လို့တောင် မရဘူး။ ကားနည်းနည်းမြင့်မှပဲ သွားလို့ရတယ်။ ဖားကန့်သွားတဲ့လူရော၊ ဖားကန့်ကနေ မြစ်ကြီးနားကိုပြန်လာတဲ့ကားတွေရောပေါ့ လမ်းမှာ ပိတ်မိနေတယ်” ဟု ပြောသည်။

ဥရုချောင်းရေလျံမှုကြောင့် ဖားကန့်မြို့အတွင်းက ရပ်ကွက်များအတွင်းရှိ လမ်းများပေါ်နှင့် လူနေအိမ်များထဲ အထိ ရေဝင်ရောက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“ဖားကန့် ကျောက်ဝိုင်းမှာလည်း ရေပြည့်နေပြီ၊ ဟိုငှက်ပျောတော၊ အေဝမ်း၊ ရွှေကြောင် အဲ့ဒီနေရာတွေ လည်း ရေကြီးနေပြီ၊ ရေတွေရောက်နေပြီ။ တံတားတောင်ရေရောက်နေပြီ။ ရတနာမြေမှာပေါ့ နှစ်တိုင်းရေကြီးနေတာ။ ဖားကန့် ဒီဥရုချောင်းဆိုရင် အခုနောက်ပိုင်း ချောင်းသန့်ရှင်းရေးတွေ လုပ်တာရှိတယ်။ ဒါပေမယ့် ကုမ္ပဏီတွေက စည်းကမ်းမလိုက်နာကြဘူး။ မြေစာတွေ ဥရုချောင်းထဲကို ပစ်ကြလို့ ဖြစ်တာပါ။ လုပ်ကွက်ယူ ပြီးရင် ဥရုချောင်း ထဲ ပစ်ထည့် အဲ့ဒါကြောင့်ပါ” ဟု ဖားကန့်ဒေသခံ ကိုဒီးရမ် က ပြောသည်။

ကျောက်တူးဖော်သည့်ကုမ္ပဏီများက စည်းမဲ့ကမ်းမဲ့ ကျောက်တူးဖော်ခြင်း၊ မြေစာများအား သတ်မှတ်ထား သည့် နေရာများတွင် မစွန့်ပစ်ပဲ ဥရုချောင်းအတွင်း ထည့်ခြင်းများ ဆယ်စု နှစ်ခု ကျော်အကြာ လုပ်ကိုင်ခဲ့သည့် အတွက် ယခုခါ ဒေသခံများ သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ပြောသည်။

“အဓိကတော့ ၉၀ အလွန်ကတော့ ကြီးတာတွေ သိပ်မရှိခဲ့ဘူး။ ကုမ္ပဏီတွေ ဝင်လာပြီးနောက်ပိုင်းမှ စဖြစ်တာ။ မြေစာတွေ ပရမ်းပတာပစ်တာတွေ၊ အလွန်အကျွံတူးတာတွေကြောင့် ဖြစ်လာတာ။ နည်းနည်းမိုးရွာတာနဲ့ ဥရု ချောင်းကလည်း ရေကြောင်းတွေပျက်ပြီး အခုလို ရေကြီးတာတွေ ခပ်စိပ်စိပ်တွေ့လာရတာပေါ့။ အဲ့လိုပါပဲ။ နောက်ပြီး အခုဒီ နမ့်တိန်းချောင်းကတော့ တောင်ကျချောင်းရေကြောင့် ကြီးတာပေါ့။ ရေကျတာလည်း မြန် တယ်။ ရေကြီးတာလည်း မြန်တယ်” ဟု ဦးနောင်လတ် က ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ရပ်ကွက် ၅ ခုကျော်ခန့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ယခုခါ ဒေသခံများအနေဖြင့် အခြေအနေများအား စောင့်ကြည့်နေကြသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ဖြစ်ပေါ်နေသည့် ရေကြီးရေလျံှမှုများနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိမှု၊ မြေပြိုမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မကြားသိရသေးသလို၊ ဒေသခံများ အခြားနေရာများသို့ ပြောင်းရွှေ့ ခြင်းများလည်း မရှိသေးဘူးဟု သိရသည်။

* ZAWGYI*
ဖားကန္႔ေရၾကီး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၀ ရက္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ေဒသတြင္ ရပ္ကြက္ (၅) ခုထက္ မနည္း ေရႀကီးေရလ်ွံမႈမ်ား ျဖစ္ပြားေနသည္ ဟု ေဒသခံမ်ားက ေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္အတြင္းက လံုးခင္း၊ ဖားကန္႔၊ ဆုိင္းေတာင္၊ တာမခံ၊ ငွက္ေပ်ာေတာ စသည့္ေနရာမ်ားတြင္ ၾသဂုတ္လ ၁၀ ရက္ေန႔ (ယေန႔) တြင္ ေရႀကီးေရလ်ွံမႈမ်ား ျဖစ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဖားကန္႔အေျခဆိုက္ Greenland သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ တာဝန္ခံ ဦးေနာင္လတ္ က “ေရႀကီး ပါတယ္။ ေရႀကီးတာကေတာ့ လံုးခင္း၊ ဖားကန္႔၊ ဆုိင္းေတာင္၊ တာမခံ၊ နမ့္တိန္းေပါ့ အဲ့ဒီဘက္ေတြမွာ ႀကီးတာ ပါ။ ႏွစ္တုိင္းပါပဲ က်ေနာ္တုိ႔ ဖားကန္႔မွက ေရႀကီးတာေလ။ တစ္ႏွစ္ကို အနည္းဆံုး ႏွစ္ႀကိမ္၊ သံုးႀကိမ္ေတာ့ ႀကီး တယ္။ မိုးႀကီးရင္ ႀကီးသလိုေပါ့ ေရႀကီးေရလ်ွံျဖစ္ေနၾကပါ” ဟု ေျပာသည္။

ဖားကန္႔ေဒသအတြင္း ယခုရက္ပိုင္း မိုးမ်ား ဆက္တုိက္ရြာသြန္းေနသည္မွာ ၃ ရက္ ခန္႔ ရွိၿပီျဖစ္ၿပီး ယေန႔ နံနက္ ပိုင္းအခ်ိန္ခန္႔မွ စတင္ၿပီး ေရႀကီးလာခဲ့ျခင္းျဖစ္သည္ဟု ဦးေနာင္လတ္ က ေျပာသည္။

“လံုးခင္းမွာဆုိရင္ ရပ္ကြက္ေလးေပါ့၊ ဥရုေခ်ာင္းနဲ႔ နီးေနတယ္။ ၿပီးရင္ ဖားကန္႔ဆုိရင္ ငွက္ေပ်ာေတာေပါ့။ ၿပီးရင္ ဆိုင္းေတာင္ဆုိရင္ ေဝွ႔ခါနဲ႔ ဒီေဝွ႔ခါေခ်ာင္းနဲ႔ နီးတဲ့အခါၾကေတာ့ ဒီေအာက္ပိုင္းတို႔ ေပါ ့၊ ေျမနိမ့္ပိုင္းေတြဆို ေရက ႀကီးၿပီေလ။ ဒီရက္ပိုင္းက မိုးကလည္းႀကီးတယ္။ သံုးေလးရက္ရွိၿပီ မိုးရြာေနတာ။ အဓိကေတာ့ လံုးခင္းတို႔၊ ဖား ကန္႔တုိ႔မွာ မိုးရြာရင္ ေရႀကီးေလ့ေတာ့ မရွိဘူး။ ဥရုေခ်ာင္းအထက္ပိုင္း၊ ကန္စင္းအထက္ဘက္ မိုးရြာၿပီဆိုရင္ စိုးရိမ္ရတဲ့အေနအထားမ်ိဳး ရွိတာေပါ့။”

အလားတူ ျမစ္ႀကီးနား-ဖားကန္႔လမ္းေပၚတြင္လည္း ေရႀကီးေရလ်ွံေနသည့္အတြက္ ခရီးသြားကားမ်ား ရာႏွင့္ခ်ီ လမ္းတြင္ ပိတ္မိေနသည္ဟု သိရသည္။

ဖားကန္႔သို႔သြားသည့္ ခရီးသည္ ဦးအာဆီး က “ဒီေန႔ မနက္ကတည္းကသြားတာ အခုထိ လမ္းမွာပဲ ရိွေသး တယ္။ ဖားကန္႔ကို မေရာက္ေသးဘူး။ နမ့္တိန္းေခ်ာင္းလည္း ေရႀကီးေနေတာ့ ကားေတြက လမ္းမွာ ပိတ္ေန တယ္။ ကားတန္းႀကီးဆို အရွည္ႀကီးပဲ။ ေတာ္ေတာ္မ်ားတယ္။ ကားက ရာနဲ႔ခ်ီရွိမယ္။ ကားက အနိမ့္ေတြ၊ ကား အေသးေတြ ဆုိရင္ ျဖတ္လုိ႔ေတာင္ မရဘူး။ ကားနည္းနည္းျမင့္မွပဲ သြားလို႔ရတယ္။ ဖားကန္႔သြားတ့ဲလူေရာ၊ ဖားကန္႔ကေန ျမစ္ႀကီးနားကိုျပန္လာတဲ့ကားေတြေရာေပါ့ လမ္းမွာ ပိတ္မိေနတယ္” ဟု ေျပာသည္။

ဥ႐ုေခ်ာင္းေရလ်ံမႈေၾကာင့္ ဖားကန႔္ၿမိဳ႕အတြင္းက ရပ္ကြက္မ်ားအတြင္းရွိ လမ္းမ်ားေပၚႏွင့္ လူေနအိမ္မ်ားထဲ အထိ ေရဝင္ေရာက္မႈမ်ား ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ဖားကန္႔ ေက်ာက္ဝိုင္းမွာလည္း ေရျပည့္ေနၿပီ၊ ဟိုငွက္ေပ်ာေတာ၊ ေအဝမ္း၊ ေရႊေၾကာင္ အဲ့ဒီေနရာေတြ လည္း ေရႀကီးေနၿပီ၊ ေရေတြေရာက္ေနၿပီ။ တံတားေတာင္ေရေရာက္ေနၿပီ။ ရတနာေျမမွာေပါ့ ႏွစ္တုိင္းေရႀကီးေနတာ။ ဖားကန္႔ ဒီဥရုေခ်ာင္းဆိုရင္ အခုေနာက္ပိုင္း ေခ်ာင္းသန္႔ရွင္းေရးေတြ လုပ္တာရွိတယ္။ ဒါေပမယ့္ ကုမၸဏီေတြက စည္းကမ္းမလုိက္နာႀကဘူး။ ေျမစာေတြ ဥရုေခ်ာင္းထဲကို ပစ္ၾကလို႔ ျဖစ္တာပါ။ လုပ္ကြက္ယူ ၿပီးရင္ ဥရုေခ်ာင္း ထဲ ပစ္ထည့္ အဲ့ဒါေၾကာင့္ပါ” ဟု ဖားကန္႔ေဒသခံ ကိုဒီးရမ္ က ေျပာသည္။

ေက်ာက္တူးေဖာ္သည့္ကုမၸဏီမ်ားက စည္းမဲ့ကမ္းမဲ့ ေက်ာက္တူးေဖာ္ျခင္း၊ ေျမစာမ်ားအား သတ္မွတ္ထား သည့္ ေနရာမ်ားတြင္ မစြန္႔ပစ္ပဲ ဥရုေခ်ာင္းအတြင္း ထည့္ျခင္းမ်ား ဆယ္စု ႏွစ္ခု ေက်ာ္အၾကာ လုပ္ကိုင္ခဲ့သည့္ အတြက္ ယခုခါ ေဒသခံမ်ား သဘာဝေဘးအႏၱရာယ္အမ်ိဳးမ်ိဳးျဖင့္ ရင္ဆုိင္ေနရျခင္း ျဖစ္သည္ဟု ေျပာသည္။

“အဓိကေတာ့ ၉၀ အလြန္ကေတာ့ ႀကီးတာေတြ သိပ္မရွိခဲ့ဘူး။ ကုမၸဏီေတြ ဝင္လာၿပီးေနာက္ပိုင္းမွ စျဖစ္တာ။ ေျမစာေတြ ပရမ္းပတာပစ္တာေတြ၊ အလြန္အကၽြံတူးတာေတြေၾကာင့္ ျဖစ္လာတာ။ နည္းနည္းမိုးရြာတာနဲ႔ ဥရု ေခ်ာင္းကလည္း ေရေၾကာင္းေတြပ်က္ၿပီး အခုလို ေရႀကီးတာေတြ ခပ္စိပ္စိပ္ေတြ႕လာရတာေပါ့။ အဲ့လိုပါပဲ။ ေနာက္ၿပီး အခုဒီ နမ့္တိန္းေခ်ာင္းကေတာ့ ေတာင္က်ေခ်ာင္းေရေၾကာင့္ ႀကီးတာေပါ့။ ေရက်တာလည္း ျမန္ တယ္။ ေရႀကီးတာလည္း ျမန္တယ္” ဟု ဦးေနာင္လတ္ က ေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္အတြင္း ရပ္ကြက္ ၅ ခုေက်ာ္ခန္႔ ေရႀကီးေရလ်ွံမႈမ်ား ျဖစ္ေပၚေနၿပီး ယခုခါ ေဒသခံမ်ားအေနျဖင့္ အေျခအေနမ်ားအား ေစာင့္ၾကည့္ေနၾကသည္ဟု ေဒသခံမ်ားက ေျပာသည္။

ယေန႔ျဖစ္ေပၚေနသည့္ ေရႀကီးေရလ်ံွမႈမ်ားႏွင့္ ပတ္သက္၍ ထိခိုက္ဒဏ္ရာရရွိမႈ၊ ေျမၿပိဳမႈမ်ားႏွင့္ ပတ္သက္၍ တစ္စံုတစ္ရာ မၾကားသိရေသးသလို၊ ေဒသခံမ်ား အျခားေနရာမ်ားသို႔ ေျပာင္းေရႊ႕ ျခင္းမ်ားလည္း မရွိေသးဘူးဟု သိရသည္။