ညီလာခံတက်မတက် FPNCC မကြာမီ ဆုံးဖြတ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။
၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရေးနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သော ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်များကြားတွင် ဆွေးနွေး အတည်ပြုချက် ရယူသွားရန် ရှိသည်ဟု အဖွဲ့ဝင် အဖွဲ့အစည်းများက ပြောသည်။
အင်အားကြီး “ဝ” အဖွဲ့အပါအဝင် မြောက်ပိုင်း မဟာမိတ်များအနေဖြင့် ညီလာခံ တက်ရောက်ရေးနှင့် ပတ်သက်၍ သဘောထားချမှတ်ခြင်းမရှိသေးကြောင်း အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။
“သူတို့လည်း လူတွေ မစုံသေးတဲ့ သဘောဖြစ်နေတယ်။ ဒါကို လည်း သူတို့ FPNCC အတွင်းမှာလည်း ဆွေး နွေးရမယ့် သဘော ရှိပါတယ်။ လောလောဆယ်တော့ ယတိ ပြတ်မရှိသေးဘူးခင်ဗျာ။ ဆုံးဖြတ်ချက် မချသေးဘူးပေါ့” ဟု သတင်းနှင့် မီဒီယာ ကွန်ရက်အား ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA၊ နှင့် ကိုးကန့်အဖွဲ့ MNDAA တို့က FPNCC ၏ ဦးဆောင်မှု လမ်း ညွှန်မှု နှင့်အတူ လုံခြုံရေး အာမခံချက်ရှိမည်ဆိုပါက ၂၁ ရာစု ပင်လုံညီလာခံ ကို တက်ရောက်မည်ဟု ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုထားပြီး အဆိုပါ သဘောထားမှာ မပြောင်းလဲပဲ အရင်အတိုင်း ရှိနေဆဲ ဖြစ်သည် ဟု ဆိုသည်။
တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီအစိုးရက ကျနော်တို့ ၃ ဖွဲ့ကို ၂၁ ရာစုပင်လုံ တက်ဖို့ ဖိတ်ကြားလာလို့ရှိရင် ကျနော်တို့ အတူတကွ တက်ကြမယ် ကျနော်တို့ ၃ ဖွဲ့ အကုန်လုံးပါမှ တက်မယ်” ဟု ပြောသည်။
သို့သော် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက NCA အပစ်ရပ်မထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားမည်ဖြစ်သော်လည်း ဥပဒေအကြောင်းအရ ကန့်သတ် ချက် ရှိသည့် အဖွဲ့အစည်းများကို ဖိတ်ကြားနိုင်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။
ဥပဒေကန့်သတ်ချက်အရ အကြမ်းဖက် အဖွဲ့အစည်းဟု အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာထားသည့် အဖွဲ့မှာ ရက္ခိုင့်တပ်တော် AA ဖြစ်သည်။
ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည် တိုး တက်ရေးပါတီ SSPP/SSA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့ နဂိုမူလကတည်း ကိုက တောင်းဆိုထားတာက all inclusive ပဲလေ။ ဘယ်သူမှ ချန်လှပ် မထားဘူးဆိုတဲ့ဟာလေ အားလုံးပါ ဝင်ရေးပေါ့နော်။ အခုဟာကလည်း ရိုက်ခတ်မှု ရှိလား မရှိဘူးလား ဆိုတာကတော့ မြေပြင်ပေါ်မှာက ဖြစ်နေ တာက တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ လက်တွေ့မှာပဲ ကျနော်တို့က အဓိကစောင့်ပြီး မှတ်ချက်ချချင်တာပေါ့လေ။ သဘောထားက ကျနော်တို့က နဂိုကတည်းက ရှိပြီးသား အားလုံးပါဝင်စေ ချင်တာပေါ့။ အားလုံးပါဝင်မှပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ့ဆုံဆွေးနွေးပွဲက ပိုပြီးတော့ အနှစ်သာရပြည့် တယ်။ အဓိပ္ပာယ်ရှိတာပေါ့” ဟု ပြောသည်။
SSPP/SSA အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်မည့် သဘောထားနှင့် ပတ်သက်၍ ဗိုလ်မှူး စိုင်းဖုန်းဟန်က ယခုလိုဆက်ပြောသည်။
“လောလောဆယ်တော့ ကျနော်တို့ confirm မလုပ်ရသေးဘူး အဲဒါကြောင့်မို့ ဆွေးနွေးနေတုန်းပဲ ဖြစ်တယ် ခင်ဗျား။ အဲဒါက မပြီးပြတ်သေးဘူး ကျနော်တို့ ဆွေးနွေးနေတုန်းပဲ ဖြစ်တယ်ခင်ဗျာ” ဟု ဆက်ပြောသည်။
၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားရန်ရှိပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရှိနေသည့်အတွက် ညီလာခံ ကျင်းပမည့်ရက်ကို ထပ်မံရွေ့ဆိုင်းရန် မဖြစ်နိုင် ကြောင်း ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ယခင်က ၂၁ ရာစုပင်လုံညီလာခံကို အဖွဲ့အစည်းအနေဖြင့် တက်ရောက် ခဲ့သော်လည်း ဆွေးနွေးခွင့်မရ သည့် အနေအထားကြောင့် ယခုဆွေးနွေးပွဲတွင်လည်း ယခင်ညီလာခံ ပုံစံကဲ့သို့ပင်ဖြစ်လာနိုင်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
“ပြောရမယ်ဆိုရင်တော့ ဆွေးနွေးပွဲနဲ့ ပတ်သက် ပြီးမှ သိပ်ပြီး ထူးထူးခြားခြား မရှိပါဘူး။ တက်လည်း မထူးခြားဘူး မတက်လည်း ဘာမှမထူးခြားဘူးနော်။ ဒါပေမယ့် တစ်ခုကတော့ ဆွေးနွေးပွဲ မရှိတာနဲ့ စာရင် ဆွေးနွေးပွဲ လမ်းကြောင်းပေါ်မှာ လာလို့ရှိရင်တော့ ဆွေးနွေးပွဲ အလားအလာက လမ်းကြောင်းပိုပြီး ရှိလာတာပေါ့နော်။”
ညီလာခံကို ယခင်က လူဦးရေ တစ်ထောင်နီးပါးခန့်ဖြင့် ကျင်းပခဲ့ကြပြီး ယခုကျင်းပမည့် ညီလာခံကို COVID-19 ကန့်သတ်ချက်ကြောင့် လူဦးရေလျော့ကာ ကျင်းပသွားရန် ရှိသည်ဟု သိရသည်။
FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်တော် (ULA/AA) တို့ ပါဝင်သည်။
*** ZAWGYI ***
ညီလာခံတက္မတက္ FPNCC မၾကာမီ ဆံုးျဖတ္မည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၂ ရက္။
၂၁ ရာစုပင္လံု ညီလာခံ တက္ေရာက္ေရးႏွင့္ ပတ္သက္၍ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ျဖစ္ေသာ ျပည္ေထာင္စု ႏိုင္ငံေရး ေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC အဖြဲ႔၀င္မ်ားၾကားတြင္ ေဆြးေႏြး အတည္ျပဳခ်က္ ရယူသြားရန္ ရွိသည္ဟု အဖြဲ႔၀င္ အဖြဲ႔အစည္းမ်ားက ေျပာသည္။
အင္အားႀကီး “၀” အဖြဲ႔အပါအ၀င္ ေျမာက္ပိုင္း မဟာမိတ္မ်ားအေနျဖင့္ ညီလာခံ တက္ေရာက္ေရးႏွင့္ ပတ္သက္၍ သေဘာထားခ်မွတ္ျခင္းမရွိေသးေၾကာင္း အဖြဲ႔၀င္ အဖြဲ႔အစည္းတစ္ခုျဖစ္သည့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးစိုင္းဖုန္းဟန္က ေျပာသည္။
“သူတို႔လည္း လူေတြ မစံုေသးတဲ့ သေဘာျဖစ္ေနတယ္။ ဒါကို လည္း သူတို႔ FPNCC အတြင္းမွာလည္း ေဆြး ေႏြးရမယ့္ သေဘာ ရွိပါတယ္။ ေလာေလာဆယ္ေတာ့ ယတိ ျပတ္မရွိေသးဘူးခင္ဗ်ာ။ ဆံုးျဖတ္ခ်က္ မခ်ေသးဘူးေပါ့” ဟု သတင္းႏွင့္ မီဒီယာ ကြန္ရက္အား ေျပာဆိုသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၁ ရက္ေန႔ကလည္း ညီေနာင္မဟာမိတ္ ၃ ဖြဲ႔ျဖစ္သည့္ တအာင္းအမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA၊ ရကၡိဳင့္တပ္ေတာ္ AA၊ ႏွင့္ ကိုးကန္႔အဖြဲ႔ MNDAA တို႔က FPNCC ၏ ဦးေဆာင္မႈ လမ္း ၫႊန္မႈ ႏွင့္အတူ လုံၿခဳံေရး အာမခံခ်က္ရွိမည္ဆိုပါက ၂၁ ရာစု ပင္လုံညီလာခံ ကို တက္ေရာက္မည္ဟု ၎တို႔၏ သေဘာထားကို ထုတ္ေဖာ္ေျပာဆိုထားၿပီး အဆိုပါ သေဘာထားမွာ မေျပာင္းလဲပဲ အရင္အတိုင္း ရွိေနဆဲ ျဖစ္သည္ ဟု ဆိုသည္။
တအန္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ TNLA သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က “ဒီအစိုးရက က်ေနာ္တို႔ ၃ ဖြဲ႔ကို ၂၁ ရာစုပင္လံု တက္ဖို႔ ဖိတ္ၾကားလာလို႔ရွိရင္ က်ေနာ္တို႔ အတူတကြ တက္ၾကမယ္ က်ေနာ္တို႔ ၃ ဖြဲ႔ အကုန္လံုးပါမွ တက္မယ္” ဟု ေျပာသည္။
သို႔ေသာ္ ၿပီးခဲ့သည့္ ၾသဂုတ္လ ၅ ရက္ေန႔က ေနျပည္ေတာ္တြင္ က်င္းပသည့္ သတင္းစာ ရွင္းလင္းပြဲ တြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံရံုး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက NCA အပစ္ရပ္မထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖဲြ႕အစည္းမ်ားကို ဖိတ္ၾကားမည္ျဖစ္ေသာ္လည္း ဥပေဒအေၾကာင္းအရ ကန္႔သတ္ ခ်က္ ရွိသည့္ အဖြဲ႔အစည္းမ်ားကို ဖိတ္ၾကားႏိုင္မည္ မဟုတ္ေၾကာင္း ေျပာဆိုထားသည္။
ဥပေဒကန္႔သတ္ခ်က္အရ အၾကမ္းဖက္ အဖြဲ႔အစည္းဟု အစိုးရမွ တရား၀င္ထုတ္ျပန္ေၾကညာထားသည့္ အဖြဲ႔မွာ ရကၡိဳင့္တပ္ေတာ္ AA ျဖစ္သည္။
ျပည္ေထာင္စု ႏိုင္ငံေရး ေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC အဖြဲ႔၀င္ျဖစ္သည့္ ရွမ္းျပည္ တိုး တက္ေရးပါတီ SSPP/SSA က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးစိုင္းဖုန္းဟန္က “က်ေနာ္တို႔ နဂိုမူလကတည္း ကိုက ေတာင္းဆိုထားတာက all inclusive ပဲေလ။ ဘယ္သူမွ ခ်န္လွပ္ မထားဘူးဆိုတဲ့ဟာေလ အားလံုးပါ ၀င္ေရးေပါ့ေနာ္။ အခုဟာကလည္း ႐ိုက္ခတ္မႈ ရွိလား မရွိဘူးလား ဆိုတာကေတာ့ ေျမျပင္ေပၚမွာက ျဖစ္ေန တာက တိုက္ပြဲေတြျဖစ္ေနတယ္။ အဲဒါေၾကာင့္မို႔လို႔ လက္ေတြ႕မွာပဲ က်ေနာ္တို႔က အဓိကေစာင့္ၿပီး မွတ္ခ်က္ခ်ခ်င္တာေပါ့ေလ။ သေဘာထားက က်ေနာ္တို႔က နဂိုကတည္းက ရွိၿပီးသား အားလံုးပါ၀င္ေစ ခ်င္တာေပါ့။ အားလံုးပါ၀င္မွပဲ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ေတြ႕ဆံုေဆြးေႏြးပြဲက ပိုၿပီးေတာ့ အႏွစ္သာရျပည့္ တယ္။ အဓိပၸာယ္ရွိတာေပါ့” ဟု ေျပာသည္။
SSPP/SSA အေနျဖင့္ ၂၁ ရာစုပင္လံုညီလာခံ တက္ေရာက္မည့္ သေဘာထားႏွင့္ ပတ္သက္၍ ဗိုလ္မွဴး စိုင္းဖုန္းဟန္က ယခုလိုဆက္ေျပာသည္။
“ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ confirm မလုပ္ရေသးဘူး အဲဒါေၾကာင့္မို႔ ေဆြးေႏြးေနတုန္းပဲ ျဖစ္တယ္ ခင္ဗ်ား။ အဲဒါက မၿပီးျပတ္ေသးဘူး က်ေနာ္တို႔ ေဆြးေႏြးေနတုန္းပဲ ျဖစ္တယ္ခင္ဗ်ာ” ဟု ဆက္ေျပာသည္။
၂၁ ရာစုပင္လံုညီလာခံကို ၾသဂုတ္လ ၁၉ ရက္ေန႔မွ ၂၁ ရက္ေန႔အထိ ၃ ရက္တာ က်င္းပသြားရန္ရွိၿပီး ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ ရွိေနသည့္အတြက္ ညီလာခံ က်င္းပမည့္ရက္ကို ထပ္မံေရြ႕ဆိုင္းရန္ မျဖစ္ႏိုင္ ေၾကာင္း ဦးေဇာ္ေဌးက သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာဆိုထားသည္။
ယခင္က ၂၁ ရာစုပင္လံုညီလာခံကို အဖြဲ႔အစည္းအေနျဖင့္ တက္ေရာက္ ခဲ့ေသာ္လည္း ေဆြးေႏြးခြင့္မရ သည့္ အေနအထားေၾကာင့္ ယခုေဆြးေႏြးပြဲတြင္လည္း ယခင္ညီလာခံ ပံုစံကဲ့သို႔ပင္ျဖစ္လာႏိုင္သည္ဟု ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္က ေျပာသည္။
“ေျပာရမယ္ဆိုရင္ေတာ့ ေဆြးေႏြးပြဲနဲ႔ ပတ္သက္ ၿပီးမွ သိပ္ၿပီး ထူးထူးျခားျခား မရွိပါဘူး။ တက္လည္း မထူးျခားဘူး မတက္လည္း ဘာမွမထူးျခားဘူးေနာ္။ ဒါေပမယ့္ တစ္ခုကေတာ့ ေဆြးေႏြးပြဲ မရွိတာနဲ႔ စာရင္ ေဆြးေႏြးပြဲ လမ္းေၾကာင္းေပၚမွာ လာလို႔ရွိရင္ေတာ့ ေဆြးေႏြးပြဲ အလားအလာက လမ္းေၾကာင္းပိုၿပီး ရွိလာတာေပါ့ေနာ္။”
ညီလာခံကို ယခင္က လူဦးေရ တစ္ေထာင္နီးပါးခန႔္ျဖင့္ က်င္းပခဲ့ၾကၿပီး ယခုက်င္းပမည့္ ညီလာခံကို COVID-19 ကန႔္သတ္ခ်က္ေၾကာင့္ လူဦးေရေလ်ာ့ကာ က်င္းပသြားရန္ ရွိသည္ဟု သိရသည္။
FPNCC အဖြဲ႕တြင္ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP)၊ ကခ်င္ျပည္ လြတ္ေျမာက္ေရး အဖြဲ႕ (KIO)၊ ရွမ္းျပည္တိုးတက္ေရး ပါတီ (SSPP)၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA- ကိုးကန႔္အဖြဲ႕)၊ အမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္ တပ္မေတာ္ (NDAA- မိုင္းလား အဖြဲ႕)၊ တအာင္း/ ပေလာင္ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA)၊ ရကၡိဳင့္ တပ္ေတာ္ (ULA/AA) တို႔ ပါဝင္သည္။