ကရင်နီ လယ်သမားများအပေါ် တပ်မတော်၏ ပြင်ဆင်ချက်တင် ထပ်မံ စွဲဆိုမှု တရားရုံး ပယ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်။

ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ KSFU အဖွဲ့ ဝင် သုံးဦးအပါအဝင် တောင်သူ ၂၁ ဦးအား တပ်မ တော်က တရားစွဲဆိုထားရာ ပြည်နယ်တရားလွတ်တော်ရုံးက အမှုအားလုံးကို ပလပ်ကြောင်း အမိန့်ချ မှတ်လိုက်သည်။

သြဂုတ်လ ၁၄ ရက်နေ့ (ယနေ့)တွင် ခရိုင်တရားရုံးက ပလပ်လိုက်သည့် အမှုအား ပြည်နယ်တရားလွတ်တော် ရုံးတွင် အယူခံပြင်ဆင်ချက် ထပ်မံတက်ခဲ့ရာ ပြည်နယ်တရားလွှတ်တော်ရုံးတွင် အမှုကြားနာခဲ့ခြင်းဖြစ်သည်။

အမှုလိုက်ပါဆောင်ရွက်ပေးနေသည် ရှေ့နေဖြစ်သူ စောခူးတလေ က “ပြည်နယ်တရား လွှတ်တော် က တရား သူကြီးကတော့ ဒီအမှုတွေအားလုံးကို မူလရုံးချမှတ်တဲ့အမိန့်က လျော်ကန်သင့်မြတ်တယ်။ ဒီပုဒ်မတွေနဲ့ ပတ် သက် ပြီးတော့မှ တရားမျှတမှုကင်းမဲ့ပြီးတော့မှ ကွာခြားနေတာမျိုးမဟုတ်ဘူးဆိုရင် ဆက်ပြီးမသင့်ဘူး ဆိုပြီး တော့မှ တရားသူကြီးက အဲ့သုံးသပ်ချက်နဲ့ ဒီအမှုအားလုံးကို ပလပ်လိုက်တာပေါ့” ဟု ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်းက တရားစွဲဆိုခံထားရသည့် တောင်သူများ၏ အမှုများအား ပြည်နယ်တရားလွတ် တော်ရုံးက အမှုအားလုံးကို ပလပ်လိုက်ခြင်း ဖြစ်သည်။

ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် က “ပလပ်လိုက်တယ်ဆိုတာက မြို့နယ်အဆင့် ခရိုင်အဆင့်မှာ ချထားတဲ့အတိုင်း ဖြစ်တယ်လို့ ပြောလိုက်တာဖြစ်တယ်။ ဒီအမှုက ပြစ်ဒဏ်ထပ်တိုးလို့ မရတဲ့ အမှုဖြစ်တယ်ဆိုတာမျိုး ချမှတ်လိုက်တာပေါ့။ အခုတော့ ပြီးသွားပြီလို့ ယူဆလို့ရတယ်။ ဒါပေမယ့် စစ်တပ်က ဒီထက်ဒုက္ခရောက်စေချင်တဲ့ ရည်ရွယ်ချက်မျိုးထားရှိရင်တော့ ကျနော်တို့ နေပြည်တော်ထိ ပြန်တက်လို့တော့ ရတာပေါ့။ စောင့်ကြည့်ရမှာပေါ့နော်” ဟု ပြောသည်။

“ကျနော်တို့ ပလပ်လိုက်တာက တရားသူကြီး တောင်သူတွေဒုက္ခရောက်တယ်။ မိသားစုတွေ အခက်ဖြစ်နေတဲ့ အပေါ် တရားသူကြီးက ချမှတ်ပေးတယ်လိ့ု ယူဆတယ်ပေါ့နော်။ ကျနော်တို့ဘက်ကနေ ရပ်တည်ပေးတယ်လို့ ယူဆတယ်။ မှန်မှန်ကန်ကန်ရပ်တည်ပေးတယ်လို့ ယူဆတယ်။ တရားသူကြီးကို ကျေးဇူးတင်တယ်။”

ပြီးခဲ့သည့်နှစ်က ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်း ၃ ဦးနှင့် ဌာနေတောင်သူလယ်သမား များအား ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆/၁ နှင့် ရာ သတ်ကြီး ဥပဒေ ပုဒ်မများ ဖြစ်သော ပိုင်နက်ကျူးကျော်မှု(၄၄၇)၊ အကျိုးဖျက်ဆီးမှု ( ၄၂၇ )၊ ဝတ္တရားနှောက် ယှက်မှု ( ၃၅၃)၊ စိတ်ငြိုငြင် အောင် ပြောဆိုမှု (၂၉၄) စသည့် ပုဒ်မ ၅ ခုဖြင့် အမှုပေါင်း ၇၀ ကို တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။

ထို့တရားစွဲဆိုမှုကြောင့် မတ်လ ၁၃ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် မြို့နယ် တရားရုံးအသီးသီးက ထောင်ဒဏ် နှင့် ငွေဒဏ်ချ မှတ်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

တောင်သူများ ပြည်လည်လွတ်မြောက်လာပြီး ၃ လအကြာတွင် တပ်မတော်က မြို့နယ်တရားရုံးအသီးသီးမှ ချမှတ်လိုက်သည့် ပြစ်ဒဏ်သည် တရားမျှတမှု မရှိဟုဆိုပြီး ပြည်နယ် တရားလွှတ်တော်ရုံးသို့ ပြင်ဆင်ချက် တက်ကာ တောင်သူများကို ထပ်မံတရားစွဲဆိုထားခြင်းဖြစ်သည်။

စွဲဆိုခံထားရသည့် အမှုများနှင့် ပတ်သက်၍ ပြည်နယ် တရားလွှတ်တော်ရုံးက ပလပ်ပေးလိုက်ပြီ ဆိုသော် လည်း တောင်သူများ ဆုံးရှုံးခဲ့သည့် မြေယာများမှာ ယနေ့အချိန်ထိ ပြန်မရသေးဘူးဟု ခူးတူရယ် က ပြောသည်။

“အမှုက ပလပ်လိုက်တယ်ဆိုပေမယ့် လယ်ယာမြေတွေကို ပြန်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မသက်ရောက် နေဘူးပေါ့။ သူက လယ်ယာမြေပြဿနာကတော့ အမြဲရှိနေအုံးမယ်။ ဒါက ထပ်ပြီးတရားစွဲလို့မရဘူးဆိုတာမျိုးပဲ တရားရုံးက ချမှတ်ပေးလိုက်တာပဲ ရှိတယ်။ အခုဖြစ်နေတဲ့ လယ်ယာမြေပြဿနာတွေအတွက်ကတော့ ဆက်ပြီး လုပ်ဆောင်သွားရအုံးမှာပဲ။ အမြဲတမ်းလည်း တောင်သူတွေရဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ တောင်းနေတာပဲ၊ လစ်လျူရှုခံရနေရတုန်းပဲ၊ ကျနော်တို့ကလည်း မရမချင်း အမြဲတမ်းထပ်တောင်းနေမှာပဲ။ သမိုင်းကြောင်းအရ ဒီ မြေတွေက ကျနော်တို့ တောင်သူတွေနဲ့ ဆိုင်တယ်။ စာရွက်စာတမ်းမရှိပေမယ့် ရိုးရာဓလေ့ထုံးတမ်း အရတော့ ကျနော်တို့ ပိုင်တာပဲ၊ ကျနော်တို့ သွေးနဲ့ ချွေးနဲ့ရင်းပြီး လုပ်ပိုင်ခဲ့တာပဲလေနော်။ ဆက်တောင်းသွားမှာပဲ။”

အရပ်သားအစိုးရလက်ထက် နှစ်ဆက်အတွင်း ကယားပြည်နယ်အတွင်း မြေဧက ၅ သောင်းဝန်းကျင် အသိမ်းခံ ထားရပြီး အများစုမှာ တပ်မတော်က သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် ကယားပြည်နယ်အတွင်းက တောင်သူအရေး လုပ်ဆောင်နေသူများက ပြောသည်။

တပ်မတော်၊ အစိုးရဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသခံတောင်သူများ၏ မြေယာများကို သိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီပြည် တောင်သူသမဂ္ဂ က ပြောသည်။

လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆိုမြို့နယ်များတွင် မြေယာသိမ်းဆည်းခံရမှု အများဆုံးဖြစ်သည်ဟု ပြောသည်။

*** ZAWGYI ***

ကရင္နီ လယ္သမားမ်ားအေပၚ တပ္မေတာ္၏ ျပင္ဆင္ခ်က္တင္ ထပ္မံ စြဲဆိုုမႈ တရားရံုုး ပယ္ခ်

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုုနွစ္၊ ၾသဂုုတ္လ ၁၇ ရက္။

ကရင္နီျပည္ ေတာင္သူ လယ္သမား သမဂၢ KSFU အဖြဲ႕ ဝင္ သံုးဦးအပါအဝင္ ေတာင္သူ ၂၁ ဦးအား တပ္မ ေတာ္က တရားစြဲဆိုထားရာ ျပည္နယ္တရားလြတ္ေတာ္ရံုးက အမႈအားလံုးကို ပလပ္ေၾကာင္း အမိန္႔ခ် မွတ္လိုက္သည္။

ၾသဂုတ္လ ၁၄ ရက္ေန႔ (ယေန႔)တြင္ ခရိုင္တရားရံုးက ပလပ္လုိက္သည့္ အမႈအား ျပည္နယ္တရားလြတ္ေတာ္ ရံုးတြင္ အယူခံျပင္ဆင္ခ်က္ ထပ္မံတက္ခဲ့ရာ ျပည္နယ္တရားလႊတ္ေတာ္ရံုးတြင္ အမႈၾကားနာခဲ့ျခင္းျဖစ္သည္။

အမႈလိုက္ပါေဆာင္ရြက္ေပးေနသည္ ေရွ႕ေနျဖစ္သူ ေစာခူးတေလ က “ျပည္နယ္တရား လႊတ္ေတာ္ က တရား သူႀကီးကေတာ့ ဒီအမႈေတြအားလုံးကို မူလ႐ုံးခ်မွတ္တဲ့အမိန႔္က ေလ်ာ္ကန္သင့္ျမတ္တယ္။ ဒီပုဒ္မေတြနဲ႔ ပတ္ သက္ ၿပီးေတာ့မွ တရားမွ်တမႈကင္းမဲ့ၿပီးေတာ့မွ ကြာျခားေနတာမ်ိဳးမဟုတ္ဘူးဆိုရင္ ဆက္ၿပီးမသင့္ဘူး ဆိုၿပီး ေတာ့မွ တရားသူႀကီးက အဲ့သုံးသပ္ခ်က္နဲ႔ ဒီအမႈအားလုံးကို ပလပ္လိုက္တာေပါ့” ဟု ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕နယ္အတြင္းက တရားစြဲဆိုခံထားရသည့္ ေတာင္သူမ်ား၏ အမႈမ်ားအား ျပည္နယ္တရားလြတ္ ေတာ္ရံုးက အမႈအားလံုးကို ပလပ္လိုက္ျခင္း ျဖစ္သည္။

ကရင္နီျပည္ေတာင္သူလယ္သမား သမဂၢ ဥကၠ႒ ခူးတူရယ္ က “ပလပ္လုိက္တယ္ဆိုတာက ၿမိဳ႕နယ္အဆင့္ ခရိုင္အဆင့္မွာ ခ်ထားတဲ့အတုိင္း ျဖစ္တယ္လို႔ ေျပာလိုက္တာျဖစ္တယ္။ ဒီအမႈက ျပစ္ဒဏ္ထပ္တိုးလို႔ မရတဲ့ အမႈျဖစ္တယ္ဆိုတာမ်ိဳး ခ်မွတ္လိုက္တာေပါ့။ အခုေတာ့ ၿပီးသြားၿပီလို႔ ယူဆလို႔ရတယ္။ ဒါေပမယ့္ စစ္တပ္က ဒီထက္ဒုကၡေရာက္ေစခ်င္တဲ့ ရည္ရြယ္ခ်က္မ်ိဳးထားရွိရင္ေတာ့ က်ေနာ္တုိ႔ ေနျပည္ေတာ္ထိ ျပန္တက္လုိ႔ေတာ့ ရတာေပါ့။ ေစာင့္ၾကည့္ရမွာေပါ့ေနာ္” ဟု ေျပာသည္။

“က်ေနာ္တုိ႔ ပလပ္လိုက္တာက တရားသူႀကီး ေတာင္သူေတြဒုကၡေရာက္တယ္။ မိသားစုေတြ အခက္ျဖစ္ေနတဲ့ အေပၚ တရားသူႀကီးက ခ်မွတ္ေပးတယ္လိ႔ု ယူဆတယ္ေပါ့ေနာ္။ က်ေနာ္တုိ႔ဘက္ကေန ရပ္တည္ေပးတယ္လို႔ ယူဆတယ္။ မွန္မွန္ကန္ကန္ရပ္တည္ေပးတယ္လို႔ ယူဆတယ္။ တရားသူႀကီးကို ေက်းဇူးတင္တယ္။”

ၿပီးခဲ့သည့္ႏွစ္က ကရင္နီျပည္ ေတာင္သူလယ္သမား သမဂၢ ဝန္ထမ္း ၃ ဦးႏွင့္ ဌာေနေတာင္သူလယ္သမား မ်ားအား ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈ ကာကြယ္ေရး အက္ဥပေဒ ပုဒ္မ ၆/၁ ႏွင့္ ရာ သတ္ႀကီး ဥပေဒ ပုဒ္မမ်ား ျဖစ္ေသာ ပိုင္နက္က်ဴးေက်ာ္မႈ(၄၄၇)၊ အက်ိဳးဖ်က္ဆီးမႈ ( ၄၂၇ )၊ ဝတၱရားေႏွာက္ ယွက္မႈ ( ၃၅၃)၊ စိတ္ၿငိဳျငင္ ေအာင္ ေျပာဆိုမႈ (၂၉၄) စသည့္ ပုဒ္မ ၅ ခုျဖင့္ အမႈေပါင္း ၇၀ ကို တရားလိုျပဳလုပ္ကာ တရားစြဲဆိုခဲ့သည္။

ထို႔တရားစြဲဆိုမႈေၾကာင့္ မတ္လ ၁၃ ရက္ေန႔ ၂၀၂၀ ခုႏွစ္တြင္ ၿမိဳ႕နယ္ တရား႐ုံးအသီးသီးက ေထာင္ဒဏ္ ႏွင့္ ေငြဒဏ္ခ် မွတ္ခဲ့ၿပီးေနာက္ ျပန္လည္လြတ္ေျမာက္လာခဲ့ၾကသည္။

ေတာင္သူမ်ား ျပည္လည္လြတ္ေျမာက္လာၿပီး ၃ လအၾကာတြင္ တပ္မေတာ္က ၿမိဳ႕နယ္တရား႐ုံးအသီးသီးမွ ခ်မွတ္လိုက္သည့္ ျပစ္ဒဏ္သည္ တရားမွ်တမႈ မရွိဟုဆိုၿပီး ျပည္နယ္ တရားလႊတ္ေတာ္႐ုံးသို႔ ျပင္ဆင္ခ်က္ တက္ကာ ေတာင္သူမ်ားကို ထပ္မံတရားစြဲဆိုထားျခင္းျဖစ္သည္။

စြဲဆိုခံထားရသည့္ အမႈမ်ားႏွင့္ ပတ္သက္၍ ျပည္နယ္ တရားလႊတ္ေတာ္ရံုးက ပလပ္ေပးလိုက္ၿပီ ဆိုေသာ္ လည္း ေတာင္သူမ်ား ဆံုးရံႈးခဲ့သည့္ ေျမယာမ်ားမွာ ယေန႔အခ်ိန္ထိ ျပန္မရေသးဘူးဟု ခူးတူရယ္ က ေျပာသည္။

“အမႈက ပလပ္လိုက္တယ္ဆိုေပမယ့္ လယ္ယာေျမေတြကို ျပန္ေပးမယ္ဆုိတ့ဲ အဓိပၸာယ္ေတာ့ မသက္ေရာက္ ေနဘူးေပါ့။ သူက လယ္ယာေျမျပႆနာကေတာ့ အၿမဲရွိေနအံုးမယ္။ ဒါက ထပ္ၿပီးတရားစြဲလို႔မရဘူးဆိုတာမ်ိဳးပဲ တရားရံုးက ခ်မွတ္ေပးလိုက္တာပဲ ရွိတယ္။ အခုျဖစ္ေနတဲ့ လယ္ယာေျမျပႆနာေတြအတြက္ကေတာ့ ဆက္ၿပီး လုပ္ေဆာင္သြားရအံုးမွာပဲ။ အၿမဲတမ္းလည္း ေတာင္သူေတြရဲ႕ လယ္ယာေျမေတြ ျပန္ေပးဖုိ႔ ေတာင္းေနတာပဲ၊ လစ္လ်ဴရႈခံရေနရတုန္းပဲ၊ က်ေနာ္တုိ႔ကလည္း မရမခ်င္း အၿမဲတမ္းထပ္ေတာင္းေနမွာပဲ။ သမုိင္းေၾကာင္းအရ ဒီ ေျမေတြက က်ေနာ္တို႔ ေတာင္သူေတြနဲ႔ ဆုိင္တယ္။ စာရြက္စာတမ္းမရွိေပမယ့္ ရိုးရာဓေလ့ထံုးတမ္း အရေတာ့ က်ေနာ္တုိ႔ ပိုင္တာပဲ၊ က်ေနာ္တုိ႔ ေသြးနဲ႔ ေခၽြးနဲ႔ရင္းၿပီး လုပ္ပိုင္ခဲ့တာပဲေလေနာ္။ ဆက္ေတာင္းသြားမွာပဲ။”

အရပ္သားအစိုးရလက္ထက္ ႏွစ္ဆက္အတြင္း ကယားျပည္နယ္အတြင္း ေျမဧက ၅ ေသာင္းဝန္းက်င္ အသိမ္းခံ ထားရၿပီး အမ်ားစုမွာ တပ္မေတာ္က သိမ္းယူခဲ့ျခင္းျဖစ္သည္ဟု ေဒသခံမ်ားႏွင့္ ကယားျပည္နယ္အတြင္းက ေတာင္သူအေရး လုပ္ေဆာင္ေနသူမ်ားက ေျပာသည္။

တပ္မေတာ္၊ အစိုးရဌာနဆိုင္ရာမ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားက ေဒသခံေတာင္သူမ်ား၏ ေျမယာမ်ားကို သိမ္းယူခဲ့ျခင္း ျဖစ္သည္ဟု ကရင္နီျပည္ ေတာင္သူသမဂၢ က ေျပာသည္။

လြိဳင္ေကာ္၊ ဖ႐ူဆို၊ ဒီးေမာ့ဆိုၿမိဳ႕နယ္မ်ားတြင္ ေျမယာသိမ္းဆည္းခံရမႈ အမ်ားဆုံးျဖစ္သည္ဟု ေျပာသည္။