တိုင်းရင်းသား ပါတီအချို့ ညွန့်ပေါင်း အစိုးရ ဖြစ်လာရန် မျှော်လင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ညွှန့်ပေါင်းအစိုးရ ဖြစ်လာလိမ့် မည် ဟု တိုင်းရင်းသား နိုင်ငံရေးပါတီ အချို့ က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအရ ယခင်ရွေးကောက်ပွဲများကဲ့သို့ ပါတီကြီးတစ်ခုတည်းမှ မဲဆန္ဒနယ် တော်တော်များများကို အနိုင်ရရှိကာ အစိုးရဖွဲ့လာနိုင်သည့် အခင်းအကျင်းမျိုးမှာ မရှိတော့သည့် အတွက် ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ညွှန့်ပေါင်းအစိုးရ ဖြစ်လာလိမ့် မည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု- ဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “သေချာတာကတော့ ၂၀၂၀ မှာတော့ ၂၀၁၅ လို NLD ကတော့ သောင်ပြိုကမ်း ပြို နိုင်ဖို့တော့ အခြေအနေ ဘယ်လိုမှတော့ မရှိတော့ပါဘူး။ ဒါကြောင့်မို့လည်း အစိုးရဖွဲ့ဖို့ အခြေအနေမျိုး တော့ ခက်ပါလိမ့်မယ်။ NLD ပါတီ တစ်ခုထဲ အနေနဲ့ ဆိုတော့ သူဘယ်လိုမျိုး လုပ်လာနိုင်မလဲ ဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်။ နောက်တစ်ချက် က တစ်ခြားပါတီတွေ ပြည်မက ပါတီတွေလည်း ရှိပါတယ်။ ဒါကြောင့် လည်း ညွှန့်ပေါင်း အစိုးရ ဟာ မလွှဲမသွေ ဖြစ်ပါလိမ့်မယ်။ ဒီ ၂၀၂၀ ရဲ့ အလွန်မှာတော့ မလွဲမ သွေ ညွှန့်ပေါင်း အစိုးရ ဒါမှမဟုတ်ဘူးဆိုရင် ညီညွှတ်ရေး အစိုးရတွေ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း လက်ရှိ အနေအထားအရ ၂၀၂၀ ရွေးကောက်ပွဲသည် လွှတ်တော်ထဲတွင် တိုင်းရင်းသား ပါတီများ၏ အခန်းကဏ္ဍမှာ အားကောင်းလာနိုင် သည် ဟု သုံးသပ်သည်။

ဦးမောင်မောင်စိုးက “ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်မဖြစ် ဆိုတာ စောင့်ကြည့်နေဆဲ ကာလဖြစ်ပါတယ်။ ဒါကြီး တဲ့ အခြေအနေတစ်ခုဖြစ် ပါတယ်။ ဒုတိယ အနေနဲ့ ကရင်ပြည်နယ်မှာတော့ လောလောဆယ် အချက်အ လက်တွေကတော့ NLD အားကောင်းနေဆဲ လို့ သိရပါတယ်။ အဲတော့ ကျန်တဲ့ တိုင်းရင်းသား ပြည်နယ် ၅ ခုမှာတော့ တိုင်းရင်းသား ပါတီတွေ အားကောင်းဖို့ အလားအလာ ရှိတယ်လို့ ထင်ပါတယ်။ တိုင်းရင်းသား ပါတီတွေ အားကောင်းလာ ရင်တော့ လွှတ်တော်အ တွင်းမှာ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းကဏ္ဍ ကြီး လာ နိုင်ပါတယ်။ အဲတော့ အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ရှိနိုင်တယ်။ တိုင်းရင်းသား ပါတီတွေရဲ့ အခန်း ကဏ္ဍ ပိုရှိလာနိုင်တယ်” ဟု ပြောသည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတစ်ခုကို အလှည့်အပြောင်း ဖြစ်လာနိုင်သည့် ရွေးကောက်ပွဲဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှ ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ပါတီတစ်ခုတည်းက ၅၀ ရာခိုင်နှုန်းနှင့်အထက် အနိုင်မရရှိပါက အစိုးရဖွဲ့နိုင်မည် မဟုတ် ကြောင်း သိရသည်။

ထိုအနေအထားမျိုးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) စိုင်းကျော်ညွှန့် က “ပါတီကြီးတစ်ခုက ၅၀ ရာခိုင်နှုန်း မကျော်ဘူး ဆိုတာနဲ့သူက ဟိုဖက်ဒီဖက်က ဘယ်သူ အစိုးရ ဖြစ်မလဲဆိုတဲ့ ကိစ္စက စကားပြော လာပြီလေ။ ဆိုတော့ ဘယ်သူက စည်းရုံးရေးအား ပိုကောင်းမလဲ ဒါမှမဟုတ်ရင် ဒီမူဝါဒတွေက တူညီကြမလဲပေါ့ အဲဒီအပေါ်မှာ အပြန်အလှန်စေ့စပ် ညှိနှိုင်း ရတာတွေ ရှိလာ နိုင်တယ်။ အဲဒါကလည်း ကံသေကံမ ပြောလို့မရပါဘူး” ဟု ပြောသည်။

ထို့ကြောင့် ပြည်နယ် အခြေစိုက် တိုင်းရင်းသား ပါတီများအနေဖြင့် နေရာတော်တော်များများတွင် အနိုင်ရရှိ ရန်လိုသည်ဟု စိုင်းကျော်ညွှန့်က ဆက်ပြောသည်။

“ပြည်နယ်ကို အခြေစိုက်တဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပေါ့လေ ပြည်မပါတီ မဟုတ်တဲ့ပါတီတွေက များ များစားစား နိုင်ထားတယ်ဆိုရင်တော့ဖြင့် ပြည်မပါတီလည်း အလိုလို နေရင်းနဲ့တော့ နည်းနည်း ကျသွား တော့မှာလေ။ ဆိုတော့က အဲဒီအချိန်ကျရင်တော့ ဒီဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ် လာလိမ့်လို့ မြင်တယ်။”

မြန်မာ့နိုင်ငံရေးတွင် ပါတီကြီးတစ်ခုထဲက လွတ်လပ်စွာ ချယ်လှယ်လုပ်ကိုင်နေသည့် အစိုးရထက် ပါတီအ များစုနှင့် စုပေါင်းကာ ဖြစ်ပါ်လာသည့် ညွှန်ပေါင်း အစိုးရကသာ၍ တိုင်းပြည်အတွက် သာ၍ အကျိုးရှိနိုင် သည်ဟု စိုင်းကျော်ညွှန့်က ပြောသည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ပါတီပေါင်းစုံဖြင့် စုဖွဲ့ထားသည့် ညွှန့်ပေါင်း အစိုးရ ဖြစ်လာရန် အတွက် ရွေးကောက်ပွဲဝင်မည့် သက်ဆိုင်ရာ တိုင်းရင်းသား ပါတီအသီးသီး၏ ကြိုးစားအားထုတ်မှုနှင့် လုပ်ဆောင်မှု အပေါ်တွင် မူတည်နေသည်ဟု ဆိုသည်။

တိုင်းရင်းသားများအနေဖြင့် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒ ရယ် ပြည်ထောင်စုကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် လုပ်ဆောင်ရန် မဖြစ်နိုင်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ညွှန်ပေါင်းအစိုးရ ဖြစ်လာပါက ထိုအစိုးရမှတစ်ဆင့် ဖွဲ့စည်းပုံ ပြင် ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသား သင့်မြတ်ရေးတို့ကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီမှ ခူးဂျိုးဇက်က “ကျနော်တို့ မဟာမိတ်တွေ လုပ်နိုင် မယ် ဒီလိုသွား နိုင်မယ်ဆိုလို့ရှိရင်တော့ အကယ်၍များ ပြည်နယ် အသီးသီး တိုင်းအသီးသီး ဌာနေ တိုင်းရင်း သားတွေ အနိုင်ရမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ မျှော်မှန်းထားတဲ့ ကျနော်တို့ ဖက်ဒရယ်ကို ဖော်ဆောင် သွား နိုင်မယ်လို့တော့ မျှော်လင့်တောပေါ့” ဟု ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် ယခင် ရွေးကောက်ပွဲများထက် ပြည်နယ် အခြေစိုက် တိုင်းရင်းသား ပါတီများနှင့် ပြည်မရှိ တိုင်းရင်းသား မဟုတ်သည့် ပါတီတို့အကြား ပြိုင်ဆိုင်မှု ပိုမို အားကောင်းလာနိုင်သည့် အနေအထားတွင် ရှိနေနိုင်သည်ဟု နိုင်ငံရေးပါတီများနှင့် လေ့လာသုံးသပ် သူများက ဆိုသည်။

ထိုအနေအထားများအောက်တွင် တိုင်းရင်းသား နိုင်ငံရေးပါတီများ မျှော်လင့်ထားကြသည့် ညွှန့်ပေါင်း အစိုးရ ဖွဲ့ခွင့်ရရှိရေးမှာလည်း စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေသည်ဟု လေ့လာသုံးသပ်သူများ က ပြောသည်။

*** ZAWGYI ***
တိုင္းရင္းသား ပါတီအခ်ိဳ႕ ညြန႔္ေပါင္း အစိုးရ ျဖစ္လာရန္ ေမၽွာ္လင့္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဩဂုတ္လ ၁၈ ရက္။

၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲအလြန္တြင္ ပါတီေပါင္းစံုျဖင့္ စုဖြဲ႔ထားသည့္ ၫႊန္႔ေပါင္းအစိုးရ ျဖစ္လာလိမ့္ မည္ ဟု တိုင္းရင္းသား ႏိုင္ငံေရးပါတီ အခ်ိဳ႕ က ေျပာသည္။

လက္ရွိ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အခင္းအက်င္းအရ ယခင္ေရြးေကာက္ပြဲမ်ားကဲ့သို႔ ပါတီႀကီးတစ္ခုတည္းမွ မဲဆႏၵနယ္ ေတာ္ေတာ္မ်ားမ်ားကို အႏိုင္ရရွိကာ အစိုးရဖြဲ႔လာႏိုင္သည့္ အခင္းအက်င္းမ်ိဳးမွာ မရွိေတာ့သည့္ အတြက္ ၂၀၂၀ ေရြးေကာက္ပြဲ အလြန္တြင္ ပါတီေပါင္းစုံျဖင့္ စုဖြဲ႔ထားသည့္ ၫႊန္႔ေပါင္းအစိုးရ ျဖစ္လာလိမ့္ မည္ဟု ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ ဒု- ဥကၠ႒ ၂ ဦးကြမ္ေဂါင္ေအာင္ခမ္းက ေျပာသည္။

ဦးကြမ္ေဂါင္ေအာင္ခမ္းက “ေသခ်ာတာကေတာ့ ၂၀၂၀ မွာေတာ့ ၂၀၁၅ လို NLD ကေတာ့ ေသာင္ၿပိဳကမ္း ၿပိဳ ႏိုင္ဖို႔ေတာ့ အေျခအေန ဘယ္လိုမွေတာ့ မရွိေတာ့ပါဘူး။ ဒါေၾကာင့္မို႔လည္း အစိုးရဖြဲ႔ဖို႔ အေျခအေနမ်ိဳး ေတာ့ ခက္ပါလိမ့္မယ္။ NLD ပါတီ တစ္ခုထဲ အေနနဲ႔ ဆိုေတာ့ သူဘယ္လိုမ်ိဳး လုပ္လာႏိုင္မလဲ ဆိုတဲ့ အေပၚမွာလည္း မူတည္တယ္။ ေနာက္တစ္ခ်က္ က တစ္ျခားပါတီေတြ ျပည္မက ပါတီေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ လည္း ၫႊန္႔ေပါင္း အစိုးရ ဟာ မလႊဲမေသြ ျဖစ္ပါလိမ့္မယ္။ ဒီ ၂၀၂၀ ရဲ႕ အလြန္မွာေတာ့ မလြဲမ ေသြ ၫႊန္႔ေပါင္း အစိုးရ ဒါမွမဟုတ္ဘူးဆိုရင္ ညီၫႊတ္ေရး အစိုးရေတြ ျဖစ္ပါလိမ့္မယ္” ဟု ေျပာသည္။

တိုင္းရင္းသားအေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကလည္း လက္ရွိ အေနအထားအရ ၂၀၂၀ ေရြးေကာက္ပြဲသည္ လႊတ္ေတာ္ထဲတြင္ တိုင္းရင္းသား ပါတီမ်ား၏ အခန္းက႑မွာ အားေကာင္းလာႏိုင္ သည္ ဟု သံုးသပ္သည္။

ဦးေမာင္ေမာင္စိုးက “ရခိုင္မွာ ေရြးေကာက္ပြဲ ျဖစ္မျဖစ္ ဆိုတာ ေစာင့္ၾကည့္ေနဆဲ ကာလျဖစ္ပါတယ္။ ဒါႀကီး တဲ့ အေျခအေနတစ္ခုျဖစ္ ပါတယ္။ ဒုတိယ အေနနဲ႔ ကရင္ျပည္နယ္မွာေတာ့ ေလာေလာဆယ္ အခ်က္အ လက္ေတြကေတာ့ NLD အားေကာင္းေနဆဲ လို႔ သိရပါတယ္။ အဲေတာ့ က်န္တဲ့ တိုင္းရင္းသား ျပည္နယ္ ၅ ခုမွာေတာ့ တိုင္းရင္းသား ပါတီေတြ အားေကာင္းဖို႔ အလားအလာ ရွိတယ္လို႔ ထင္ပါတယ္။ တိုင္းရင္းသား ပါတီေတြ အားေကာင္းလာ ရင္ေတာ့ လႊတ္ေတာ္အ တြင္းမွာ တိုင္းရင္းသား ပါတီေတြရဲ႕ အခန္းက႑ ႀကီး လာ ႏိုင္ပါတယ္။ အဲေတာ့ အစိုးရ ဖြဲ႔စည္းေရးနဲ႔ ပတ္သက္လို႔ ရွိႏိုင္တယ္။ တိုင္းရင္းသား ပါတီေတြရဲ႕ အခန္း က႑ ပိုရွိလာႏိုင္တယ္” ဟု ေျပာသည္။

ထို႔ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲသည္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အခင္းအက်င္းတစ္ခုကို အလွည့္အေျပာင္း ျဖစ္လာႏိုင္သည့္ ေရြးေကာက္ပြဲျဖစ္သည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၏ ေရြးေကာက္ပြဲသည္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒေအာက္မွ က်င္းပသည့္ ေရြးေကာက္ပြဲ ျဖစ္သည့္အတြက္ ပါတီတစ္ခုတည္းက ၅၀ ရာခိုင္ႏႈန္းႏွင့္အထက္ အႏိုင္မရရွိပါက အစိုးရဖြဲ႔ႏိုင္မည္ မဟုတ္ ေၾကာင္း သိရသည္။

ထိုအေနအထားမ်ိဳးတြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ တြဲဖက္ အေထြေထြအတြင္းေရးမွဴး(၁) စိုင္းေက်ာ္ၫႊန္႔ က “ပါတီႀကီးတစ္ခုက ၅၀ ရာခိုင္နႈန္း မေက်ာ္ဘူး ဆိုတာနဲ႔သူက ဟိုဖက္ဒီဖက္က ဘယ္သူ အစိုးရ ျဖစ္မလဲဆိုတဲ့ ကိစၥက စကားေျပာ လာၿပီေလ။ ဆိုေတာ့ ဘယ္သူက စည္းရံုးေရးအား ပိုေကာင္းမလဲ ဒါမွမဟုတ္ရင္ ဒီမူဝါဒေတြက တူညီၾကမလဲေပါ့ အဲဒီအေပၚမွာ အျပန္အလွန္ေစ့စပ္ ညွိႏႈိင္း ရတာေတြ ရွိလာ ႏိုင္တယ္။ အဲဒါကလည္း ကံေသကံမ ေျပာလို႔မရပါဘူး” ဟု ေျပာသည္။

ထို႔ေၾကာင့္ ျပည္နယ္ အေျခစိုက္ တိုင္းရင္းသား ပါတီမ်ားအေနျဖင့္ ေနရာေတာ္ေတာ္မ်ားမ်ားတြင္ အႏိုင္ရရွိ ရန္လိုသည္ဟု စိုင္းေက်ာ္ၫႊန္႔က ဆက္ေျပာသည္။

“ျပည္နယ္ကို အေျခစိုက္တဲ့ ဗမာမဟုတ္တဲ့ တိုင္းရင္းသားေပါ့ေလ ျပည္မပါတီ မဟုတ္တဲ့ပါတီေတြက မ်ား မ်ားစားစား ႏိုင္ထားတယ္ဆိုရင္ေတာ့ျဖင့္ ျပည္မပါတီလည္း အလိုလို ေနရင္းနဲ႔ေတာ့ နည္းနည္း က်သြား ေတာ့မွာေလ။ ဆိုေတာ့က အဲဒီအခ်ိန္က်ရင္ေတာ့ ဒီေဆြးေႏြးညွိႏႈိင္းမႈေတြ ျဖစ္ေပၚ လာလိမ့္လို႔ ျမင္တယ္။”

ျမန္မာ့ႏိုင္ငံေရးတြင္ ပါတီႀကီးတစ္ခုထဲက လြတ္လပ္စြာ ခ်ယ္လွယ္လုပ္ကိုင္ေနသည့္ အစိုးရထက္ ပါတီအ မ်ားစုႏွင့္ စုေပါင္းကာ ျဖစ္ပၚလာသည့္ ၫႊန္ေပါင္း အစိုးရကသာ၍ တိုင္းျပည္အတြက္ သာ၍ အက်ိဳးရွိႏိုင္ သည္ဟု စိုင္းေက်ာ္ၫႊန္႔က ေျပာသည္။

သို႔ေသာ္ ၂၀၂၀ ေရြးေကာက္ပြဲအလြန္တြင္ ပါတီေပါင္းစံုျဖင့္ စုဖြဲ႔ထားသည့္ ၫႊန္႔ေပါင္း အစိုးရ ျဖစ္လာရန္ အတြက္ ေရြးေကာက္ပြဲ၀င္မည့္ သက္ဆိုင္ရာ တိုင္းရင္းသား ပါတီအသီးသီး၏ ႀကိဳးစားအားထုတ္မႈႏွင့္ လုပ္ေဆာင္မႈ အေပၚတြင္ မူတည္ေနသည္ဟု ဆိုသည္။

တိုင္းရင္းသားမ်ားအေနျဖင့္ တန္းတူအခြင့္အေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ စစ္မွန္သည့္ ဒီမိုကေရစီႏွင့္ ဖက္ဒ ရယ္ ျပည္ေထာင္စုကို ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံ ဥပေဒေအာက္တြင္ လုပ္ေဆာင္ရန္ မျဖစ္ႏိုင္ေသာ္လည္း ၂၀၂၀ ေရြးေကာက္ပြဲတြင္ အႏိုင္ရၿပီး ၫႊန္ေပါင္းအစိုးရ ျဖစ္လာပါက ထိုအစိုးရမွတစ္ဆင့္ ဖြဲ႔စည္းပံု ျပင္ ဆင္ေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး၊ အမ်ိဳးသား သင့္ျမတ္ေရးတို႔ကို လုပ္ေဆာင္သြားမည္ဟု ဆိုသည္။

ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP ပါတီမွ ခူးဂ်ိဳးဇက္က “က်ေနာ္တို႔ မဟာမိတ္ေတြ လုပ္ႏိုင္ မယ္ ဒီလိုသြား ႏိုင္မယ္ဆိုလို႔ရွိရင္ေတာ့ အကယ္၍မ်ား ျပည္နယ္ အသီးသီး တိုင္းအသီးသီး ဌာေန တိုင္းရင္း သားေတြ အႏိုင္ရမယ္ ဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔ ေမွ်ာ္မွန္းထားတဲ့ က်ေနာ္တို႔ ဖက္ဒရယ္ကို ေဖာ္ေဆာင္ သြား ႏိုင္မယ္လို႔ေတာ့ ေမွ်ာ္လင့္ေတာေပါ့” ဟု ေျပာသည္။

၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲသည္ ယခင္ ေရြးေကာက္ပြဲမ်ားထက္ ျပည္နယ္ အေျခစိုက္ တိုင္းရင္းသား ပါတီမ်ားႏွင့္ ျပည္မရွိ တိုင္းရင္းသား မဟုတ္သည့္ ပါတီတို႔အၾကား ၿပိဳင္ဆိုင္မႈ ပိုမို အားေကာင္းလာႏိုင္သည့္ အေနအထားတြင္ ရွိေနႏိုင္သည္ဟု ႏိုင္ငံေရးပါတီမ်ားႏွင့္ ေလ့လာသံုးသပ္ သူမ်ားက ဆိုသည္။

ထိုအေနအထားမ်ားေအာက္တြင္ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ား ေမွ်ာ္လင့္ထားၾကသည့္ ၫႊန္႔ေပါင္း အစိုးရ ဖြဲ႔ခြင့္ရရွိေရးမွာလည္း ေစာင့္ၾကည့္ရမည့္ အေနအထားတြင္ ရွိေနသည္ဟု ေလ့လာသံုးသပ္သူမ်ား က ေျပာသည္။