မွန်ပြည်နယ်တွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၆၇ ဦးရွေးကောက်ပွဲ ဝင်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။
လာမည့်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် အမျိုးသမီး ကိုယ်စား လှယ်လောင်း ၆၇ ဦး ဝင်ပြိုင်မည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်း ထက် က ပြောသည်။
အမျိုးသမီးကိုယ်စားလှယ်လောင်း ၆၇ ဦးတို့သည် မွန်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ် တော်၊ ပြည်နယ်လွှတ်တော်နှင့် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ၄၅ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
“ကိုယ်စားလှယ်လောင်း ၃၀၃ ဦးမှာ “မ” က ၆၇ ဦး ပါဝင်တာဖြစ်ပါတယ်။ မနေ့က (သြဂုတ် ၁၇) ထိ ကိုယ်စားလှယ်လောင်း စိစစ်တာတွေကို အားလုံးဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်။ ကိုယ် စားလှယ်လောင်း ကန့်ကွက်သူမရှိပါဘူး” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက် က ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း နိုင်ငံရေး ပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၂ ဦး စုစုပေါင်း ၃၀၃ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ ထက် ယခု ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု များလာသည်ဟု ပါတီ ခေါင်းဆောင်များနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်းတို့က ပြောသည်။
ယခင်ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၂ ဦး ပါဝင်ခဲ့သည်။
မွန်ပြည်နယ်အခြေစိုက် တစ်ခုတည်းသော မွန်ပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်တွင် ကိုယ် စားလှယ်လောင်း ၃၅ ဦး ဝင်ပြိုင်မည်ဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၈ ဦး ပါဝင်သည်။
မွန်ညီညွတ်ရေးပါတီကိုယ်စားပြုဖြင့် ရေးမြို့ နယ် အမျိုးသားလွှတ်တော် မဲဆန္ဒအမှတ် (၇) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မိလဝီဟန်က “ကျမတို့တောင်းဆိုနေတဲ့ (အမျိုးသမီးပါဝင်မှု) ၃၀ ရာခိုင်နှုန်းထိ မရပေမယ့်လည်း အများကြီးနည်းနေတာမဟုတ်ပဲ ကျမတို့ တိုင်းရင်းသားပါတီအနေအထားနဲ့ ကြည့်ရင် အားရတယ်လို့ ပြောလို့ ရတယ်၊ ဒီအခြေအနေကနေ တစ်လှမ်းချင်းလှမ်းမယ်ဆိုရင် နောက်ရွေးကောက်ပွဲ (၂၀၂၅) ကျရင် ကျမတို့ တောင်းဆိုနေတဲ့ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းက ရရှိလာမှာပေါ့” ဟု ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၃၀၃ ဦးတွင် ပြည်သူ့လွှတ်တော်အတွက် ၆၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၇၈ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၁၃၇ ဦးနှင့် ဗမာတိုင်းရင်းသား ရေးရာ နေရာအတွက် ၇ ဦး၊ ကရင်တိုင်းရင်းသားရေးရာအတွက် ၈ ဦး၊ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာအတွက် ၈ ဦး ဖြစ်သည်ဟု ပြည်နယ်ကော်မရှင်၏စာရင်းအရ သိရသည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ အမ်ဳိးသမီး ကုိယ္စားလွယ္ေလာင္း ၆၇ ဦးေရြးေကာက္ပြဲ ၀င္မည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္။
လာမည့္ေရြးေကာက္ပြဲ၌ မြန္ျပည္နယ္တြင္ အမ်ဳိးသမီး ကိုယ္စား လွယ္ေလာင္း ၆၇ ဦး ဝင္ၿပိဳင္မည္ဟု ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဦးဟိဏ္းလင္း ထက္ က ေျပာသည္။
အမ်ဳိးသမီးကိုယ္စားလွယ္ေလာင္း ၆၇ ဦးတို႔သည္ မြန္ျပည္နယ္ရွိ ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသား လႊတ္ ေတာ္၊ ျပည္နယ္လႊတ္ေတာ္ႏွင့္ ဗမာ၊ ကရင္၊ ပအိုဝ္းတိုင္းရင္းသားေရးရာ မဲဆႏၵနယ္ ၄၅ ေနရာတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမည္ ျဖစ္သည္။
“ကိုယ္စားလွယ္ေလာင္း ၃၀၃ ဦးမွာ “မ” က ၆၇ ဦး ပါဝင္တာျဖစ္ပါတယ္။ မေန႔က (ၾသဂုတ္ ၁၇) ထိ ကိုယ္စားလွယ္ေလာင္း စိစစ္တာေတြကို အားလံုးေဆာင္ရြက္ခဲ့ၿပီျဖစ္ပါတယ္။ ကိုယ္ စားလွယ္ေလာင္း ကန္႔ကြက္သူမရွိပါဘူး” ဟု ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ တာဝန္ခံအရာရွိ ဦးဟိဏ္းလင္းထက္ က ေျပာသည္။
လာမည့္ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္း ႏိုင္ငံေရး ပါတီ ၁၇ ပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္း ၁၂ ဦး စုစုေပါင္း ၃၀၃ ဦး ယွဥ္ၿပိဳင္မည္ျဖစ္သည္။
ၿပီးခဲ့သည့္ ၂၀၁၀ ျပည့္ႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္တြင္ က်င္းပခဲ့သည့္ ေရြးေကာက္ပြဲမ်ား ထက္ ယခု က်င္းပမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အမ်ဳိးသမီးကိုယ္စားလွယ္ေလာင္း ပါဝင္မႈ မ်ားလာသည္ဟု ပါတီ ေခါင္းေဆာင္မ်ားႏွင့္ အမ်ဳိးသမီးကိုယ္စားလွယ္ေလာင္းတို႔က ေျပာသည္။
ယခင္ေရြးေကာက္ပြဲတြင္ အမ်ဳိးသမီး ကိုယ္စားလွယ္ေလာင္း ၅၂ ဦး ပါ၀င္ခဲ့သည္။
မြန္ျပည္နယ္အေျခစိုက္ တစ္ခုတည္းေသာ မြန္ပါတီျဖစ္သည့္ မြန္ညီညြတ္ေရးပါတီက မြန္ျပည္နယ္တြင္ ကိုယ္ စားလွယ္ေလာင္း ၃၅ ဦး ဝင္ၿပိဳင္မည္ျဖစ္ၿပီး ထိုအထဲတြင္ အမ်ဳိးသမီးကိုယ္စားလွယ္ေလာင္း ၈ ဦး ပါဝင္သည္။
မြန္ညီညြတ္ေရးပါတီကိုယ္စားျပဳျဖင့္ ေရးၿမိဳ႕ နယ္ အမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵအမွတ္ (၇) တြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ မိလဝီဟန္က “က်မတို႔ေတာင္းဆိုေနတဲ့ (အမ်ဳိးသမီးပါဝင္မႈ) ၃၀ ရာခိုင္ႏႈန္းထိ မရေပမယ့္လည္း အမ်ားႀကီးနည္းေနတာမဟုတ္ပဲ က်မတို႔ တိုင္းရင္းသားပါတီအေနအထားနဲ႔ ၾကည့္ရင္ အားရတယ္လို႔ ေျပာလို႔ ရတယ္၊ ဒီအေျခအေနကေန တစ္လွမ္းခ်င္းလွမ္းမယ္ဆိုရင္ ေနာက္ေရြးေကာက္ပြဲ (၂၀၂၅) က်ရင္ က်မတို႔ ေတာင္းဆိုေနတဲ့ အမ်ဳိးသမီးပါဝင္မႈ ၃၀ ရာခိုင္ႏႈန္းက ရရွိလာမွာေပါ့” ဟု ေျပာသည္။
လာမည့္ေရြးေကာက္ပြဲတြင္ ဝင္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ၃၀၃ ဦးတြင္ ျပည္သူ႔လႊတ္ေတာ္အတြက္ ၆၅ ဦး၊ အမ်ဳိးသားလႊတ္ေတာ္အတြက္ ၇၈ ဦး၊ ျပည္နယ္လႊတ္ေတာ္အတြက္ ၁၃၇ ဦးႏွင့္ ဗမာတိုင္းရင္းသား ေရးရာ ေနရာအတြက္ ၇ ဦး၊ ကရင္တိုင္းရင္းသားေရးရာအတြက္ ၈ ဦး၊ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာအတြက္ ၈ ဦး ျဖစ္သည္ဟု ျပည္နယ္ေကာ္မရွင္၏စာရင္းအရ သိရသည္။