တိုင်းရင်းသားဘာသာ သတင်းအစီအစဉ်(မြန်မာဘာသာ) ၂၄ – ၀၈ – ၂၀၂၀

ရက္ခိုင့်တပ်တော်ကို ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းက ဖယ်ထုတ်မထားသင့်ဘူးလို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ပြောပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲက လယ်သမားတွေဟာ ကန့်ကွက်မှုမရှိရင် သူတို့လယ်ယာမြေတွေကို ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုလို့ ကန့်ကွက်စာ တင်ခဲ့ကြပါတယ်။

ကယားပြည်နယ် မယ်စဲ့မှာရှိတဲ့ အထက်တန်းကျောင်းတွေမှာတော့ ဆရာ၊ ဆရာမ မလုံလောက်တာကြောင့် ဒီနှစ် ဒဿမတန်းကို သိပ္ပံတွဲ သင်နိုင်မှာ မဟုတ်ဘူးလို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။

*** ZAWGYI ***


