မွန် ဌာနဆိုင်ရာများ လုပ်ထုံးလုပ်နည်းနှင့် မညီဟု ပြည်နယ် စာရင်းချုပ် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်။

ဌာနဆိုင်ရာ အချို့က ရံပုံငွေများ သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသော်လည်း မွန်ပြည်နယ် အစိုးရက အရေးယူခဲ့ခြင်း မရှိကြောင်း မွန်ပြည်နယ် စာရင်း စစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်စာရင်း စစ်ချုပ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ် ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာနအချို့ တို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံ စာကို ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် တင်သွင်းခဲ့ပြီး ထိုကဲ့သို့ ပါရှိခြင်း ဖြစ်သည်။

“ယခု (အစီရင်ခံစာ) တင်ပြချိန်ထိ ပြန်ကြားမှုမရှိသေးပါ၊ ပြန်ကြားမှု ရရှိပြီးသော စာများမှာလည်း အရေးယူ ဆောင်ရွက်မှု ပြီးပြတ်မှုမရှိပဲ လိုက်နာဆောင်ရွက်ပါမည်။ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်ထားပါသည်။ စသ ဖြင့် ပြန်ကြားထားပါတယ်” ဟု ပြည်နယ် စာရင်းချုပ် ဒေါ်သိန်းသိန်းဦး က ပြောသည်။

သြဂုတ်လ ၂၄ ရက်က စတင်လျှက်ရှိသည့် မွန်ပြည်နယ် လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို တင်သွင်းထားပြီဟု ပြည်နယ်စာရင်းစစ်ချုပ် က ပြောသည်။

“ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ် ၂၅ (က) (ခ) (ဂ) (ဃ) နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်နဲ့ ဝန်ကြီးဌာန အချို့တို့၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များကို တင်ပြသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

အစီရင်ခံစာတင်သွင်းရာတွင် ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် ညီ ညွတ်မှုမရှိခဲ့သည့် ဌာနဆိုင်ရာ ၉ ခုကို အရေးယူမှုများဆောင်ရွက်ပေးနိုင်ရန် အကြောင်းကြားစာ ၂၁ စောင် ပေးပို့ခဲ့သည်ဟု ပါရှိသည်။

အကြောင်းကြားစာများနှင့် ပတ်သက်ပြီး တချို့ ဆိုလျှင် အကြောင်းပြန်မှုမရှိကြောင်း အကြောင်းပြန်ကြားမှု ရှိ သည့် စာတချို့ သည်လည်း အရေးယူဆောင်ရွက်ထားသည့် အခြေအနေသို့ မရောက်ရှိကြောင်းလည်း အစီရင် ခံစာက ပြောထားသည်။

ဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးနှစ်ကုန်ခါနီးတွင် ထုတ်ယူခဲ့ပြီး သုံးစွဲရန်အချိန်မမီတော့သော်လည်း ပြန်လည် အပ်နံှခြင်းမပြုပဲ နောက်ဘဏ္ဍာရေးနှစ်အတွက် ကျခံသုံးစွဲထားသည်လည်း တွေ့ရှိရကြောင်း ပိုလျှံငွေများကို အပ် နှံခြင်းမပြုပဲ နောက်ဘဏ္ဍာနှစ်တွင် ဆက်လက်သုံးစွဲခြင်းသည်လည်း ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်း နှင့် ကိုက်ညီမှုမရှိဘူးလို့လည်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့အပြင် သမ္မတညွှန်ကြားချက် တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇ အရ ကျပ် ၁၀ သန်းအထက် လုပ်ငန်းများကို တင်ဒါခေါ်ယူရမည်ဖြစ်သော်လည်း မွန်ပြည်နယ်အစိုးက ကျပ် ၁၀ တန်းအထက် လုပ်ငန်း ၁၀ ခုကျော်ကိုလည်း တင်ဒါမခေါ်ပဲ လုပ်ငန်းဆောင်ရွက်စေခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုမရှိသည့်အတွက်ကြောင့်လည်း ရင်းနှီးမြုပ်နှံမှုများစွာ ကုန်ကျခဲ့ရသော်လည်း ပြည်သူများအတွက် ထိရောက်စွာအကျိုးသက်ရောက်မှုမရရှိ ၍ ပြည်သူ့ဘဏ္ဍာငွေ အဟောတိကံဖြစ်စေသည်ဟုလည်း စာရင်းစစ်ချုပ်အစီရင်ခံစာက တွေ့ရှိထားသည်။

မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

*** ZAWGYI ***
မြန္ ဌာနဆိုင္ရာမ်ား လုပ္ထံုးလုပ္နည္းႏွင့္ မညီဟု ျပည္နယ္ စာရင္းခ်ဳပ္ ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္။

ဌာနဆိုင္ရာ အခ်ဳိ့က ရံပံုေငြမ်ား သံုးစြဲရာတြင္ ဘ႑ာေရး စည္းမ်ဥ္း လုပ္ထံုးလုပ္နည္းမ်ားႏွင့္ ညီညြတ္မႈမရွိေသာ္လည္း မြန္ျပည္နယ္ အစိုးရက အေရးယူခဲ့ျခင္း မရွိေၾကာင္း မြန္ျပည္နယ္ စာရင္း စစ္ခ်ဳပ္၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

မြန္ျပည္နယ္စာရင္း စစ္ခ်ဳပ္၏ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ မြန္ျပည္နယ္၏ အရအသံုးခန္႔မွန္းေျခေငြစာရင္း စစ္ ေဆးေတြ႔ရွိခ်က္ႏွင့္ ဝန္ႀကီးဌာနအခ်ဳိ႕ တို႔၏ ထူးျခားေသာ စစ္ေဆးေတြ႔ရွိခ်က္မ်ားႏွင့္ စပ္လ်ဥ္းသည့္ အစီရင္ခံ စာကို က်င္းပလ်က္ရွိသည့္ ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ (၁၇) ႀကိမ္ေျမာက္ ပံုမွန္အစည္း အေဝးတြင္ တင္သြင္းခဲ့ၿပီး ထိုကဲ့သို႔ ပါရွိျခင္း ျဖစ္သည္။

“ယခု (အစီရင္ခံစာ) တင္ျပခ်ိန္ထိ ျပန္ၾကားမႈမရွိေသးပါ၊ ျပန္ၾကားမႈ ရရွိၿပီးေသာ စာမ်ားမွာလည္း အေရးယူ ေဆာင္ရြက္မႈ ၿပီးျပတ္မႈမရွိပဲ လိုက္နာေဆာင္ရြက္ပါမည္။ လိုက္နာေဆာင္ရြက္ရန္ လမ္းၫႊန္ထားပါသည္။ စသ ျဖင့္ ျပန္ၾကားထားပါတယ္” ဟု ျပည္နယ္ စာရင္းခ်ဳပ္ ေဒၚသိန္းသိန္းဦး က ေျပာသည္။

ၾသဂုတ္လ ၂၄ ရက္က စတင္လ်ွက္ရွိသည့္ မြန္ျပည္နယ္ လႊတ္ေတာ္ (၁၇) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး တြင္ စာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာကို တင္သြင္းထားၿပီဟု ျပည္နယ္စာရင္းစစ္ခ်ဳပ္ က ေျပာသည္။

“ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ဥပေဒပုဒ္ ၂၅ (က) (ခ) (ဂ) (ဃ) နဲ႔ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ မြန္ျပည္နယ္၏ အရအသံုးခန္႔မွန္းေျခေငြစာရင္း စစ္ေဆးေတြ႔ရွိခ်က္နဲ႔ ဝန္ႀကီးဌာန အခ်ဳိ႕တို႔၏ အေရးႀကီးေသာ စစ္ေဆးေတြ႔ရွိခ်က္မ်ားကို တင္ျပသြားမွာျဖစ္ပါတယ္” ဟု ေျပာသည္။

အစီရင္ခံစာတင္သြင္းရာတြင္ ဘ႑ာေငြမ်ားကို သံုးစြဲရာတြင္ ဘ႑ာေရး စည္းမ်ဥ္း လုပ္ထံုးလုပ္နည္းႏွင့္ ညီ ညြတ္မႈမရွိခဲ့သည့္ ဌာနဆိုင္ရာ ၉ ခုကို အေရးယူမႈမ်ားေဆာင္ရြက္ေပးႏိုင္ရန္ အေၾကာင္းၾကားစာ ၂၁ ေစာင္ ေပးပို႔ခဲ့သည္ဟု ပါရွိသည္။

အေၾကာင္းၾကားစာမ်ားႏွင့္ ပတ္သက္ၿပီး တခ်ဳိ႕ ဆိုလွ်င္ အေၾကာင္းျပန္မႈမရွိေၾကာင္း အေၾကာင္းျပန္ၾကားမႈ ရွိ သည့္ စာတခ်ဳိ႕ သည္လည္း အေရးယူေဆာင္ရြက္ထားသည့္ အေျခအေနသို႔ မေရာက္ရွိေၾကာင္းလည္း အစီရင္ ခံစာက ေျပာထားသည္။

ဘ႑ာရန္ပံုေငြမ်ားကို ဘ႑ာေရးႏွစ္ကုန္ခါနီးတြင္ ထုတ္ယူခဲ့ၿပီး သံုးစြဲရန္အခ်ိန္မမီေတာ့ေသာ္လည္း ျပန္လည္ အပ္ႏံွျခင္းမျပဳပဲ ေနာက္ဘ႑ာေရးႏွစ္အတြက္ က်ခံသံုးစြဲထားသည္လည္း ေတြ႔ရွိရေၾကာင္း ပိုလွ်ံေငြမ်ားကို အပ္ ႏွံျခင္းမျပဳပဲ ေနာက္ဘ႑ာႏွစ္တြင္ ဆက္လက္သံုးစြဲျခင္းသည္လည္း ဘ႑ာေရး စည္းမ်ဥ္း လုပ္ထံုးလုပ္နည္း ႏွင့္ ကိုက္ညီမႈမရွိဘူးလို႔လည္း အစီရင္ခံစာတြင္ ပါရွိသည္။

ထို႔အျပင္ သမၼတၫႊန္ၾကားခ်က္ တင္ဒါလုပ္ထံုးလုပ္နည္း ၁/၂၀၁၇ အရ က်ပ္ ၁၀ သန္းအထက္ လုပ္ငန္းမ်ားကို တင္ဒါေခၚယူရမည္ျဖစ္ေသာ္လည္း မြန္ျပည္နယ္အစိုးက က်ပ္ ၁၀ တန္းအထက္ လုပ္ငန္း ၁၀ ခုေက်ာ္ကိုလည္း တင္ဒါမေခၚပဲ လုပ္ငန္းေဆာင္ရြက္ေစခဲ့သည္ဟု အစီရင္ခံစာတြင္ ပါရွိသည္။

ျပည္သူ႔ဘ႑ာေငြမ်ားကို သံုးစြဲရာတြင္ ဌာနဆိုင္ရာအခ်င္းခ်င္း ေပါင္းစပ္ၫွိႏႈိင္းမႈမရွိသည့္အတြက္ေၾကာင့္လည္း ရင္းႏွီးျမဳပ္ႏွံမႈမ်ားစြာ ကုန္က်ခဲ့ရေသာ္လည္း ျပည္သူမ်ားအတြက္ ထိေရာက္စြာအက်ဳိးသက္ေရာက္မႈမရရွိ ၍ ျပည္သူ႔ဘ႑ာေငြ အေဟာတိကံျဖစ္ေစသည္ဟုလည္း စာရင္းစစ္ခ်ဳပ္အစီရင္ခံစာက ေတြ႔ရွိထားသည္။

မြန္ျပည္နယ္စာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာကို က်င္းပလ်က္ရွိသည့္ ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ (၁၇) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးတြင္ ေဆြးေႏြးသြားမည္ျဖစ္သည္။