အသိပေးမှု အားနည်းသဖြင့် နေရပ်ပြန်ရေး ဆုံးဖြတ်ရခက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်။

အချက်အလက်များ ပြည့်စုံစွာ မသိရသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စ ဆုံးဖြတ်ရခက်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင့် RC စစ်ရှောင်စခန်းမှ ဒေါ်ရွယ်ဂျာ က စစ်ဘေးရှောင်များ နေ ရပ်ပြန်ရေးနှင့် ပတ်သက်ပြီး တိကျခိုင်မာသည့် ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက စစ်ဘေးရှောင်များအား ပွင့်ပွင့်လင်းလင်း လာရောက်ရှင်းပြရန်လိုသည် ဟု ပြောသည်။

“IDP တွေ နေရပ်ပြန်ရေးကို ဘယ်လောက်အထိ ညှိနှိုင်းထားပြီလဲ ဘယ်လောက် အထိ သဘော တူမှု ရရှိ ထားပြီလဲ ဆိုတဲ့ဥစ္စာကို အစိုးရတွေလာ မရှင်းပြနိုင်ရင်တောင်မှ KHCC အနေနဲ့ ဒီ IDP တွေကို ချပြနိုင် ရင် တော့ IDP တွေကလည်း ပိုပြီးမှ နေရပ်ပြန်ဖို့ကို ပိုပြီးမှ ဆုံးဖြတ်ချက် ခိုင်မာလာနိုင်မယ်။”

ပြီးခဲ့သည့်နှစ်က ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ ပိတ်သိမ်းရေးနှင့် စစ်ဘေးရှောင်များ နေရပ်ပြန် ရေးကို လူမှု့ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စစ် ဘေးရှောင်စခန်း တာဝန်ခံများအား ခေါ်ယူပြောဆိုမှု ရှိသော်လည်း အဆိုပါကိစ္စရပ်များကို ယခုအချိန်အထိ ပွင့် လင်းမြင်သာစွာ ချပြခြင်း မရှိသေး ဟု ဆိုသည်။

ဇီးအွန် စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဒေါ်ထုဆန်ကလည်း “ကျမတို့က ဒီအစိုးရတွေ ကိုယ်တိုင်လာပါ လာပြီးမှ ကျမတို့ IDP တွေကို လာဆွေးနွေးပါ။ လာမေးမြန်းပါ။ အချိန်မရွေး လာလို့ရပါတယ်ပေါ့နော။ ဒီနေရပ်ပြန်တဲ့ ကိစ္စမျိုး မှာ သူတို့က တစ်ခါမှ မလာသေးဘူး အဲဒါနဲ့ ဖုန်းနဲ့ပဲ ပေါ့နော။ ဘယ်အိမ်ထောင်စု ပြန်မလဲ ဘယ်ရွာ တွေ ပြန်မလဲ ဒါနဲ့ပဲ မေးတယ်ဆိုတော့ ကဲ အခုပြန်မယ့် လူတွေ ဘယ်နှစ်ယောက်ရှိသလဲ အဲဒါမျိုးဆိုတော့ ကျမ တို့က အားကိုးမယ့် နေရာ မရှိသလိုပေါ့နော ဖခင်မိ ခင် မရှိသလိုပေါ့ အရမ်းခံစားတာပေါ့လေ” ဟု ပြောသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများဖက်မှ ပွင့်လင်းမြင်သာစွာ လာရောက်ရှင်းပြခြင်း မရှိသေးသည့် အခြား တစ် ဖက်တွင် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အဖွဲ့အစည်းများထဲတွင် နေရပ်ပြန် စေချင်သည့် အဖွဲ့အစည်းများ ရှိသကဲ့သို့ မပြန်စေချင် သည့် အဖွဲ့အစည်းများလည်း ရှိနေသည်ဟု ဆိုသည်။

ထိုအနေအထားများကြောင့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးအတွက် ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက် မချနိုင်ပဲ ဝေးဝါးနေသည်ဟု ဒေါ်ရွယ်ဂျာ က ပြောသည်။

“နေရပ်ပြန်ရင် ဘယ်လိုဂုဏ်သိက္ခာဆိုတာကို ဘယ်လိုပြောတယ် အာမခံချက်ဆိုတာ အများကြီးလာပြီးမှ ပေးသွားတယ် ဒါပေမယ့် ဘယ်သူတာဝန်ယူမှု ဘယ်သူတာဝန်ခံမှု ဘယ်သူရှိသလဲ။ IDPs တွေရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်ပြီးမှ ဒီဂုဏ်သိက္ခာတွေ ဒီအာမခံချက်တွေ ရဖို့အတွက် ဘယ်သူကြိုးစားပေးတာမျိုး မရှိပြန်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်တော့ ဟိုလိုလို ဒီလိုလိုနဲ့ ပြန်ပြီးမှ ပျောက်ပြန်ပြီ အဲဒီအခါ ကျတော့ IDP တွေက ပြန်ဖို့ပဲ ဆုံးဖြတ်ရမှာလား နေဖို့ပဲ ဆုံးဖြတ်ရမလားကို ဝေဝါးကုန်ပြီပေါ့နော်။”

တရုတ်အစိုးရထံမှ စစ်ရှောင်များနေရပ်ပြန်ရေးအတွက် ထောက်ပံံ့ငွေ ယွမ် ၄ သန်း ရရှိထားပြီး တာလော ကြီး၊ ဒဘတ်ယန် နှင့် နမ့်ဆန်ယန် ကျေးရွာတို့မှ အိမ်ထောင်စုပေါင်း ၁၉၀ ကျော်အတွက် နေရပ်ပြန်ရေး စက်တင်ဘာလတွင် အကောင်အထည်ဖော်ရန် ရှိသည်ဟုလည်း ပြည်နယ်အစိုးရက ပြောဆိုထားသည်။

စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ရန် ဝေးဝါးနေသော်လည်း လက်ရှိ နေထိုင် နေကြသည့် စစ်ရှောင်စခန်းများတွင် ကူညီထောက်ပံ့မှုများ လျော့နည်းလာခြင်း၊ နှစ်ကြာလာသည် နှင့် အမျှ မိသားစုဝင် ဦးရေများလာသည့်အတွက် နေထိုင်ရန် နေရာထိုင်ခင်း ကြပ်တည်းလာခြင်း၊ အလုပ်အ ကိုင် အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောသည်။

ထို့အပြင် ၎င်းတို့ ပိုင်ဆိုင်သည့် ခြံမြေများကို ကုမ္ပဏီများက ဝင်ရောက်ကာ ရွှေတူးဖော်ခြင်း၊ တစ်သျူးငှက် ပျောစိုက်ပျိုးခြင်းတို့ကြောင့် ခြံမြေများ ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် နေရပ်ပြန် ချင်ကြသည်ဟု ဆိုသည်။

သို့သော် ၎င်းတို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ကျေးရွာများထဲတွင်လည်းကောင်း ကျေးရွာများနှင့် အနီး တဝှိုက်တွင် တပ်မတော်မှ တပ်စခန်းသစ်များ တည်ဆောက်ခြင်း၊ ကျေးရွာအတွင်းနှင့် ၎င်းတို့ လုပ် ကိုင်စား သောက်သည့် နေရာများတွင် မြေမြုပ်မိုင်းများ ရှိနေသေးသည့်အတွက် လုံခြုံမှု မရှိသည့် အနေ အထားတွင် နေရပ်ပြန်မည်ဆိုပါက ဒုက္ခရောက်နိုင်သည်ဟု ပြောသည်။

ထို့ကြောင့် တပ်မတော်မှ တပ်စခန်းများကို ဆုတ်ခွာရန်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြေ မြုပ်မိုင်းများကို ရှင်းလင်းပေးရန်နှင့် နေရပ်ပြန်ပါက လိုအပ်သည့် အကူညီထောက်ပံ့မှုကို အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးရန်၊ လုံခြုံရေး နှင့် လူမှု့ဘ၀ အာမခံချက်ရှိသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုသည်။

*** ZAWGYI ***
အသိေပးမႈ အားနည္းသျဖင့္ ေနရပ္ျပန္ေရး ဆံုးျဖတ္ရခက္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၃၁ ရက္။

အခ်က္အလက္မ်ား ျပည့္စံုစြာ မသိရသည့္အတြက္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ေရးကိစၥ ဆံုးျဖတ္ရခက္ေနသည္ဟု စစ္ေဘးေရွာင္မ်ားက ေျပာသည္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ ဂ်ာမိုင္ေကာင့္ RC စစ္ေရွာင္စခန္းမွ ေဒၚရြယ္ဂ်ာ က စစ္ေဘးေရွာင္မ်ား ေန ရပ္ျပန္ေရးႏွင့္ ပတ္သက္ၿပီး တိက်ခိုင္မာသည့္ ဆံုးျဖတ္ခ်က္ ခ်ႏိုင္ရန္အတြက္ သက္ဆိုင္ရာ တာ၀န္ရွိသူ မ်ားက စစ္ေဘးေရွာင္မ်ားအား ပြင့္ပြင့္လင္းလင္း လာေရာက္ရွင္းျပရန္လိုသည္ ဟု ေျပာသည္။

“IDP ေတြ ေနရပ္ျပန္ေရးကို ဘယ္ေလာက္အထိ ညွိႏႈိင္းထားၿပီလဲ ဘယ္ေလာက္ အထိ သေဘာ တူမႈ ရရွိ ထားၿပီလဲ ဆိုတဲ့ဥစၥာကို အစိုးရေတြလာ မရွင္းျပႏိုင္ရင္ေတာင္မွ KHCC အေနနဲ႔ ဒီ IDP ေတြကို ခ်ျပႏိုင္ ရင္ ေတာ့ IDP ေတြကလည္း ပိုၿပီးမွ ေနရပ္ျပန္ဖို႔ကို ပိုၿပီးမွ ဆံုးျဖတ္ခ်က္ ခိုင္မာလာႏိုင္မယ္။”

ၿပီးခဲ့သည့္ႏွစ္က ကခ်င္ျပည္နယ္ရွိ စစ္ေဘးေရွာင္စခန္းမ်ား ပိတ္သိမ္းေရးႏွင့္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ ေရးကို လူမႈ႔၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာနမွ တာ၀န္ရွိသူမ်ားက စစ္ ေဘးေရွာင္စခန္း တာ၀န္ခံမ်ားအား ေခၚယူေျပာဆိုမႈ ရွိေသာ္လည္း အဆိုပါကိစၥရပ္မ်ားကို ယခုအခ်ိန္အထိ ပြင့္ လင္းျမင္သာစြာ ခ်ျပျခင္း မရွိေသး ဟု ဆိုသည္။

ဇီးအြန္ စစ္ေရွာင္စခန္း ဒု-တာဝန္ခံ ေဒၚထုဆန္ကလည္း “က်မတို႔က ဒီအစိုးရေတြ ကိုယ္တိုင္လာပါ လာၿပီးမွ က်မတို႔ IDP ေတြကို လာေဆြးေႏြးပါ။ လာေမးျမန္းပါ။ အခ်ိန္မေရြး လာလို႔ရပါတယ္ေပါ့ေနာ။ ဒီေနရပ္ျပန္တဲ့ ကိစၥမ်ိဳး မွာ သူတို႔က တစ္ခါမွ မလာေသးဘူး အဲဒါနဲ႔ ဖုန္းနဲ႔ပဲ ေပါ့ေနာ။ ဘယ္အိမ္ေထာင္စု ျပန္မလဲ ဘယ္ရြာ ေတြ ျပန္မလဲ ဒါနဲ႔ပဲ ေမးတယ္ဆိုေတာ့ ကဲ အခုျပန္မယ့္ လူေတြ ဘယ္ႏွစ္ေယာက္ရွိသလဲ အဲဒါမ်ိဳးဆိုေတာ့ က်မ တို႔က အားကိုးမယ့္ ေနရာ မရွိသလိုေပါ့ေနာ ဖခင္မိ ခင္ မရွိသလိုေပါ့ အရမ္းခံစားတာေပါ့ေလ” ဟု ေျပာသည္။

သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားဖက္မွ ပြင့္လင္းျမင္သာစြာ လာေရာက္ရွင္းျပျခင္း မရွိေသးသည့္ အျခား တစ္ ဖက္တြင္ စစ္ေဘးေရွာင္မ်ားအား အကူအညီေပးေနသည့္ အဖြဲ႔အစည္းမ်ားထဲတြင္ ေနရပ္ျပန္ ေစခ်င္သည့္ အဖြဲ႔အစည္းမ်ား ရွိသကဲ့သို႔ မျပန္ေစခ်င္ သည့္ အဖြဲ႔အစည္းမ်ားလည္း ရွိေနသည္ဟု ဆိုသည္။

ထိုအေနအထားမ်ားေၾကာင့္ စစ္ေဘးေရွာင္မ်ားအေနျဖင့္ ေနရပ္ျပန္ေရးအတြက္ ဆံုးျဖတ္ခ်က္ခ်ရာတြင္ ခိုင္မာျပတ္သားသည့္ ဆံုးျဖတ္ခ်က္ မခ်ႏိုင္ပဲ ေ၀းဝါးေနသည္ဟု ေဒၚရြယ္ဂ်ာ က ေျပာသည္။

“ေနရပ္ျပန္ရင္ ဘယ္လိုဂုဏ္သိကၡာဆိုတာကို ဘယ္လိုေျပာတယ္ အာမခံခ်က္ဆိုတာ အမ်ားႀကီးလာၿပီးမွ ေပးသြားတယ္ ဒါေပမယ့္ ဘယ္သူတာ၀န္ယူမႈ ဘယ္သူတာ၀န္ခံမႈ ဘယ္သူရွိသလဲ။ IDPs ေတြရဲ႕ ေရွ႕မွာ မားမားမတ္မတ္ရပ္ၿပီးမွ ဒီဂုဏ္သိကၡာေတြ ဒီအာမခံခ်က္ေတြ ရဖို႔အတြက္ ဘယ္သူႀကိဳးစားေပးတာမ်ိဳး မရွိျပန္ေတာ့ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ေတာ့ ဟိုလိုလို ဒီလိုလိုနဲ႔ ျပန္ၿပီးမွ ေပ်ာက္ျပန္ၿပီ အဲဒီအခါ က်ေတာ့ IDP ေတြက ျပန္ဖို႔ပဲ ဆံုးျဖတ္ရမွာလား ေနဖို႔ပဲ ဆံုးျဖတ္ရမလားကို ေ၀ဝါးကုန္ၿပီေပါ့ေနာ္။”

တရုတ္အစိုးရထံမွ စစ္ေရွာင္မ်ားေနရပ္ျပန္ေရးအတြက္ ေထာက္ပံံ့ေငြ ယြမ္ ၄ သန္း ရရွိထားၿပီး တာေလာ ႀကီး၊ ဒဘတ္ယန္ ႏွင့္ နမ့္ဆန္ယန္ ေက်းရြာတုိ႔မွ အိမ္ေထာင္စုေပါင္း ၁၉၀ ေက်ာ္အတြက္ ေနရပ္ျပန္ေရး စက္တင္ဘာလတြင္ အေကာင္အထည္ေဖာ္ရန္ ရွိသည္ဟုလည္း ျပည္နယ္အစိုးရက ေျပာဆိုထားသည္။

စစ္ေဘးေရွာင္မ်ားအေနျဖင့္ ေနရပ္ျပန္ေရးႏွင့္ ပတ္သက္ၿပီး ဆံုးျဖတ္ခ်က္ရန္ ေ၀းဝါးေနေသာ္လည္း လက္ရွိ ေနထိုင္ ေနၾကသည့္ စစ္ေရွာင္စခန္းမ်ားတြင္ ကူညီေထာက္ပံ့မႈမ်ား ေလ်ာ့နည္းလာျခင္း၊ ႏွစ္ၾကာလာသည္ ႏွင့္ အမွ် မိသားစု၀င္ ဦးေရမ်ားလာသည့္အတြက္ ေနထိုင္ရန္ ေနရာထိုင္ခင္း ၾကပ္တည္းလာျခင္း၊ အလုပ္အ ကိုင္ အခြင့္အလမ္း ရွားပါးျခင္းတို႔ေၾကာင့္ ျဖစ္သည္ဟု ေျပာသည္။

ထို႔အျပင္ ၎တို႔ ပိုင္ဆိုင္သည့္ ၿခံေျမမ်ားကို ကုမၸဏီမ်ားက ၀င္ေရာက္ကာ ေရႊတူးေဖာ္ျခင္း၊ တစ္သ်ဴးငွက္ ေပ်ာစိုက္ပ်ိဳးျခင္းတို႔ေၾကာင့္ ၿခံေျမမ်ား ဆံုးရံႈးမည္ကို စိုးရိမ္သည့္အတြက္ ေနရပ္ျပန္ ခ်င္ၾကသည္ဟု ဆိုသည္။

သို႔ေသာ္ ၎တို႔ ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ ေက်းရြာမ်ားထဲတြင္လည္းေကာင္း ေက်းရြာမ်ားႏွင့္ အနီး တ၀ႈိက္တြင္ တပ္မေတာ္မွ တပ္စခန္းသစ္မ်ား တည္ေဆာက္ျခင္း၊ ေက်းရြာအတြင္းႏွင့္ ၎တို႔ လုပ္ ကိုင္စား ေသာက္သည့္ ေနရာမ်ားတြင္ ေျမျမဳပ္မိုင္းမ်ား ရွိေနေသးသည့္အတြက္ လံုၿခံဳမႈ မရွိသည့္ အေန အထားတြင္ ေနရပ္ျပန္မည္ဆိုပါက ဒုကၡေရာက္ႏိုင္သည္ဟု ေျပာသည္။

ထို႔ေၾကာင့္ တပ္မေတာ္မွ တပ္စခန္းမ်ားကို ဆုတ္ခြာရန္အျပင္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားအေနျဖင့္ ေျမ ျမဳပ္မိုင္းမ်ားကို ရွင္းလင္းေပးရန္ႏွင့္ ေနရပ္ျပန္ပါက လိုအပ္သည့္ အကူညီေထာက္ပံ့မႈကို အတိုင္းအတာ တစ္ခုအထိ ေထာက္ပံ့ေပးရန္၊ လံုျခံဳေရး ႏွင့္ လူမႈ႔ဘ၀ အာမခံခ်က္ရွိသည့္ အပစ္အခတ္ရပ္စဲေရးႏွင့္ ၿငိမ္း ခ်မ္းေရးကို အျမန္ဆံုး ေဖာ္ေဆာင္ေပးရန္ စစ္ေဘးေရွာင္မ်ားက ေတာင္းဆိုသည္။