RCSS နယ်မြေတွင် ရွေးကောက်ပွဲစည်းရုံးရေးလုပ်ငန်းများ အကြောင်းကြားရန် လိုမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။

၂၀၂၀ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS အုပ်ချုပ်ရေး နယ်မြေများတွင် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်မည်ဆိုပါက ကြိုတင် အကြောင်း ကြားရန်လိုသည်ဟု RCSS က ပြောသည်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး စိုင်းအုမ်ခေး က “အကြောင်းကြားမှုရယ် ညှိနှိုင်းမှုရယ်၊ နားလည် မှုရယ် အဲလိုမျိုး ရယူဖို့က ဘာဖြစ်လို့လဲ ဆိုတော့ RCSS ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ခပ်များများက အချိန် မရွေး စစ်ရေးအခြေအနေက တင်းမာလာနိုင်တယ်။ အဲဒါကြောင့်မို့လို့ သက်ဆိုင်တဲ့ ပါတီတွေ စည်းရုံးရေး ဆင်းတဲ့နေရာမှာ အန္တရာယ် ကင်းကင်းနဲ့ လျောလျော ရှူရှူ ဖြစ်စေဖို့အတွက်နဲ့ လိုအပ်တဲ့ နေရာတွေလည်း လုံခြုံရေး ပေးသင့်လည်း ပေးနိုင်တဲ့ ရည်ရွယ်ချက်နဲ့ အဲလိုမျိုးသဘောပေါ့နော်” ဟု ပြောသည်။

သက်ဆိုင်ရာ နိုင်ငံရေး ပါတီများအနေဖြင့် RCSS ၏ ဆက်ဆံရေးရုံးများနှင့် နယ်မြေခံ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြား ပြီးမှသာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နိုင်သည် ဟု RCSS ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နိုင်ငံရေး ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည့် ကိစ္စရပ်များကို အကြောင်း မကြားပဲ လွတ် လပ်စွာ လုပ်ဆောင်နိုင်သော်လည်း နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာမည့် စစ်ရေး ပဋိပက္ခများကြားတွင် နစ်နာမည်ကို စိုးရိမ်သည့်အတွက် အကြောင်းကြားပြီးမှ မဲဆွယ်စည်းရုံးရေးကို လုပ် ဆောင်ရန် RCSS က တိုက်တွန်းသည်။

ဒု-ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “အကြောင်းမကြားတာမျိုးရှိခဲ့ရင် RCSS အနေနဲ့ အရေးယူတာတော့ မရှိပါ ဘူးနော်။ ဒါပေမယ့် တစ်ခုခု တစ်မျိုးမျိုးကြောင့် စစ်ရေး အခြေအနေကြောင့် သူတို့ကို တစ်ခုခု ပြဿနာ ဖြစ်လာခဲ့ရင် တာဝန်မကင်းဘူး ဆိုတဲ့ သဘောမျိုးနဲ့ အဲလိုကြောင့်ပဲ” ဟု ပြောသည်။

“ဘယ်လိုခေါ်မလဲ အဲလိုမျိုးက မကောင်းဘူးပေါ့နော်။ နားလည်မှု မရယူပဲနဲ့ ဆင်းလို့ရှိရင် ပါတီကလည်း ပါတီတစ်ခုတည်း မဟုတ်ဘူးလေ အဲဒါကြောင့်မို့လို့ ဆွေးနွေးမှု အကြောင်းကြားမှုတွေ ရယူပြီးမှ ဆင်းတာ အဲဒါအကောင်းဆုံးအဲလိုပေါ့။”

ထို့အပြင် တရားဝင်နိုင်ငံရေးပါတီများသည် RCSS အုပ်ချုပ်ရေး နယ်မြေဒေသအတွင်း လာရောက် မဲဆွယ် ရာတွင် ရှမ်းပြည်အရေး ပြည်ထောင်စု အရေးကို ဦးထိပ်ထား၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်များ၊ အမိန့် ညွှန်ကြားချက်များ ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲ ဥပဒေများ၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကျမ်းမာရေး လမ်းညွှန်ချက်များနှင့် အညီ လွတ်လပ်စွာ မဲဆွယ်ခြင်းများ ကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်ဟု ဒု-ဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေး အတွက် RCSS အနေဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီပေးသကဲ့သို့ လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကြီး တွင်လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် လိုအပ်သည့် ဆောင်ရွက်မှုများကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည် ဟု RCSS က ဆိုသည်။

RCSS လှုပ်ရှားရာ ဒေသများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်၊ နမ့်ဆမ် ဒေသများအပြင် ရှမ်းပြည် နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်နှင့်၊ နမ့်ခမ်းမြို့နယ်ရှိ ဒေသများဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကိုလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ် သည်။

အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသော်လည်း RCSS အနေဖြင့် တပ်မတော် အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ နှင့်လည်း ရံဖန်ရံခါ တိုက်ပွဲများ၊ ထိတွေ့ မှုများ ဖြစ်ပွားလျှက်ရှိ သည်။

*** ZAWGYI ***
RCSS နယ္ေျမတြင္ ေရြးေကာက္ပြဲစည္းရံုးေရးလုပ္ငန္းမ်ား အေၾကာင္းၾကားရန္ လိုမည္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္။

၂၀၂၀ ခုႏွစ္တြင္ ေရြးေကာက္ပြဲ ၀င္မည့္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS အုပ္ခ်ဳပ္ေရး နယ္ေျမမ်ားတြင္ မဲဆြယ္စည္းရံုးေရးလုပ္ေဆာင္မည္ဆိုပါက ႀကိဳတင္ အေၾကာင္း ၾကားရန္လိုသည္ဟု RCSS က ေျပာသည္။

RCSS ေျပာေရးဆိုခြင့္ရွိသူ ဒု- ဗိုလ္မွဴးႀကီး စိုင္းအုမ္ေခး က “အေၾကာင္းၾကားမႈရယ္ ညွိႏႈိင္းမႈရယ္၊ နားလည္ မႈရယ္ အဲလိုမ်ိဳး ရယူဖို႔က ဘာျဖစ္လို႔လဲ ဆိုေတာ့ RCSS ထိန္းခ်ဳပ္တဲ့ နယ္ေျမထဲမွာ ခပ္မ်ားမ်ားက အခ်ိန္ မေရြး စစ္ေရးအေျခအေနက တင္းမာလာႏိုင္တယ္။ အဲဒါေၾကာင့္မို႔လို႔ သက္ဆိုင္တဲ့ ပါတီေတြ စည္းရံုးေရး ဆင္းတဲ့ေနရာမွာ အႏၲရာယ္ ကင္းကင္းနဲ႔ ေလ်ာေလ်ာ ရႉရႉ ျဖစ္ေစဖို႔အတြက္နဲ႔ လိုအပ္တဲ့ ေနရာေတြလည္း လံုၿခံဳေရး ေပးသင့္လည္း ေပးႏိုင္တဲ့ ရည္ရြယ္ခ်က္နဲ႔ အဲလိုမ်ိဳးသေဘာေပါ့ေနာ္” ဟု ေျပာသည္။

သက္ဆိုင္ရာ ႏိုင္ငံေရး ပါတီမ်ားအေနျဖင့္ RCSS ၏ ဆက္ဆံေရးရံုးမ်ားႏွင့္ နယ္ေျမခံ အုပ္ခ်ဳပ္ေရး ဆိုင္ရာ တာ၀န္ရွိသူမ်ားကို အေၾကာင္းၾကား ၿပီးမွသာ မဲဆြယ္စည္းရံုးေရး လုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ ႏိုင္သည္ ဟု RCSS ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။

ႏိုင္ငံေရး ပါတီမ်ားအေနျဖင့္ မဲဆြယ္စည္းရံုးေရး လုပ္ေဆာင္မည့္ ကိစၥရပ္မ်ားကို အေၾကာင္း မၾကားပဲ လြတ္ လပ္စြာ လုပ္ေဆာင္ႏိုင္ေသာ္လည္း နယ္ေျမအေျခအေန မတည္ၿငိမ္မႈေၾကာင့္ ျဖစ္ေပၚလာမည့္ စစ္ေရး ပဋိပကၡမ်ားၾကားတြင္ နစ္နာမည္ကို စိုးရိမ္သည့္အတြက္ အေၾကာင္းၾကားၿပီးမွ မဲဆြယ္စည္းရံုးေရးကို လုပ္ ေဆာင္ရန္ RCSS က တိုက္တြန္းသည္။

ဒု-ဗိုလ္မွဴးႀကီး စိုင္းအုမ္ေခးက “အေၾကာင္းမၾကားတာမ်ိဳးရွိခဲ့ရင္ RCSS အေနနဲ႔ အေရးယူတာေတာ့ မရွိပါ ဘူးေနာ္။ ဒါေပမယ့္ တစ္ခုခု တစ္မ်ိဳးမ်ိဳးေၾကာင့္ စစ္ေရး အေျခအေနေၾကာင့္ သူတို႔ကို တစ္ခုခု ျပႆနာ ျဖစ္လာခဲ့ရင္ တာ၀န္မကင္းဘူး ဆိုတဲ့ သေဘာမ်ိဳးနဲ႔ အဲလိုေၾကာင့္ပဲ” ဟု ေျပာသည္။

“ဘယ္လိုေခၚမလဲ အဲလိုမ်ိဳးက မေကာင္းဘူးေပါ့ေနာ္။ နားလည္မႈ မရယူပဲနဲ႔ ဆင္းလို႔ရွိရင္ ပါတီကလည္း ပါတီတစ္ခုတည္း မဟုတ္ဘူးေလ အဲဒါေၾကာင့္မို႔လို႔ ေဆြးေႏြးမႈ အေၾကာင္းၾကားမႈေတြ ရယူၿပီးမွ ဆင္းတာ အဲဒါအေကာင္းဆံုးအဲလိုေပါ့။”

ထို႔အျပင္ တရား၀င္ႏိုင္ငံေရးပါတီမ်ားသည္ RCSS အုပ္ခ်ဳပ္ေရး နယ္ေျမေဒသအတြင္း လာေရာက္ မဲဆြယ္ ရာတြင္ ရွမ္းျပည္အေရး ျပည္ေထာင္စု အေရးကို ဦးထိပ္ထား၍ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္၏ ေၾကညာခ်က္မ်ား၊ အမိန္႔ ၫႊန္ၾကားခ်က္မ်ား က်င့္၀တ္ႏွင့္ လုပ္ငန္းစဥ္မ်ား၊ ေရြးေကာက္ပြဲ ဥပေဒမ်ား၊ COVID-19 ကပ္ေရာဂါဆိုင္ရာ က်မ္းမာေရး လမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ လြတ္လပ္စြာ မဲဆြယ္ျခင္းမ်ား ကို ျပဳလုပ္ေဆာင္ရြက္ႏိုင္ပါသည္ဟု ဒု-ဗိုလ္မွဴးႀကီး အုမ္ေခးက ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၀ ႏွင့္ ၂၀၁၅ ေရြးေကာက္ပြဲမ်ားတြင္ လြတ္လပ္ၿပီး တရားမွ်တသည့္ ေရြးေကာက္ပြဲ ျဖစ္ေရး အတြက္ RCSS အေနျဖင့္ ဝိုင္း၀န္းပံ့ပိုး ကူညီေပးသကဲ့သို႔ လာမည့္ ၂၀၂၀ အေထြေထြေရြး ေကာက္ပြဲႀကီး တြင္လည္း လြတ္လပ္၍ တရားမွ်တေသာ ေရြးေကာက္ပြဲ ျဖစ္ေစရန္ လိုအပ္သည့္ ေဆာင္ရြက္မႈမ်ားကို တတ္ႏိုင္သမွ် ကူညီပံ့ပိုးေပးသြားမည္ ဟု RCSS က ဆိုသည္။

RCSS လႈပ္ရွားရာ ေဒသမ်ားမွာ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ မိုင္းတုံ၊ မိုင္းဆတ္ႏွင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းရွိ မိုင္းပန္၊ မိုးနဲ၊ လဲခ်ား၊ ကြန္ဟိန္း၊ ရပ္ေစာက္၊ ေမာက္မယ္၊ မိုင္းေကာင္၊ နမ့္ဆမ္ ေဒသမ်ားအျပင္ ရွမ္းျပည္ နယ္ ေျမာက္ပိုင္းရွိ ေက်ာက္မဲၿမိဳ႕နယ္ႏွင့္၊ နမ့္ခမ္းၿမိဳ႕နယ္ရွိ ေဒသမ်ားျဖစ္သည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS သည္ အျခားေသာ တိုင္းရင္းသား လက္နက္ကိုင္ ၉ ဖြဲ႔ႏွင့္ အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး စာခ်ဳပ္ NCA ကိုလက္မွတ္ေရးထိုးထားသည့္ အဖြဲ႔ျဖစ္ သည္။

အပစ္ရပ္ NCA လက္မွတ္ေရးထိုးထားေသာ္လည္း RCSS အေနျဖင့္ တပ္မေတာ္ အပါအဝင္ အျခားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ဳိ႕ ႏွင့္လည္း ရံဖန္ရံခါ တုိက္ပြဲမ်ား၊ ထိေတြ႕ မႈမ်ား ျဖစ္ပြားလ်ွက္ရွိ သည္။