ရှမ်းပြည်မြောက်ပိုင်းတွင် သတ်ဖြတ်ခံရသည့် ရွာသား ၃ ဦးအတွက် အဖွဲ့ ၇၀ က တရားမျှတမှု တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တွင် ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခံရသည့် ရွာသား ၃ ဦးအတွက် အမှန် တရားနှင့် တရားမျှတမှု ရရှိရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ လကြာမှ အလောင်းသာ ပြန် တွေ့ ခဲ့သည့် ရွာသား ၃ ဦးအတွက် အမှန်တရားနှင့် တရားမျှတမှု ပေါက်ပေါက်စေရန်နှင့် ကျူးလွန်သူများ ကို ဖော်ထုတ် အရေးယူပေးရန် အရပ်ဖက်အဖွဲ့အစည်း ၇၀ က စက်တင်ဘာလ ၁ ရက်နေ့ ယမန်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုတွင် ပါဝင်သည့် တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေး ချိဆငါး က “ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံရတဲ့ အချိန်တုန်းကလည်း သက်သေရှိတယ်။ သက်သေနဲ့ တကွ ရှိတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူပေါ့ အထူးသဖြင့် တပ်မတော်တွေက ဒီအပေါ်မှာ တကယ် ကို သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်စေချင်တယ်။ ပြီးတော့ နစ်နာသွားတဲ့ မိသားစုတွေ အတွက် လည်း အမှန်တရားနဲ့ တရားမျှတမှုကို ရချင်တယ်” ဟု ပြောသည်။

တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU က လွေးလှာရိန်းကလည်း ယခုဖြစ်စဉ်အား အမှုမှန် ပေါ် ပေါက်ရန်နှင့် တရားမျှတမှု ရရှိရန်အပြင် ပြစ်မှုကျူးလွန်သူများကို ပြည်သူလူထုရှေ့မှောက်တွင် ပွင့်ပွင့်လင်း လင်း စုံစမ်းစစ်ဆေးပေးရန်၊ ကျန်ရစ်ခဲ့သည့် မိသာစုဝင်များအား သင့်လျော်သည့် ကုစားမှုကို ပြန်လည် လုပ် ဆောင်ပေးရန် လိုသည် ဟု ပြောသည်။

ထို့အပြင် လွေးလှာရိန်းက “နောက်တစ်ခုက ကျမတို့ ဒီဒေသမှာ လူ့အခွင့်အရေး ချိုဖောက်မှုက အမျိုးမျိုးရှိ တယ်။ ဒီလိုမျိုးလူ့အခွင့်အရေး ချိုးဖောက်မှုပဲ မဟုတ်ပဲ တစ်ခြားလူ့အခွင့်အရေး ချိုးဖောက်မှုကို ကျမတို့က မလုပ်ဖို့ကိုတော့ တောင်းဆိုထားတယ်ပေါ့နော်။ နောက်တစ်ခုက တိုက်ပွဲဖြစ်ပြီးဆိုရင် ကျမတို့က ဒီဒေသမှာ ပြည်သူလူထုတွေကို ဓားစာခံအဖြစ် အသုံးပြုတာ တွေ့ရတယ်ပေါ့နော်။ အဲ့ဟာကိုလည်း ကျမတို့က ရပ်တန့် ပေးဖို့လည်း တောင်းဆိုထားတယ်။ ပြီးရင် နိုင်ငံတကာ စာချုပ်တွေလည်း လူသားချင်းစာနာ ထောက်ထား မှု နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပေးဖို့ ကျမတို့ တောင်းဆိုထားတဲ့ဟာတွေလည်း ရှိတယ်ပေါ့ နော်” ဟု ပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့ အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် မူဆယ်မြို့နယ်နှင့် နမ့်ခမ့်း မြို့နယ်တွင် နေထိုင်သော ရွာသား ၃ ဦးသည် မေလ ၂၉ ရက် ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ ၉၉ ၏ ဖမ်းဆီးခြင်းခံရပြီး ၃ လကြာ သတင်းအစအန ပျောက်ဆုံးပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့တွင် ရွာသူရွာသားအချို့မှ အလောင်းကို စတင်တွေ့ရှိပြီး သက်ဆိုင်ရာ မူဆယ်မြို့ ရဲစခန်းသို့ အသိပေး အကြောင်း ကြားပြီး တူးဖော်ကြည့်ခဲ့ရာ ပျောက်ဆုံးနေသည့် ရွာသားများ၏ အလောင်းဖြစ်ကြောင်း သိရသည် ဟု ဆို သည်။

ထို့အပြင် ၎င်းရွာသား ၃ ဦးအနက် မိုင်းညီလိတ်နှင့် မိုင်းညီထော်န်း သည် မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာ အုပ်စု မန်ကန်ကျေးရွာနှင့် မိုင်းဆက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မီးသွေးဖုတ်နေစဉ် မြန်မာ့တပ်မတော် တပ်မ ၉၉ ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင်သက်သေ ပြောချက်အရ သိရသည်ဟု အရပ်ဖက်အဖွဲ့အ စည်းများက ပြောသည်။

လွေးလှာရိန်းက “ကျမတို့ စုံစမ်းကြည့်သလောက်ဆိုရင် သူတို့ မိသားစုဝင်တစ်ချို့လည်း ကျမတို့ စကားပြော တယ်ပေါ့နော်။ ပြီးလို့ရှိရင် မျက်မြင်သက်သေတွေကိုလည်း စုထားတယ်လို့ ကျမတို့က သိရတယ်။ ဆိုတော့ ဖမ်းသွားတဲ့ တပ်ဖွဲ့တွေက လူတွေက တပ်မ ၉၉ လို့ သူတို့ ယူဆတယ်။ ဘယ်လိုပြောမလဲ မျက်မြင်သက် သေ သူတို့ရဲ့ မိသားစုဝင် တစ်ချို့က ပြောတဲ့ဟာတွေတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒီ အနီးနားမှာ လည်း ကျမတို့ သိသလောက်ဆိုလို့ရှိရင် အဲဒီ အဖွဲ့တွေလည်း ရှိတယ်ပေါ့နော်” ဟု ပြောသည်။

သေဆုံးသူ ဦးအိုက်လိတ်၏ ဇနီးကလည်း “သူတို့တွေက ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှု မရှိဘဲနဲ့ အခုလို အဖြစ်မျိုး ကြုံတွေ့ရတော့ အရမ်းစိတ်နာတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေတွေ ငွေတွေ ဘယ်လောက်ပဲ ပုံ အပ်ပေးပါစေ ဘယ်လိုမှ မကျေနပ်နိုင်သလို ဘယ်တော့မှလည်း မေ့လို့ရမှာ မဟုတ်ဘူး။ နောက်နောင် သူ တို့လို အဖြစ်မျိုး ဘယ်သူမှ ထပ်မကြုံစေချင်တော့ဘူး။ ပြီးတော့ စစ်သားနဲ့ ပြည်သူကို ခွဲခြားသိစေချင် တယ်” ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

သို့သော် ကျန်ရွာသား တစ်ဦးဖြစ်သူ မိုင်းအိုက်လုမ်မှာ နမ့်ခမ်းမြို့နယ် လွယ်မွန်းကျေးရွာ နေထိုင်သူဖြစ်ပြီး သီးသန့် ဖမ်းဆီးခံရသည့် အတွက် မည့်သည့်ပုံစံ၊ မည်သည့်နေရာတွင် ဖမ်းဆီးခြင်းခံရသည်ကို သေချာမသိ ခဲ့ရဟု အရပ်ဖက် အဖွဲ့အစည်းများ က ဆိုသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ မူဆယ်မြို့နယ် တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ သြဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး နောက်တစ်ရက် သြဂုတ်လ ၂၇ ရက်နေ့တွင် တပ်မ ၉၉ တပ်ရင်းမှူးက မူဆယ်မြို့ တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီအား ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာတွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံမှုအတွင်း တပ်မ ၉၉ တပ်ရင်းမှူးက ၎င်း၏တပ်သားများက ကျူးလွန်မှု ရှိ/မရှိကို စုံစမ်းပေး မည်ဟု ပြောဆိုခဲ့ကြောင်း လွေးလှာရိန်းက ပြောသည်။

ထို့တွေ့ဆုံမှုပြီးနောက် သြဂုတ်လ ၃၁ ရက်နေ့တွင် တပ်မ ၉၉ တပ်ရင်းမှူး၏ PSO က မူဆယ်မြို့ တအာင်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီထံသို့ ဖုန်းဖြင့် ပြန်လည် အကြောင်းကြား လာခဲ့သည်ဟု အရပ်ဖက်အဖွဲ့ အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ထုတ်ပြန်ချက်အရ “ကျနော်တို့ မှတ်တမ်းအရ သူတို့တွေ ဖမ်းခံရတဲ့နေ့မှာ တပ်မ ၉၉ အနေနဲ့ ဘာလှုပ် ရှား မှုမှ မရှိဘူး။ ဘာအစီရင်ခံစာမှ တက်မလာဘူးဆိုတော့ ကျနော်တို့အဖွဲ့ ကျူးလွန်တာ မဟုတ်ဘူး။ တခြား အဖွဲ့တော့ မပြောတတ်ဘူး” ဟု တပ်မ ၉၉ မှ ပြောဆိုခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များ ဖြစ်ပေါ်တိုင်း ကျူးလွန်သည့် အဖွဲ့အစည်းများအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု မရှိသည့်နောက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများမှာ ဘဝလုံခြုံမှု ကင်းမဲ့နေသည် ဟု ပြောသည်။

လွေးချိဆငါးကလည်း “ဒီလိုမျိုး အသတ်ခံရတာတွေ မကဘူးပေါ့နော်။ တစ်ခြား လူ့အခွင့်အရေး ချိုးဖောက် မှုတွေလည်း မကြာခဏ ဖြစ်တယ်။ အဲဒီအပေါ်မှာကလည်း မြန်မာနိုင်ငံမှာက တစ်စိုက်မတ်မတ် ဒီအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ဆိုပြီးတော့ လုပ်ဆောင်နေတဲ့ အဖွဲ့တွေ မရှိတဲ့ အခါကျတော့ ပြည်သူလူထုရဲ့ အနာ ဂတ် ပြည်သူလူထုရဲ့ ဘဝတွေက လုံခြုံမှု လုံးဝကို ကင်းမဲ့ သလိုလိုတော့ ဖြစ်လာတာပေါ့နော်” ဟု ပြော သည်။

ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား ထိခိုက်စေသည့် လုပ်ဆောင်မှုများကို ရပ်တန့်ရန်နှင့် ယခုကဲ့သို့လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့ အစည်းများက ဆိုသည်။

လွေးလှာရိန်းက “ရှမ်းမြောက်မှာ တော်တော်များများကတော့ Conflict ဧရိယာ ဖြစ်တယ်ပေါ့နော် ပဋိပက္ခ ဧရိယာ ဖြစ်တဲ့အခါကျတော့ ဒီလို case တွေက ခဏခဏ ဖြစ်တယ်။ ဒါပေမယ့် ကျမတို့ ဘယ်အဖွဲ့အစည်း ပဲ လုပ်လုပ်ပေါ့ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်လက်နက်ကိုင် အဖွဲ့အစည်း ပဲ ဖြစ်ဖြစ် ကျမတို့က ဒါမျိုးလုပ်တဲ့အခါမှာ ကျမတို့ တအာင်း CSO အနေနဲ့ကတော့ ကျမတို့က ရှုတ်ချတယ် ပေါ့နော်။ ဒါလူ့အခွင့်အရေး ချိုဖောက်မှု ကြီးမားတဲ့ ရာဇဝတ်မှု တစ်ခုဖြစ်တယ်လို့ ကျမတို့က ယူဆတယ် ဆိုတော့ အပြစ်မဲ့ ပြည်သူလူထုတွေကို ဓားစာခံအဖြစ် အသုံးချတဲ့အပေါ်မှာ ကျမတို့က မလိုလားဘူး ရှုတ် ချတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများမှာ လက်နက်ကိုင် ပဋိပက္ခများကြားတွင် နေထိုင်နေရသည့်အတွက် အမျိုး မျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရပြီး နေထိုင်သွားလာ လုပ်ကိုင်စား သောက် မှုကအစ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဖြင့် နေ နေရသည်ဟု ဆိုသည်။

ထိုနေအထားများကြောင့် နိုင်ငံတော်မှ ပြဌာန်းထားသည့် တရားဥပေဒအတိုင်း လိုက်ပါလုပ်ဆောင်နိုင်သည့် လူမှု့အသိုင်းအဝန်းတစ်ခုကို ဖန်တီးပေးရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုသည်။

*** ZAWGYI ***
ရွမ္းျပည္ေျမာက္ပိုင္းတြင္ သတ္ျဖတ္ခံရသည့္ ရြာသား ၃ ဦးအတြက္ အဖြဲ႔ ၇၀ က တရားမွ်တမႈ ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၂ ရက္။

မူဆယ္ၿမိဳ႕နယ္ႏွင့္ နမ့္ခမ္းၿမိဳ႕နယ္တြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ သတ္ျဖတ္ခံရသည့္ ရြာသား ၃ ဦးအတြက္ အမွန္ တရားႏွင့္ တရားမွ်တမႈ ရရွိရန္ အရပ္ဖက္အဖြဲ႔အစည္းမ်ားက ေတာင္းဆိုလိုက္သည္။

ၿပီးခဲ့သည့္ ေမလ ၂၉ ရက္ေန႔က တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္သြားၿပီး ၃ လၾကာမွ အေလာင္းသာ ျပန္ ေတြ႕ ခဲ့သည့္ ရြာသား ၃ ဦးအတြက္ အမွန္တရားႏွင့္ တရားမွ်တမႈ ေပါက္ေပါက္ေစရန္ႏွင့္ က်ဴးလြန္သူမ်ား ကို ေဖာ္ထုတ္ အေရးယူေပးရန္ အရပ္ဖက္အဖြဲ႔အစည္း ၇၀ က စက္တင္ဘာလ ၁ ရက္ေန႔ ယမန္ေန႔က ထုတ္ျပန္ေတာင္းဆိုလိုက္ျခင္း ျဖစ္သည္။

အဆိုပါ ေတာင္းဆိုမႈတြင္ ပါ၀င္သည့္ တအာင္းအမ်ိဳးသမီး အဖြဲ႔အစည္း TWO မွ ေျပာေရးဆိုခြင့္ရွိသူ ေလြး ခ်ိဆငါး က “ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ အဖမ္းခံရတဲ့ အခ်ိန္တုန္းကလည္း သက္ေသရွိတယ္။ သက္ေသနဲ႔ တကြ ရွိတဲ့အေပၚမွာ သက္ဆိုင္ရာ တာ၀န္ရွိသူေပါ့ အထူးသျဖင့္ တပ္မေတာ္ေတြက ဒီအေပၚမွာ တကယ္ ကို ေသေသခ်ာခ်ာ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေစခ်င္တယ္။ ၿပီးေတာ့ နစ္နာသြားတဲ့ မိသားစုေတြ အတြက္ လည္း အမွန္တရားနဲ႔ တရားမွ်တမႈကို ရခ်င္တယ္” ဟု ေျပာသည္။

တအာင္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႔ TSYU က ေလြးလွာရိန္းကလည္း ယခုျဖစ္စဥ္အား အမႈမွန္ ေပၚ ေပါက္ရန္ႏွင့္ တရားမွ်တမႈ ရရွိရန္အျပင္ ျပစ္မႈက်ဴးလြန္သူမ်ားကို ျပည္သူလူထုေရွ႕ေမွာက္တြင္ ပြင့္ပြင့္လင္း လင္း စံုစမ္းစစ္ေဆးေပးရန္၊ က်န္ရစ္ခဲ့သည့္ မိသာစု၀င္မ်ားအား သင့္ေလ်ာ္သည့္ ကုစားမႈကို ျပန္လည္ လုပ္ ေဆာင္ေပးရန္ လိုသည္ ဟု ေျပာသည္။

ထို႔အျပင္ ေလြးလွာရိန္းက “ေနာက္တစ္ခုက က်မတို႔ ဒီေဒသမွာ လူ႔အခြင့္အေရး ခ်ိဳေဖာက္မႈက အမ်ိဳးမ်ိဳးရွိ တယ္။ ဒီလိုမ်ိဳးလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈပဲ မဟုတ္ပဲ တစ္ျခားလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈကို က်မတို႔က မလုပ္ဖို႔ကိုေတာ့ ေတာင္းဆိုထားတယ္ေပါ့ေနာ္။ ေနာက္တစ္ခုက တိုက္ပြဲျဖစ္ၿပီးဆိုရင္ က်မတို႔က ဒီေဒသမွာ ျပည္သူလူထုေတြကို ဓားစာခံအျဖစ္ အသံုးျပဳတာ ေတြ႕ရတယ္ေပါ့ေနာ္။ အဲ့ဟာကိုလည္း က်မတို႔က ရပ္တန္႔ ေပးဖို႔လည္း ေတာင္းဆိုထားတယ္။ ၿပီးရင္ ႏိုင္ငံတကာ စာခ်ဳပ္ေတြလည္း လူသားခ်င္းစာနာ ေထာက္ထား မႈ ႏိုင္ငံတကာ ဥပေဒေတြကို ေလးစားလိုက္နာေပးဖို႔ က်မတို႔ ေတာင္းဆိုထားတဲ့ဟာေတြလည္း ရွိတယ္ေပါ့ ေနာ္” ဟု ေျပာသည္။

စက္တင္ဘာလ ၁ ရက္ေန႔ အရပ္ဖက္အဖြဲ႔အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ မူဆယ္ၿမိဳ႕နယ္ႏွင့္ နမ့္ခမ့္း ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ရြာသား ၃ ဦးသည္ ေမလ ၂၉ ရက္ ၂၀၂၀ ခုႏွစ္တြင္ ျမန္မာ့တပ္မေတာ္ တပ္မ ၉၉ ၏ ဖမ္းဆီးျခင္းခံရၿပီး ၃ လၾကာ သတင္းအစအန ေပ်ာက္ဆံုးၿပီးေနာက္ ၾသဂုတ္လ ၂၀ ရက္ေန႔တြင္ ရြာသူရြာသားအခ်ိဳ႕မွ အေလာင္းကို စတင္ေတြ႕ရွိၿပီး သက္ဆိုင္ရာ မူဆယ္ၿမိဳ႕ ရဲစခန္းသို႔ အသိေပး အေၾကာင္း ၾကားၿပီး တူးေဖာ္ၾကည့္ခဲ့ရာ ေပ်ာက္ဆံုးေနသည့္ ရြာသားမ်ား၏ အေလာင္းျဖစ္ေၾကာင္း သိရသည္ ဟု ဆို သည္။

ထို႔အျပင္ ၎ရြာသား ၃ ဦးအနက္ မိုင္းညီလိတ္ႏွင့္ မိုင္းညီေထာ္န္း သည္ မူဆယ္ၿမိဳ႕နယ္ နမ့္ကတ္ေက်းရြာ အုပ္စု မန္ကန္ေက်းရြာႏွင့္ မိုင္းဆက္ေက်းရြာတြင္ ေနထိုင္သူျဖစ္ၿပီး မီးေသြးဖုတ္ေနစဥ္ ျမန္မာ့တပ္မေတာ္ တပ္မ ၉၉ ၏ ဖမ္းဆီးျခင္းခံခဲ့ရသည္ဟု မ်က္ျမင္သက္ေသ ေျပာခ်က္အရ သိရသည္ဟု အရပ္ဖက္အဖြဲ႔အ စည္းမ်ားက ေျပာသည္။

ေလြးလွာရိန္းက “က်မတို႔ စံုစမ္းၾကည့္သေလာက္ဆိုရင္ သူတို႔ မိသားစု၀င္တစ္ခ်ိဳ႕လည္း က်မတို႔ စကားေျပာ တယ္ေပါ့ေနာ္။ ၿပီးလို႔ရွိရင္ မ်က္ျမင္သက္ေသေတြကိုလည္း စုထားတယ္လို႔ က်မတို႔က သိရတယ္။ ဆိုေတာ့ ဖမ္းသြားတဲ့ တပ္ဖြဲ႔ေတြက လူေတြက တပ္မ ၉၉ လို႔ သူတို႔ ယူဆတယ္။ ဘယ္လိုေျပာမလဲ မ်က္ျမင္သက္ ေသ သူတို႔ရဲ႕ မိသားစု၀င္ တစ္ခ်ိဳ႕က ေျပာတဲ့ဟာေတြေတာ့ ရွိတယ္ေပါ့ေနာ္။ ဆိုေတာ့ အဲဒီ အနီးနားမွာ လည္း က်မတို႔ သိသေလာက္ဆိုလို႔ရွိရင္ အဲဒီ အဖြဲ႔ေတြလည္း ရွိတယ္ေပါ့ေနာ္” ဟု ေျပာသည္။

ေသဆံုးသူ ဦးအိုက္လိတ္၏ ဇနီးကလည္း “သူတို႔ေတြက ဘယ္အဖြဲ႔အစည္းနဲ႔မွ ပတ္သက္မႈ မရွိဘဲနဲ႔ အခုလို အျဖစ္မ်ိဳး ႀကံဳေတြ႕ရေတာ့ အရမ္းစိတ္နာတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေရႊေတြ ေငြေတြ ဘယ္ေလာက္ပဲ ပံု အပ္ေပးပါေစ ဘယ္လိုမွ မေက်နပ္ႏိုင္သလို ဘယ္ေတာ့မွလည္း ေမ့လို႔ရမွာ မဟုတ္ဘူး။ ေနာက္ေနာင္ သူ တို႔လို အျဖစ္မ်ိဳး ဘယ္သူမွ ထပ္မႀကံဳေစခ်င္ေတာ့ဘူး။ ၿပီးေတာ့ စစ္သားနဲ႔ ျပည္သူကို ခြဲျခားသိေစခ်င္ တယ္” ဟု အရပ္ဖက္အဖြဲ႔အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ ေျပာဆိုထားသည္။

သို႔ေသာ္ က်န္ရြာသား တစ္ဦးျဖစ္သူ မိုင္းအိုက္လုမ္မွာ နမ့္ခမ္းၿမိဳ႕နယ္ လြယ္မြန္းေက်းရြာ ေနထိုင္သူျဖစ္ၿပီး သီးသန္႔ ဖမ္းဆီးခံရသည့္ အတြက္ မည့္သည့္ပံုစံ၊ မည္သည့္ေနရာတြင္ ဖမ္းဆီးျခင္းခံရသည္ကို ေသခ်ာမသိ ခဲ့ရဟု အရပ္ဖက္ အဖြဲ႔အစည္းမ်ား က ဆိုသည္။

ထိုအေၾကာင္းအရာႏွင့္ ပတ္သက္၍ မူဆယ္ၿမိဳ႕နယ္ တအာင္းစာေပႏွင့္ ယဥ္ေက်းမႈ ေကာ္မတီမွ ၾသဂုတ္လ ၂၆ ရက္ေန႔က ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ၿပီး ေနာက္တစ္ရက္ ၾသဂုတ္လ ၂၇ ရက္ေန႔တြင္ တပ္မ ၉၉ တပ္ရင္းမွဴးက မူဆယ္ၿမိဳ႕ တအာင္းစာေပႏွင့္ ယဥ္ေက်းမႈ ေကာ္မတီအား ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖက္ကာ ေက်းရြာတြင္ ေခၚယူေတြ႕ဆံုခဲ့သည္ဟု သိရသည္။

အဆိုပါေတြ႕ဆံုမႈအတြင္း တပ္မ ၉၉ တပ္ရင္းမွဴးက ၎၏တပ္သားမ်ားက က်ဴးလြန္မႈ ရွိ/မရွိကို စံုစမ္းေပး မည္ဟု ေျပာဆိုခဲ့ေၾကာင္း ေလြးလွာရိန္းက ေျပာသည္။

ထို႔ေတြ႕ဆံုမႈၿပီးေနာက္ ၾသဂုတ္လ ၃၁ ရက္ေန႔တြင္ တပ္မ ၉၉ တပ္ရင္းမွဴး၏ PSO က မူဆယ္ၿမိဳ႕ တအာင္း စာေပႏွင့္ ယဥ္ေက်းမႈ ေကာ္မတီထံသို႔ ဖုန္းျဖင့္ ျပန္လည္ အေၾကာင္းၾကား လာခဲ့သည္ဟု အရပ္ဖက္အဖြဲ႔ အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။

ထုတ္ျပန္ခ်က္အရ “က်ေနာ္တို႔ မွတ္တမ္းအရ သူတို႔ေတြ ဖမ္းခံရတဲ့ေန႔မွာ တပ္မ ၉၉ အေနနဲ႔ ဘာလႈပ္ ရွား မႈမွ မရွိဘူး။ ဘာအစီရင္ခံစာမွ တက္မလာဘူးဆိုေတာ့ က်ေနာ္တို႔အဖြဲ႔ က်ဴးလြန္တာ မဟုတ္ဘူး။ တျခား အဖြဲ႔ေတာ့ မေျပာတတ္ဘူး” ဟု တပ္မ ၉၉ မွ ေျပာဆိုခဲ့သည္။

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈျဖစ္စဥ္မ်ား ျဖစ္ေပၚတိုင္း က်ဴးလြန္သည့္ အဖြဲ႔အစည္းမ်ားအေနျဖင့္ တာ၀န္ယူမႈ တာ၀န္ခံမႈ မရွိသည့္ေနာက္တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ျပည္သူမ်ားမွာ ဘ၀လံုၿခံဳမႈ ကင္းမဲ့ေနသည္ ဟု ေျပာသည္။

ေလြးခ်ိဆငါးကလည္း “ဒီလိုမ်ိဳး အသတ္ခံရတာေတြ မကဘူးေပါ့ေနာ္။ တစ္ျခား လူ႔အခြင့္အေရး ခ်ိဳးေဖာက္ မႈေတြလည္း မၾကာခဏ ျဖစ္တယ္။ အဲဒီအေပၚမွာကလည္း ျမန္မာႏိုင္ငံမွာက တစ္စိုက္မတ္မတ္ ဒီအေပၚမွာ တာ၀န္ယူမႈ တာ၀န္ခံမႈ ဆိုၿပီးေတာ့ လုပ္ေဆာင္ေနတဲ့ အဖြဲြ႕ေတြ မရွိတဲ့ အခါက်ေတာ့ ျပည္သူလူထုရဲ႕ အနာ ဂတ္ ျပည္သူလူထုရဲ႕ ဘ၀ေတြက လံုၿခံဳမႈ လံုး၀ကို ကင္းမဲ့ သလိုလိုေတာ့ ျဖစ္လာတာေပါ့ေနာ္” ဟု ေျပာ သည္။

ထို႔ေၾကာင့္ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားအေနျဖင့္ ျပည္သူမ်ားအား ထိခိုက္ေစသည့္ လုပ္ေဆာင္မႈမ်ားကို ရပ္တန္႔ရန္ႏွင့္ ယခုကဲ့သို႔လုပ္ရပ္မ်ားကို ကန္႔ကြက္ရႈတ္ခ်ေၾကာင္း အရပ္ဖက္အဖြဲ႔ အစည္းမ်ားက ဆိုသည္။

ေလြးလွာရိန္းက “ရွမ္းေျမာက္မွာ ေတာ္ေတာ္မ်ားမ်ားကေတာ့ Conflict ဧရိယာ ျဖစ္တယ္ေပါ့ေနာ္ ပဋိပကၡ ဧရိယာ ျဖစ္တဲ့အခါက်ေတာ့ ဒီလို case ေတြက ခဏခဏ ျဖစ္တယ္။ ဒါေပမယ့္ က်မတို႔ ဘယ္အဖြဲ႔အစည္း ပဲ လုပ္လုပ္ေပါ့ ဘယ္တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းပဲျဖစ္ျဖစ္ ဘယ္လက္နက္ကိုင္ အဖြဲ႔အစည္း ပဲ ျဖစ္ျဖစ္ က်မတို႔က ဒါမ်ိဳးလုပ္တဲ့အခါမွာ က်မတို႔ တအာင္း CSO အေနနဲ႔ကေတာ့ က်မတို႔က ရႈတ္ခ်တယ္ ေပါ့ေနာ္။ ဒါလူ႔အခြင့္အေရး ခ်ိဳေဖာက္မႈ ႀကီးမားတဲ့ ရာဇ၀တ္မႈ တစ္ခုျဖစ္တယ္လို႔ က်မတို႔က ယူဆတယ္ ဆိုေတာ့ အျပစ္မဲ့ ျပည္သူလူထုေတြကို ဓားစာခံအျဖစ္ အသံုးခ်တဲ့အေပၚမွာ က်မတို႔က မလိုလားဘူး ရႈတ္ ခ်တယ္” ဟု ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ျပည္သူမ်ားမွာ လက္နက္ကိုင္ ပဋိပကၡမ်ားၾကားတြင္ ေနထိုင္ေနရသည့္အတြက္ အမ်ိဳး မ်ိဳးေသာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ခံစားေနရၿပီး ေနထိုင္သြားလာ လုပ္ကိုင္စား ေသာက္ မႈကအစ စိုးရိမ္စိတ္၊ ေၾကာက္ရြံ႕စိတ္ျဖင့္ ေန ေနရသည္ဟု ဆိုသည္။

ထိုေနအထားမ်ားေၾကာင့္ ႏိုင္ငံေတာ္မွ ျပဌာန္းထားသည့္ တရားဥေပဒအတိုင္း လိုက္ပါလုပ္ေဆာင္ႏိုင္သည့္ လူမႈ႔အသိုင္းအ၀န္းတစ္ခုကို ဖန္တီးေပးရန္ႏွင့္ စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးကို အျမန္ဆံုးေဖာ္ေဆာင္ေပးရန္ အရပ္ဖက္အဖြဲ႔အစည္းမ်ားက ေတာင္းဆိုသည္။