သက်သေခံ လက်မှတ်မရှိသော ဌာနေတိုင်းရင်းသားများ မဲစာရင်းတွင် ထည့်သွင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။

နိုင်ငံသား သက်သေခံလက်မှတ် မရှိသည့် ဌာနေတိုင်းရင်းသားများ ကို မဲပေးခွင့် ရရှိအောင် မဲစာရင်း ကောက်ယူ ပြုစုထားသည်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲက ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးခွဲ (ကချင်ပြည်နယ်) ၏ ဒု-ညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင် က “ကျနော်တို့က လူဦးရေစာရင်း မဲစာရင်းပြုစုခြင်း စီမံချက်ထဲမှာပေါ့နော ကျနော်တို့ အချက်တစ်ချက်ပါ တယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ ဒေသခံပေါ့နော ဘိုးဘွားစဉ်ဆက်ကတည်းကိုက အခြေချနေ ထိုင်လာတဲ့ တိုင်းရင်းသားတွေ သူတို့မှာတော့ အထောက်အထားအဲလို မရှိတာတွေရှိတယ်။ အဲလိုလူမျိုး တွေဆိုရင် ကျနော်တို့ကတော့ လူဦးရေ စာရင်းကောက်ယူခြင်း မဲစာရင်းထဲ ထည့်သွင်းခြင်း ဆိုတာ ဥစ္စာကို ကျနော် တို့ကလုပ်တယ်။ တစ်ခါတည်း အဲဒီမှာ လုပ်ပေးဖို့အတွက် ကျနော်တို့က စီမံချက်ထဲမှာ ပါတယ်။” ဟုပြောသည်။

ထိုသူများမှာ ဌာနေတိုင်းရင်းသားများသာ ဖြစ်ရမည်ဖြစ်ပြီး ဌာနေတိုင်းရင်းသား မဟုတ်သူများ အတွက် ထိုမဲစာရင်း ကောက်ခံပြုစုမှုသည် အကြုံးမဝင်ဟု ဆက်ပြောသည်။

ဦးထွန်းအောင်ခိုင်က “အဲတော့ ဒီ ဘာဖြစ်ရမလဲဆိုတော့ သူက ဘိုးဘွား အစဉ်အဆက် အခြေချ နေထိုင်ခဲ့ တဲ့ တိုင်းရင်းသား ဖြစ်ဖို့လိုတယ်။ တိုင်းရင်းသား မဟုတ်တဲ့ အခြားလူတွေကိုဆိုရင်တော့ ကျနော်တို့က မရ ဘူး ပေါ့နော်။ အဲ့လို တိုင်းရင်းသားတွေ အခြေချနေထိုင်သူတွေအတွက်ကတော့ ကျနော်တို့က ပါပြီးသား ဖြစ် တယ်။ အထောက်အထား မရှိပေမယ့်လည်းပါတယ်” ဟု ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကောက်ယူရာတွင် ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဗန်း မော်၊ မိုးညှင်း နှင့် ပူတာအို စသည့် ခရိုင်လေးခုတွင် မဲစာရင်းကောက်ယူခဲ့သည်ဟု ပြည်နယ် ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးခွဲ (ကချင်ပြည်နယ်) တာဝန်ရှိသူ ပြောသည်။

ထိုသို့မဲစာရင်း ကောက်ယူရာတွင် နိုင်ငံသား ဖြစ်ပါလျက်နှင့် သက်သေအထောက်အထား တစ်စုံတစ်ရာ မရှိ သည့် မဲပေးခွင့်ရှိသူ ဌာနတိုင်းရင်းသားများကိုပါ မဲစာရင်းထဲတွင် ထည့်သွင်းကောက် ယူသွားသည်ဟု ဆို သည်။

သို့သော် အဆိုပါ ခရိုင်လေးခုအနက် ခရိုင် ၃ ခုဖြစ်သည့် မြစ်ကြီးနား၊ ဗန်းမော် နှင့် ပူတာအိုခရိုင်တို့ အ တွင်းရှိ မြို့နယ်အချို့မှာ ပြည်ထဲရေးဝန်ကြီးဌာနမှ အုပ်စုပျက်များဟု သတ်မှတ်ထားသည့်နေရာများ ဖြစ် ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းရှိသည့် နေရာများနှင့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် နေရာများတို့အပြင် လုံခြုံရေး ကန့်သတ်ချက်ရှိသည့် နေရာများအား မဲစာရင်းကောက်ခံနိုင်ခြင်း မရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးခွဲ (ကချင်ပြည်နယ်) မှ သိရသည်။

ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ (ကချင်ပြည်နယ်) မှ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကောက်ယူထား သည့် မဲစာရင်းအရ ကချင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁၁ သိန်းနီးပါးခန့်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှာ မဲပေးနိုင်သူ ဦးရေ ရှစ်သိန်း ခုနှစ်သောင်း ဝန်းကျင်ရှိရာမှ ၂၀၂၀ ခုနှစ်တွင် မဲပေးခွင့်ရှိသူ ၁၁ သိန်းနီးပါးခန့်ရှိလာသည့်အတွက် မဲပေးနိုင်သူဦးရေ နှစ်သိန်း နှစ်သောင်းခန့်တိုးလာသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးခွဲ (ကချင်ပြည်နယ်) တာဝန်ရှိသူ က ပြောသည်။

*** ZAWGYI ***
သက္ေသခံ လက္မွတ္မရွိေသာ ဌာေနတိုင္းရင္းသားမ်ား မဲစာရင္းတြင္ ထည့္သြင္း

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္။

နိုင္ငံသား သက္ေသခံလက္မွတ္ မရွိသည့္ ဌာေနတိ္ုင္းရင္းသားမ်ား ကို မဲေပးခြင့္ ရရွိေအာင္ မဲစာရင္း ေကာက္ယူ ျပဳစုထားသည္ဟု ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ရံုးခြဲက ေျပာသည္။

ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ရံုးခြဲ (ကခ်င္ျပည္နယ္) ၏ ဒု-ညႊန္ၾကားေရးမွဴး ဦးထြန္းေအာင္ခိုင္ က “က်ေနာ္တို႔က လူဦးေရစာရင္း မဲစာရင္းျပဳစုျခင္း စီမံခ်က္ထဲမွာေပါ့ေနာ က်ေနာ္တို႔ အခ်က္တစ္ခ်က္ပါ တယ္။ အဲဒါက ဘာလဲဆိုေတာ့ က်ေနာ္တို႔ ေဒသခံေပါ့ေနာ ဘိုးဘြားစဥ္ဆက္ကတည္းကိုက အေျခခ်ေန ထိုင္လာတဲ့ တိုင္းရင္းသားေတြ သူတို႔မွာေတာ့ အေထာက္အထားအဲလို မရွိတာေတြရွိတယ္။ အဲလိုလူမ်ိဳး ေတြဆိုရင္ က်ေနာ္တို႔ကေတာ့ လူဦးေရ စာရင္းေကာက္ယူျခင္း မဲစာရင္းထဲ ထည့္သြင္းျခင္း ဆိုတာ ဥစၥာကို က်ေနာ္ တို႔ကလုပ္တယ္။ တစ္ခါတည္း အဲဒီမွာ လုပ္ေပးဖို႔အတြက္ က်ေနာ္တို႔က စီမံခ်က္ထဲမွာ ပါတယ္။” ဟုေျပာသည္။

ထိုသူမ်ားမွာ ဌာေနတိုင္းရင္းသားမ်ားသာ ျဖစ္ရမည္ျဖစ္ၿပီး ဌာေနတိုင္းရင္းသား မဟုတ္သူမ်ား အတြက္ ထိုမဲစာရင္း ေကာက္ခံျပဳစုမႈသည္ အၾကံဳးမ၀င္ဟု ဆက္ေျပာသည္။

ဦးထြန္းေအာင္ခိုင္က “အဲေတာ့ ဒီ ဘာျဖစ္ရမလဲဆိုေတာ့ သူက ဘိုးဘြား အစဥ္အဆက္ အေျခခ် ေနထိုင္ခဲ့ တဲ့ တိုင္းရင္းသား ျဖစ္ဖို႔လိုတယ္။ တိုင္းရင္းသား မဟုတ္တဲ့ အျခားလူေတြကိုဆိုရင္ေတာ့ က်ေနာ္တို႔က မရ ဘူး ေပါ့ေနာ္။ အဲ့လို တိုင္းရင္းသားေတြ အေျခခ်ေနထိုင္သူေတြအတြက္ကေတာ့ က်ေနာ္တို႔က ပါၿပီးသား ျဖစ္ တယ္။ အေထာက္အထား မရွိေပမယ့္လည္းပါတယ္” ဟု ေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲအတြက္ မဲစာရင္းမ်ားကို ေကာက္ယူရာတြင္ ျပည္နယ္အတြင္းရွိ ျမစ္ႀကီးနား၊ ဗန္း ေမာ္၊ မိုးညႇင္း ႏွင့္ ပူတာအို စသည့္ ခ႐ိုင္ေလးခုတြင္ မဲစာရင္းေကာက္ယူခဲ့သည္ဟု ျပည္နယ္ ေ႐ြး ေကာက္ပြဲ ေကာ္မရွင္အဖြဲ႕႐ုံးခြဲ (ကခ်င္ျပည္နယ္) တာဝန္ရွိသူ ေျပာသည္။

ထိုသို႔မဲစာရင္း ေကာက္ယူရာတြင္ ႏိုင္ငံသား ျဖစ္ပါလ်က္ႏွင့္ သက္ေသအေထာက္အထား တစ္စံုတစ္ရာ မရွိ သည့္ မဲေပးခြင့္ရွိသူ ဌာနတိုင္းရင္းသားမ်ားကိုပါ မဲစာရင္းထဲတြင္ ထည့္သြင္းေကာက္ ယူသြားသည္ဟု ဆို သည္။

သို႔ေသာ္ အဆိုပါ ခ႐ိုင္ေလးခုအနက္ ခ႐ိုင္ ၃ ခုျဖစ္သည့္ ျမစ္ႀကီးနား၊ ဗန္းေမာ္ ႏွင့္ ပူတာအိုခ႐ိုင္တို႔ အ တြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕မွာ ျပည္ထဲေရး၀န္ႀကီးဌာနမွ အုပ္စုပ်က္မ်ားဟု သတ္မွတ္ထားသည့္ေနရာမ်ား ျဖစ္ ျခင္း၊ လက္နက္ကိုင္ အဖြဲ႔အစည္းရွိသည့္ ေနရာမ်ားႏွင့္ တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ရသည့္ ေနရာမ်ားတို႔အျပင္ လံုၿခံဳေရး ကန္႔သတ္ခ်က္ရွိသည့္ ေနရာမ်ားအား မဲစာရင္းေကာက္ခံႏိုင္ျခင္း မရွိေၾကာင္း ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ရံုးခြဲ (ကခ်င္ျပည္နယ္) မွ သိရသည္။

ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ရံုးခြဲ (ကခ်င္ျပည္နယ္) မွ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ေကာက္ယူထား သည့္ မဲစာရင္းအရ ကခ်င္ျပည္နယ္တြင္ မဲေပးခြင့္ရွိသူ ၁၁ သိန္းနီးပါးခန္႔ရွိသည္ဟု ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္မွာ မဲေပးႏိုင္သူ ဦးေရ ရွစ္သိန္း ခုႏွစ္ေသာင္း ၀န္းက်င္ရွိရာမွ ၂၀၂၀ ခုႏွစ္တြင္ မဲေပးခြင့္ရွိသူ ၁၁ သိန္းနီးပါးခန္႔ရွိလာသည့္အတြက္ မဲေပးႏိုင္သူဦးေရ ႏွစ္သိန္း ႏွစ္ေသာင္းခန္႔တိုးလာသည္ဟု ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ရံုးခြဲ (ကခ်င္ျပည္နယ္) တာ၀န္ရွိသူ က ေျပာသည္။