တပ်မတော်သားများ မည်သည့်ပါတီမဆို မဲပေးနိုင်ကြောင်း တပ်မတော်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။

တပ်မတော်သားများ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ မဲပေးခွင့်ရှိသည် ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“တပ်မတော်သားတွေအနေနဲ့ မိမိရဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးအတိုင်းပဲ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိ တယ်လို့ ကျနော်တို့ အကြိမ်ကြိမ်ပြောပြီးဖြစ်တယ်။”

သို့သော် မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါကို မဲပေးရန် တပ်မတော်အနေဖြင့် ပြောဆိုထားခြင်း မရှိ သော်လည်း မဲပေးရေးနှင့် ပတ်သက်ပြီး ဖြစ်သင့်သည်များကို အကြံပြုထားသည်ဟု ဆက်ပြောသည်။

“ခုနပြောတယ် ခင်ဗျားတို့ ပြောတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဒါ ၆ ချက်ဆိုတာသည် ခင်ဗျားတို့ အဲဒီအပေါ်မှာပဲ လိုက်ပြီးတော့ တစ်ခုချင်း စမ်းစစ်ကြည့်ပေါ့လေ။ ဘယ်သူ့ကို မဲပေးပါလို့ ကျနော်တို့ ပြော ထားတာ မရှိဘူး။ ဒီလိုမျိုးဖြစ်သင့်တယ်လို့ပဲ အကြံပြုထားတာ ရှိပါတယ်”

စက်တင်ဘာလ ၄ ရက်နေ့ (ယနေ့) တွင် ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်း စာရှင်းလင်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြံပြုချက် ၆ ချက်ပါသည့် စာရွက်များကို လိုက်လံဖြန့်ဝေနေသည့်အပေါ် တပ်မတော်က ညွှန်ကြားခြင်း ရှိ မရှိ သတင်းမီ ဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြံပြုချက် ၆ ချက်ပါသည့် စာရွက်များ ကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက တပ်မတော် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်တစ်ချို့တွင် လိုက်လံဖြန့်ဝေ ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြန့်ဝေမှုများနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တိုက်ရိုက်ညွှန်ကြားတာ မရှိပါဘူး။ ကျနော်တို့ ပြောချင်တာက ခင်ဗျား တရားပွဲတွေမှာ တရားပွဲတွေပေါ့နော ဒါ ကျနော်က ဗုဒ္ဓဘာသာဆို ဗုဒ္ဓဘာသာ တရားပွဲတွေမှာ ပရိတ်စာအုပ်တို့ ပဌာန်းတို့ ဝေတာ မြင်ဖူးလား။ အဲဒါဘာလို့ဝေတာလဲ ဘုရားက ဝေခိုင်းလို့ ဝေတာလား။ ကြည်ညိုလို့ ဝေတာလေဗျား။ ဘာပြောလို့ရမှာလဲ ကျနော်တို့က” ဟု ပြောသည်။

စစ်မှုထမ်းဟောင်းအဖွဲ့က လိုက်လံဖြန့်ဝေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အကြံပြုချက် ၆ ချက်မှာ နိုင်ငံနှင့် ဒေသကို အကျိုးပြုမည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်အပေါ် စာနာနားလည်မှု ရှိသူ၊အမျိုး ဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သောသူနှင့် ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့် လွှမ်းမိုးမှု မရှိသူများကို ရွေးချယ်ရန် စသည့်အချက် များဖြစ်သည်။

ထို့အပြင် ရွေကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပရန် မသင့်တော်သည့် “ဝ” UWSA ထိန်းချုပ်ရာ မြို့နယ်များနှင့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသများကို ရွေးကောက်ပွဲ မကျင်းပရန် ရွေးကောက်ပွဲ ကော်မရှင်ကို အကြံပြုထားသည် ဟု ဆိုသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ရဒေသ UWSP/UWSA ထိန်းချုပ်ရာ ဒေသတွင် ရွေးကောက်ပွဲ မကျင်းပရန် အကြံပြု ပြောဆိုထားသည့် အကြောင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ပြောသည်။

“အဓိကကတော့ ကျနော်တို့ ပြောနေတဲ့ပေါ့နော ကျနော်တို့ သုံးသပ်တာသည် ခင်ဗျားတို့ကို ကျနော်တို့ ပြောတာ ၂ ခုရှိတယ်။ ရွေးကောက်ပွဲ လုပ်လို့ရရုံ လုံခြုံရေးရှိတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲ လုပ်ဖို့ဆိုတာရှိတယ်။ ခုနပြောတဲ့ ရွေးကောက်ပွဲ လုပ်လို့ရရုံ လုံခြုံရေးက သိပ်မခဲယဉ်းဘူး လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်ကတော့ ခဲယဉ်းတယ်။ အဓိက ကတော့ မဲဆန္ဒ ရှင်ပြည်သူတွေ ရဲ့ စိတ်ဆန္ဒအတိုင်း သူတို့ စိတ်ဆန္ဒရှိသလို မဲပေးပိုင်ခွင့် ရှိရမယ်။ သူတို့က တစ်ဦးတစ်ဦးရဲ့ ခြိမ်းခြောက်မှု ကြောင့် မဲပေးရတာမျိုး မဖြစ်စေချင်ဘူး။ ဒါဆိုရင် လုံခြုံရေးအရ ကြည့်ရင် ဒါသည် ဒုတိယ ပိုင်း ကျနော်ပြောခဲ့တဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ဒါတွေကြောင့်မို့လို့ လည်း ပြောခြင်းဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။”

ယနေ့ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်လင်းပွဲတွင် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် တပ်မတော်၏ ဆောင်ရွက်ချက်၊ တပ်မတော်မှ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆဋ္ဌမအကြိမ် ထုတ်ပြန်ခဲ့မှုနှင့် တိုင်းစစ်ဌာနချုပ် အလျောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှု မူးယစ်ဆေးဖမ်းဆီးရရှိမှု၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကိုယ် စားလှယ်တို့ တွေ့ဆုံမှု အခြေအနေ အစရှိသည့် အကြောင်းအရာများနှင့် သတင်းမီဒီယာများ၏ မေးမြန်းမှု ကို တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခဲ့သည်။

*** ZAWGYI ***
တပ္မေတာ္သားမ်ား မည္သည့္ပါတီမဆို မဲေပးနုိင္ေၾကာင္း တပ္မေတာ္ေျပာ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၄ ရက္။

တပ္မေတာ္သားမ်ား အေနျဖင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မည္သည့္ပါတီကိုမဆို လြတ္လပ္စြာ မဲေပးခြင့္ရွိသည္ ဟု တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

“တပ္မေတာ္သားေတြအေနနဲ႔ မိမိရဲ႕ ႏိုင္ငံသားေတြရဲ႕ အခြင့္အေရးအတိုင္းပဲ လြတ္လပ္စြာ မဲေပးပိုင္ခြင့္ရွိ တယ္လို႔ က်ေနာ္တို႔ အႀကိမ္ႀကိမ္ေျပာၿပီးျဖစ္တယ္။”

သို႔ေသာ္ မည္သည့္အဖြဲ႔အစည္း မည္သူမည္ဝါကို မဲေပးရန္ တပ္မေတာ္အေနျဖင့္ ေျပာဆိုထားျခင္း မရွိ ေသာ္လည္း မဲေပးေရးႏွင့္ ပတ္သက္ၿပီး ျဖစ္သင့္သည္မ်ားကို အႀကံျပဳထားသည္ဟု ဆက္ေျပာသည္။

“ခုနေျပာတယ္ ခင္ဗ်ားတို႔ ေျပာတဲ့ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ ဒါ ၆ ခ်က္ဆိုတာသည္ ခင္ဗ်ားတို႔ အဲဒီအေပၚမွာပဲ လိုက္ၿပီးေတာ့ တစ္ခုခ်င္း စမ္းစစ္ၾကည့္ေပါ့ေလ။ ဘယ္သူ႔ကို မဲေပးပါလို႔ က်ေနာ္တို႔ ေျပာ ထားတာ မရွိဘူး။ ဒီလိုမ်ိဳးျဖစ္သင့္တယ္လို႔ပဲ အႀကံျပဳထားတာ ရွိပါတယ္”

စက္တင္ဘာလ ၄ ရက္ေန႔ (ယေန႔) တြင္ ျပဳလုပ္သည့္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔၏ သတင္း စာရွင္းလင္းပြဲတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ေရြးေကာက္ပြဲႏွင့္ ပတ္သက္သည့္ အႀကံျပဳခ်က္ ၆ ခ်က္ပါသည့္ စာရြက္မ်ားကို လိုက္လံျဖန္႔ေ၀ေနသည့္အေပၚ တပ္မေတာ္က ၫႊန္ၾကားျခင္း ရွိ မရွိ သတင္းမီ ဒီယာမ်ား၏ ေမးျမန္းမႈကို ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျဖၾကားခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ေရြးေကာက္ပြဲႏွင့္ ပတ္သက္သည့္ အႀကံျပဳခ်က္ ၆ ခ်က္ပါသည့္ စာရြက္မ်ား ကို ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္းက တပ္မေတာ္ စစ္မွႈထမ္းေဟာင္း အဖြဲ႔၀င္မ်ားက ကခ်င္ ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ ရပ္ကြက္တစ္ခ်ိဳ႕တြင္ လိုက္လံျဖန္႔ေ၀ ေပးခဲ့သည္ဟု သိရသည္။

အဆိုပါ ျဖန္႔ေ၀မႈမ်ားႏွင့္ ပတ္သက္၍ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက “တိုက္႐ိုက္ၫႊန္ၾကားတာ မရွိပါဘူး။ က်ေနာ္တို႔ ေျပာခ်င္တာက ခင္ဗ်ား တရားပြဲေတြမွာ တရားပြဲေတြေပါ့ေနာ ဒါ က်ေနာ္က ဗုဒၶဘာသာဆို ဗုဒၶဘာသာ တရားပြဲေတြမွာ ပရိတ္စာအုပ္တို႔ ပဌာန္းတို႔ ေ၀တာ ျမင္ဖူးလား။ အဲဒါဘာလို႔ေ၀တာလဲ ဘုရားက ေ၀ခိုင္းလို႔ ေ၀တာလား။ ၾကည္ညိဳလို႔ ေ၀တာေလဗ်ား။ ဘာေျပာလို႔ရမွာလဲ က်ေနာ္တို႔က” ဟု ေျပာသည္။

စစ္မွႈထမ္းေဟာင္းအဖြဲ႔က လိုက္လံျဖန္႔ေ၀သည့္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၏ အႀကံျပဳခ်က္ ၆ ခ်က္မွာ ႏိုင္ငံႏွင့္ ေဒသကို အက်ိဳးျပဳမည့္သူ၊ ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရးအျမင္ရွိသူ၊ ဒို႔တာ၀န္အေရးသံုးပါးကို ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္သူ၊ တပ္မေတာ္အေပၚ စာနာနားလည္မႈ ရွိသူ၊အမ်ိဳး ဘာသာ သာသနာကို မွန္မွန္ကန္ကန္ႏွင့္ စနစ္တက် ထိန္းသိမ္းႏိုင္ေသာသူႏွင့္ ျပည္ပအဖြဲ႔အစည္း၊ ႏိုင္ငံျခားသားမ်ား၏ တစ္နည္းနည္းအားျဖင့္ လႊမ္းမိုးမႈ မရွိသူမ်ားကို ေရြးခ်ယ္ရန္ စသည့္အခ်က္ မ်ားျဖစ္ သည္။

ထို႔အျပင္ ေရြေကာက္ပြဲႏွင့္ ပတ္သက္၍ တပ္မေတာ္အေနျဖင့္ နယ္ေျမလံုၿခံဳေရးအရ ေရြးေကာက္ပြဲက်င္း ပရန္ မသင့္ေတာ္သည့္ “၀” UWSA ထိန္းခ်ဳပ္ရာ ၿမိဳ႕နယ္မ်ားႏွင့္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရွိ ေဒသမ်ားကို ေရြးေကာက္ပြဲ မက်င္းပရန္ ေရြးေကာက္ပြဲ ေကာ္မရွင္ကို အႀကံျပဳထားသည္ ဟု ဆိုသည္။

“၀” ကိုယ္ပိုင္အုပ္ခ်ဳပ္ရေဒသ UWSP/UWSA ထိန္းခ်ဳပ္ရာ ေဒသတြင္ ေရြးေကာက္ပြဲ မက်င္းပရန္ အႀကံျပဳ ေျပာဆိုထားသည့္ အေၾကာင္းႏွင့္ ပတ္သက္၍ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ယခုကဲ့သို႔ ေျပာသည္။

“အဓိကကေတာ့ က်ေနာ္တို႔ ေျပာေနတဲ့ေပါ့ေနာ က်ေနာ္တို႔ သံုးသပ္တာသည္ ခင္ဗ်ားတို႔ကို က်ေနာ္တို႔ ေျပာတာ ၂ ခုရွိတယ္။ ေရြးေကာက္ပြဲ လုပ္လို႔ရရံု လံုၿခံဳေရးရွိတယ္။ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြး ေကာက္ပြဲ လုပ္ဖို႔ဆိုတာရွိတယ္။ ခုနေျပာတဲ့ ေရြးေကာက္ပြဲ လုပ္လို႔ရရံု လံုၿခံဳေရးက သိပ္မခဲယဥ္းဘူး လြတ္လပ္တဲ့ တရားမွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္ဖို႔အတြက္ကေတာ့ ခဲယဥ္းတယ္။ အဓိက ကေတာ့ မဲဆႏၵ ရွင္ျပည္သူေတြ ရဲ႕ စိတ္ဆႏၵအတိုင္း သူတို႔ စိတ္ဆႏၵရွိသလို မဲေပးပိုင္ခြင့္ ရွိရမယ္။ သူတို႔က တစ္ဦးတစ္ဦးရဲ႕ ၿခိမ္းေျခာက္မႈ ေၾကာင့္ မဲေပးရတာမ်ိဳး မျဖစ္ေစခ်င္ဘူး။ ဒါဆိုရင္ လံုျခံဳေရးအရ ၾကည့္ရင္ ဒါသည္ ဒုတိယ ပိုင္း က်ေနာ္ေျပာခဲ့တဲ့ လြတ္လပ္တဲ့ တရားမွ်တတဲ့ ေရြးေကာက္ပြဲ မျဖစ္ႏိုင္ဘူး။ ဒါေတြေၾကာင့္မို႔လို႔ လည္း ေျပာျခင္းျဖစ္တယ္လို႔ က်ေနာ္ေျပာလိုပါတယ္။”

ယေန႔ျပဳလုပ္သည့္ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔၏ သတင္းစာရွင္လင္းပြဲတြင္ ရခိုင္ျပည္နယ္တြင္ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအတြက္ တပ္မေတာ္၏ ေဆာင္ရြက္ခ်က္၊ တပ္မေတာ္မွ ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ဆ႒မအႀကိမ္ ထုတ္ျပန္ခဲ့မႈႏွင့္ တိုင္းစစ္ဌာနခ်ဳပ္ အေလ်ာက္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့မႈ မူးယစ္ေဆးဖမ္းဆီးရရွိမႈ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ကိုယ္ စားလွယ္တို႔ ေတြ႕ဆံုမႈ အေျခအေန အစရွိသည့္ အေၾကာင္းအရာမ်ားႏွင့္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈ ကို တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူက ေျဖၾကားခဲ့သည္။