ရသေ့တောင် လက်နက်ကြီးကျ ကလေးတစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း က ကျေးရွာတစ်ခုတွင် လက်နက်ကြီးကျည်ကျခဲ့သည့်အတွက် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ရသေ့တောင်မြို့နယ်အတွင်းက အောင်စည်ကုန်းကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ ကျော် အချိန်ခန့်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“ကျနော်တို့အိမ်ကို အပင်ပေါ်ကနေ တဆင့်ပေါ့ လက်နက်ကြီးကျည်က ကျလာတယ်။ အဲ့မှာ ကလေးကိုထိတာ၊ ဒီဘယ်လက်မောင်းထိတယ်။ ပခုံးကိုထိတယ်။ အခုက အရိုးကိုထိတော့ ဓါတ်မှန်ရိုက်ရမှာဗျ။ ကျနော်တို့ အခု စေတီပြင်တိုက်နယ်ဆေးရုံမှာ ရောက်နေပြီ။ ဒီမှာက ဓါတ်မှန်ရိုက်ဖို့အဆင်မပြေဘူး။ ကျနော်တို့ စစ်တွေ ဆေးရုံ ကို သွားရမယ်။ ဒဏ်ရာကလည်း များတယ်” ဟု ပြောသည်။
“ဘယ်သူပစ်တယ်ဆိုတာတော့ ပြောစရာမလိုဘူးနော်။ မယူမြစ်ထဲကနေ ဖြတ်သွားတဲ့အချိန်ပေါ့ ပစ်လိုက်တာ။ ဇက်က နှစ်စီးဖြတ်သွားတာတော့ တွေ့တယ်။ ကျနော်တို့ဆီမှာက အဲ့လိုဖြတ်သွားရင်လည်း အမြဲဒီလိုပဲ ပစ်နေ ကြ။ ရွာထဲကို ဝင်လာရင်လည်း ပစ်ပြီး ဝင်တယ်။ ဆက်တိုက်ပစ်တာပါ။”
ထိခိုက်ဒဏ်ရာ ရရှိသွားသည့် အသက် ၆ နှစ်အရွယ် မောင်ပြည့်စုံမောင် ကို စေတီပြင်တိုက်နယ်ဆေးရုံမှ စစ်တွေဆေးရုံသို့ ပို့ဆောင်နိုင်ရေး စီစဉ်နေသည်ဟု ပြောသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ဟုတ်ကဲ့ပါ ဆရာမကိုတော့ ရွာ သားတွေ ဖုန်းဆက်ထားပါတယ်။ ကလေးကိုလည်း ဆေးရုံကို ပို့ထားပြီလု့ိ ပြောပါတယ်။ အသေးစိတ်တော့ ဘာမှ မသိသေးဘူး။ ကြားတာတော့ ရေကြောင်းကနေ ပစ်တယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး” ဟု ပြောသည်။
“တဖက်မှာလည်း တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်။ စစ်ဘေးရှောင်နေရတဲ့လူတွေကလည်း အများကြီးပဲ။ ပစ်ခတ်မှုတွေလည်း မရပ်ဘူးနော်။ တကယ်တိုက်ပွဲဖြစ်တဲ့နေရာတွေဆို လုံခြုံရေးကလည်း အားနည်းနေတယ်။ တိုက်ပွဲဆိုတာက တဖက်နဲ့တဖက်က တိုက်နေတယ်။ နှစ်ဖက်စလုံးက လိုအပ်တယ်။ အားလုံးကို တိုက်တွန်းချင်တာက တိုက်ပွဲတွေ မရှိအောင် အပစ်ခတ်ရပ်စဲဖို့ပဲ ဒါက အဓိပဲလို့ ပြောချင်တယ်။ ဆရာမတို့လည်း နေ့တိုင်း အခုလိုဖြစ်နေတာတွေကို ကြားတော့ စိတ်မကောင်းဘူး။”
ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြာရေး တာဝန်ရှိသူအား ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ရသေ့တောင်မြို့နယ် အောင်စည်ကုန်းကျေးရွာအတွင်း စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၂ နာရီကျော် အချိန်ခန့်က မယူမြစ်အတွင်း သွားလာနေသည့် တပ်မတော်(ရေတပ်) ဇက်ရေယာဉ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်ပြီး ကလေးငယ် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် မယူမြစ်အရှေ့ဘက်ခြမ်းရှိ ခနောင်းကြီးကျေးရွာ နှင့် ရွာသစ် တွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ ပျက်ဆီးခဲ့ကြောင်း၊ ရွာသားများလည်း ဗုံးခိုကျင်းများအတွင်း ပုန်းခိုခဲ့ရပြီး အိမ်မွေးတိရိစ္ဆာန်လည်း လက်နက်ကြီးကျည်များ ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
ရေသ့ေတာင္ လက္နက္ၾကီးက် ကေလးတစ္ဦး ဒဏ္ရာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္။
ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း က ေက်းရြာတစ္ခုတြင္ လက္နက္ႀကီးက်ည္က်ခဲ့သည့္အတြက္ ကေလးငယ္တစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု သိရသည္။
ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းက ေအာင္စည္ကုန္းေက်းရြာတြင္ စက္တင္ဘာလ ၁၁ ရက္ေန႔ ေန႔လည္ ၂ နာရီ ေက်ာ္ အခ်ိန္ခန္႔က လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့ၿပီး အသက္ ၆ ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ထိခိုက္ ဒဏ္ရာ ရရွိခဲ့သည္ဟု မိသားစုဝင္တစ္ဦးက ေျပာသည္။
“က်ေနာ္တုိ႔အိမ္ကို အပင္ေပၚကေန တဆင့္ေပါ့ လက္နက္ႀကီးက်ည္က က်လာတယ္။ အဲ့မွာ ကေလးကိုထိတာ၊ ဒီဘယ္လက္ေမာင္းထိတယ္။ ပခံုးကိုထိတယ္။ အခုက အရိုးကိုထိေတာ့ ဓါတ္မွန္ရိုက္ရမွာဗ်။ က်ေနာ္တုိ႔ အခု ေစတီျပင္တုိက္နယ္ေဆးရံုမွာ ေရာက္ေနၿပီ။ ဒီမွာက ဓါတ္မွန္ရိုက္ဖို႔အဆင္မေျပဘူး။ က်ေနာ္တုိ႔ စစ္ေတြ ေဆးရံု ကို သြားရမယ္။ ဒဏ္ရာကလည္း မ်ားတယ္” ဟု ေျပာသည္။
“ဘယ္သူပစ္တယ္ဆုိတာေတာ့ ေျပာစရာမလိုဘူးေနာ္။ မယူျမစ္ထဲကေန ျဖတ္သြားတဲ့အခ်ိန္ေပါ့ ပစ္လိုက္တာ။ ဇက္က ႏွစ္စီးျဖတ္သြားတာေတာ့ ေတြ႕တယ္။ က်ေနာ္တုိ႔ဆီမွာက အဲ့လိုျဖတ္သြားရင္လည္း အၿမဲဒီလိုပဲ ပစ္ေန ၾက။ ရြာထဲကို ဝင္လာရင္လည္း ပစ္ၿပီး ဝင္တယ္။ ဆက္တိုက္ပစ္တာပါ။”
ထိခိုက္ဒဏ္ရာ ရရွိသြားသည့္ အသက္ ၆ ႏွစ္အရြယ္ ေမာင္ျပည့္စံုေမာင္ ကို ေစတီျပင္တိုက္နယ္ေဆးရံုမွ စစ္ေတြေဆးရံုသို႔ ပို႔ေဆာင္ႏုိင္ေရး စီစဥ္ေနသည္ဟု ေျပာသည္။
ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က “ဟုတ္ကဲ့ပါ ဆရာမကိုေတာ့ ရြာ သားေတြ ဖုန္းဆက္ထားပါတယ္။ ကေလးကိုလည္း ေဆးရံုကို ပို႔ထားၿပီလု႔ိ ေျပာပါတယ္။ အေသးစိတ္ေတာ့ ဘာမွ မသိေသးဘူး။ ၾကားတာေတာ့ ေရေၾကာင္းကေန ပစ္တယ္လို႔ ၾကားတယ္။ တိုက္ပြဲျဖစ္တာေတာ့ မဟုတ္ဘူး” ဟု ေျပာသည္။
“တဖက္မွာလည္း တိုက္ပြဲေတြကလည္း ဆက္တုိက္ျဖစ္ေနတယ္။ စစ္ေဘးေရွာင္ေနရတဲ့လူေတြကလည္း အမ်ားႀကီးပဲ။ ပစ္ခတ္မႈေတြလည္း မရပ္ဘူးေနာ္။ တကယ္တိုက္ပြဲျဖစ္တဲ့ေနရာေတြဆုိ လံုၿခံဳေရးကလည္း အားနည္းေနတယ္။ တုိက္ပြဲဆုိတာက တဖက္နဲ႔တဖက္က တိုက္ေနတယ္။ ႏွစ္ဖက္စလံုးက လိုအပ္တယ္။ အားလံုးကို တိုက္တြန္းခ်င္တာက တုိက္ပြဲေတြ မရွိေအာင္ အပစ္ခတ္ရပ္စဲဖို႔ပဲ ဒါက အဓိပဲလို႔ ေျပာခ်င္တယ္။ ဆရာမတို႔လည္း ေန႔တုိင္း အခုလိုျဖစ္ေနတာေတြကို ၾကားေတာ့ စိတ္မေကာင္းဘူး။”
ထုိပစ္ခတ္မႈႏွင့္ ပတ္သက္၍ တပ္မေတာ္ သတင္းမွန္ျပန္ၾကာေရး တာဝန္ရွိသူအား ဖုန္းျဖင့္ ဆက္သြယ္ခဲ့ ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။
ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္စည္ကုန္းေက်းရြာအတြင္း စက္တင္ဘာလ ၁၁ ရက္ေန႔ ေန႔လည္ ၂ နာရီေက်ာ္ အခ်ိန္ခန္႔က မယူျမစ္အတြင္း သြားလာေနသည့္ တပ္မေတာ္(ေရတပ္) ဇက္ေရယာဥ္က လက္နက္ႀကီးျဖင့္ ပစ္ခတ္ ခဲ့ျခင္း ျဖစ္ၿပီး ကေလးငယ္ တစ္ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။
ထို႔အျပင္ မယူျမစ္အေရွ႕ဘက္ျခမ္းရွိ ခေနာင္းႀကီးေက်းရြာ ႏွင့္ ရြာသစ္ တြင္း လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေနအိမ္အခ်ိိဳ႕ ပ်က္ဆီးခဲ့ေၾကာင္း၊ ရြာသားမ်ားလည္း ဗံုုးခိုက်င္းမ်ားအတြင္း ပုန္းခိုခဲ့ရၿပီး အိမ္ေမြးတိရိစၦာန္လည္း လက္နက္ႀကီးက်ည္မ်ား ထိမွန္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။