ကြာရှည်လာသည့် COVID-19 ကပ်ရောဂါကြောင့် ရှမ်းစစ်ရှောင်များ ပိုမိုခက်ခဲလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
COVID- 19 ကာလကြာလာသည်နှင့်အမျှ ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်များမှာ နေထိုင်စား သောက်ရေး အတွက် ပိုမို ခက်ခဲလာသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ပြောသည်။
COVID- 19 ကာလတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းစစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှုများ မရရှိသည့် အပြင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာသည့်အတွက် ဝင်ငွေမရှိသောကြောင့် ခက်ခဲလာခြင်း ဖြစ် သည်ဟု ကုန်းကျော် ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံလည်းဖြစ် ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင်လည်းဖြစ်သည့် စိုင်းလင်းက ပြောသည်။
“ဦးတို့က ထိုင်းထဲမှာ ကုန်းကျော်ကျတော့ ထိုင်းထဲမှာ တစ်ခြားဟာကျတော့ နယ်စပ်ပဲ ဒါပေမယ့် သူက ရှမ်းပြည်တွင်းမှာ ဗမာပြည်တွင်းမှာပေါ့ အဲတော့ အဲဒီဟာတွေက သူတို့အခြေအနေက ဦးတို့ထက်ပို ဆိုး တယ်။ ခက်တာပေါ့ ပိုကြပ်တည်းတာပေါ့။” ဟု စိုင်းလင်းက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် ထိုင်းဖက်ခြမ်းရှိ ကုန်းကျော် Refugee ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များမှာ အလုပ်အ ကိုင် အခွင့်အလမ်း အနည်းငယ်ရှိသော်လည်း မြန်မာဖက်ခြမ်းရှိ IDPs စစ်ရှောင်စခန်း ၅ ခုမှာ ဒေသတွင်း အလုပ်အကိုင် မရှိခြင်းနှင့် ကပ်ရောဂါ ကာလအတွင်း ထိုင်းနိုင်ငံဖက်သို့ နယ်စပ်ဖြတ်ကျော်ကာ သွားရောက် အလုပ်လုပ်ကိုင်ခွင့် မရှိသည့်အတွက် အသက်ရှင် ရပ်တည်ရေးမှာ ပို၍ ခက်ခဲသည့် အခြေအနေတွင် ရှိနေ သည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ဆိုသည်။
“ကိုဗစ်ကာလမှာ လုပ်ငန်းကိုင်ငန်းက ရပ်ကုန်တာတို့ ဖြစ်တာဆို တော့ ဒီဟာအလုပ်လုပ်ဖို့အတွက် ပိုပြီးတော့ ခက်သွားတာပေါ့နော်။ အလုပ်လုပ်ဖို့ အခွင့်အလမ်း နည်း သွားတာပေါ့နော်။ ငွေရှာဖို့က နည်းသွားတာပေါ့။” ဟု သူက ဆက်ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် တသီးပုဂ္ဂလ အလှူရှင်များက ကြာကြာတစ်ခါ ဆန်လာရောက်ထောက် ပံ့မှုများရှိသော်လည်း လုံလောက်မှုမရှိသည့်အပြင် အခြားလိုအပ်မှုများစွာ ရှိနေသည်ဟု စိုင်းလင်းက ပြော သည်။
“တခါတလေ IDP Camp မှာတော့ နည်းနည်းပါးပါးတော့ အကူအညီ ရတာပေါ့နော်။ အဲဒါ အခြေခံ ရိက္ခာ လေး အဓိက ဆန်တို့ဘာတို့ရတော့ ကြားထဲမှာနည်းနည်းပါးပါးလေးရတော့ နည်းနည်းတော့တော်တာပေါ့ ဒါပေမယ့် ဆန်တစ်ခုတည်းနဲ့ ပြီးတာ မဟုတ်ဘူး။ ဆိုတော့ တစ်ခြားအတွက်လည်း income ရှိဖို့လိုတာပေါ့ income ရှိဖို့လိုတယ် ခုနကပြောသလိုမျိုး ရောဂါ မကြောက်ရပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့ ကိုဗစ်ကြောင့် ထိ ခိုက်မှုရှိတာပေါ့ ဝင်ငွေ မရှာနိုင်ဘူး ဝင်ငွေရှာဖို့အတွက် အခွင့်အရေး နဂိုထက် ပိုပြီးတော့ နည်းသွားတယ် အဲ လိုမျိုးဖြစ် တာပေါ့။”
ထိုင်း-မြန်မာနယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင်စခန်း ၅ ခုမှာ ကောင်းမုမိန်း၊ လွယ်ဆမ်စစ် (ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းတို့ဖြစ်ပြီး ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည် စခန်း မှာ ကုန်းကျော် စခန်းများ ဖြစ်ကြသည်။
ထိုစခန်း ၆ ခုရှိ လူဦးရေ ခြောက်ထောင် နှစ်ရာ ခန့်မှာ COVID-19 ကာလ ကြာလာသည် နှင့် အမျှ နေထိုင် စားသောက်ရေးမှာ ပို၍ ခက်ခဲလာနေသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန် မာ နယ်စပ်) ဆိုသည်။
အဆိုပါ စခန်းများမှာ စစ်ရှောင်များသည် ပြီးခဲ့သည့် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်ကြား နှစ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများ ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည် ဟု ဆိုသည်။
အဆိုပါ နှစ်ဖက် စစ်ရေးပဋိပက္ခအတွင်း ရှမ်းပြည်တောင်းပိုင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ ကျေးရွာ ပေါင်း ၁၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ လေးသိန်းကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်ဟု သိရသည်။
ထွက်ပြေးလာသူများထဲမှ အချို့မှာ ထိုင်းနိုင်ငံအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အချို့မှာ နယ် စပ် စစ်ဘေးရှောင် စခန်းများတွင်နေနေကြရသည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) က ပြောသည်။
*** ZAWGYI ***
ၾကာရွည္လာသည့္ COVID-19 ကပ္ေရာဂါေၾကာင့္ ရွမ္းစစ္ေရွာင္မ်ား ပိုမိုခက္ခဲလာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္။
COVID- 19 ကာလၾကာလာသည္ႏွင့္အမွ် ထိုင္း-ျမန္မာနယ္စပ္ရွိ ရွမ္းစစ္ေဘးေရွာင္မ်ားမွာ ေနထိုင္စား ေသာက္ေရး အတြက္ ပိုမို ခက္ခဲလာသည္ဟု ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္စပ္) က ေျပာသည္။
COVID- 19 ကာလတြင္ ထိုင္း-ျမန္မာနယ္စပ္ရွိ ရွမ္းစစ္ေဘးေရွာင္မ်ားမွာ ကူညီေထာက္ပံ့မႈမ်ား မရရွိသည့္ အျပင္ အလုပ္အကိုင္ အခြင့္အလမ္း နည္းပါးလာသည့္အတြက္ ၀င္ေငြမရွိေသာေၾကာင့္ ခက္ခဲလာျခင္း ျဖစ္ သည္ဟု ကုန္းေက်ာ္ ဒုကၡသည္စခန္းမွ စခန္းတာ၀န္ခံလည္းျဖစ္ ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္စပ္) ေကာ္မတီဝင္လည္းျဖစ္သည့္ စိုင္းလင္းက ေျပာသည္။
“ဦးတို႔က ထိုင္းထဲမွာ ကုန္းေက်ာ္က်ေတာ့ ထိုင္းထဲမွာ တစ္ျခားဟာက်ေတာ့ နယ္စပ္ပဲ ဒါေပမယ့္ သူက ရွမ္းျပည္တြင္းမွာ ဗမာျပည္တြင္းမွာေပါ့ အဲေတာ့ အဲဒီဟာေတြက သူတို႔အေျခအေနက ဦးတို႔ထက္ပို ဆိုး တယ္။ ခက္တာေပါ့ ပိုၾကပ္တည္းတာေပါ့။” ဟု စိုင္းလင္းက ေျပာသည္။
ထိုင္း-ျမန္မာ နယ္စပ္ ထိုင္းဖက္ျခမ္းရွိ ကုန္းေက်ာ္ Refugee ဒုကၡသည္စခန္းရွိ ဒုကၡသည္မ်ားမွာ အလုပ္အ ကိုင္ အခြင့္အလမ္း အနည္းငယ္ရွိေသာ္လည္း ျမန္မာဖက္ျခမ္းရွိ IDPs စစ္ေရွာင္စခန္း ၅ ခုမွာ ေဒသတြင္း အလုပ္အကိုင္ မရွိျခင္းႏွင့္ ကပ္ေရာဂါ ကာလအတြင္း ထိုင္းႏိုင္ငံဖက္သို႔ နယ္စပ္ျဖတ္ေက်ာ္ကာ သြားေရာက္ အလုပ္လုပ္ကိုင္ခြင့္ မရွိသည့္အတြက္ အသက္ရွင္ ရပ္တည္ေရးမွာ ပို၍ ခက္ခဲသည့္ အေျခအေနတြင္ ရွိေန သည္ဟု ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္စပ္) က ဆိုသည္။
“ကိုဗစ္ကာလမွာ လုပ္ငန္းကိုင္ငန္းက ရပ္ကုန္တာတို႔ ျဖစ္တာဆို ေတာ့ ဒီဟာအလုပ္လုပ္ဖို႔အတြက္ ပိုၿပီးေတာ့ ခက္သြားတာေပါ့ေနာ္။ အလုပ္လုပ္ဖို႔ အခြင့္အလမ္း နည္း သြားတာေပါ့ေနာ္။ ေငြရွာဖို႔က နည္းသြားတာေပါ့။” ဟု သူက ဆက္ေျပာသည္။
အဆိုပါ စစ္ေဘးေရွာင္မ်ားအတြက္ တသီးပုဂၢလ အလွဴရွင္မ်ားက ၾကာၾကာတစ္ခါ ဆန္လာေရာက္ေထာက္ ပံ့မႈမ်ားရွိေသာ္လည္း လံုေလာက္မႈမရွိသည့္အျပင္ အျခားလိုအပ္မႈမ်ားစြာ ရွိေနသည္ဟု စိုင္းလင္းက ေျပာ သည္။
“တခါတေလ IDP Camp မွာေတာ့ နည္းနည္းပါးပါးေတာ့ အကူအညီ ရတာေပါ့ေနာ္။ အဲဒါ အေျခခံ ရိကၡာ ေလး အဓိက ဆန္တို႔ဘာတို႔ရေတာ့ ၾကားထဲမွာနည္းနည္းပါးပါးေလးရေတာ့ နည္းနည္းေတာ့ေတာ္တာေပါ့ ဒါေပမယ့္ ဆန္တစ္ခုတည္းနဲ႔ ၿပီးတာ မဟုတ္ဘူး။ ဆိုေတာ့ တစ္ျခားအတြက္လည္း income ရွိဖို႔လိုတာေပါ့ income ရွိဖို႔လိုတယ္ ခုနကေျပာသလိုမ်ိဳး ေရာဂါ မေၾကာက္ရေပမယ့္ သြယ္ဝိုက္တဲ့နည္းနဲ႔ ကိုဗစ္ေၾကာင့္ ထိ ခိုက္မႈရွိတာေပါ့ ၀င္ေငြ မရွာႏိုင္ဘူး ၀င္ေငြရွာဖို႔အတြက္ အခြင့္အေရး နဂိုထက္ ပိုၿပီးေတာ့ နည္းသြားတယ္ အဲ လိုမ်ိဳးျဖစ္ တာေပါ့။”
ထိုင္း-ျမန္မာနယ္စပ္ ျမန္မာဖက္ျခမ္းရွိ ရွမ္း IDPs စစ္ေဘးေရွာင္စခန္း ၅ ခုမွာ ေကာင္းမုမိန္း၊ လြယ္ဆမ္စစ္ (ပ္)၊ လြယ္လန္၊ လြယ္တိုင္းလ်န္း ႏွင့္ လြယ္ေကာ္ဝမ္းတို႔ျဖစ္ၿပီး ထိုင္းဖက္ျခမ္းရွိ Refugee ဒုကၡသည္ စခန္း မွာ ကုန္းေက်ာ္ စခန္းမ်ား ျဖစ္ၾကသည္။
ထိုစခန္း ၆ ခုရွိ လူဦးေရ ေျခာက္ေထာင္ ႏွစ္ရာ ခန္႔မွာ COVID-19 ကာလ ၾကာလာသည္ ႏွင့္ အမွ် ေနထိုင္ စားေသာက္ေရးမွာ ပို၍ ခက္ခဲလာေနသည္ဟု ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္ မာ နယ္စပ္) ဆိုသည္။
အဆိုပါ စခန္းမ်ားမွာ စစ္ေရွာင္မ်ားသည္ ၿပီးခဲ့သည့္ ၁၉၉၆ မွ ၁၉၉၈ ခုႏွစ္ၾကား ႏွစ္မ်ားတြင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ အစိုးရ တပ္မေတာ္တို႔ အၾကား ျဖစ္ပြားခဲ့သည့္ စစ္ေရးပဋိပကၡမ်ား ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူမ်ားျဖစ္သည္ ဟု ဆိုသည္။
အဆိုပါ ႏွစ္ဖက္ စစ္ေရးပဋိပကၡအတြင္း ရွမ္းျပည္ေတာင္းပိုင္းရွိ ၿမိဳ႕နယ္ေပါင္း ၁၁ ၿမိဳ႕နယ္မွ ေက်း႐ြာ ေပါင္း ၁၄၀၀ ေက်ာ္ ထိခိုက္ပ်က္စီးခဲ့ၿပီး လူဦးေရ ေလးသိန္းေက်ာ္ ထြက္ေျပးတိမ္း ေရွာင္ခဲ့ရသည္ဟု သိရသည္။
ထြက္ေျပးလာသူမ်ားထဲမွ အခ်ိဳ႕မွာ ထိုင္းႏိုင္ငံအတြင္းသို႔ သြားေရာက္ အလုပ္လုပ္ကိုင္ၾကၿပီး အခ်ိဳ႕မွာ နယ္ စပ္ စစ္ေဘးေရွာင္ စခန္းမ်ားတြင္ေနေနၾကရသည္ဟု ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္စပ္) က ေျပာသည္။