COVID-19 ကြောင့် မဲဆွယ်လှုပ်ရှားမှု အချို့ ရပ်နား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။

မွန်ပြည်နယ်တွင် COVID-19 ကပ်ရောဂါ ကူးစက်မှုမြင့်မားလာခြင်းကြောင့် ကိုယ်စားလှယ်လောင်း အချို့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား ရပ်နားထားကြသည်။

လူထုနှင့် ထိတွေ့ရသည့် မဲဆွယ်စည်းရုံးရေးမျိုး ခနရပ်နား ထားပြီး လူမှုကွန်ရက်စာမျက်နှာ (facebook) မှတဆင့် မဲဆွယ် ကန်ပိန်း လုပ်ဆောင်နေသည်ဟု ပအိုဝ်း အမျိုး သားအဖွဲ့ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ခွန်အောင်မျိုးသိန်းက ပြောသည်။

“အခု သထုံမှာလည်း ပိုးတွေ့လူနာရှိလာတယ် ဘီးလင်းမှာလည်းရှိလာတဲ့အခါကျတော့ ကျနော်တို့ ရွာတွေအထိ စည်းရုံးဆင်းတဲ့အလုပ်တွေတော့ ခနရပ်နားထားတာပေါ့လေ။ အွန်လိုင်ကမ်ပိန်းဘက် ပိုပြီးအာရုံစိုက်လာတယ်” ဟု ကိုယ်စားလှယ်လောင်း ခွန်အောင်မျိုးသိန်း က ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် COVID-19 ကူးစက်မှုနှုန်းသည် နေ့စဉ်နှင့်အမျှ တိုးလာနေသည့်အပြင် သေဆုံးမှုလည်း နေ့စဉ်ရှိနေသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ် ရန် လည်း နှစ်လခန့်သာ လိုတော့ချိန်တွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ နေ့စဉ်မြှင့်တက်လာနေ ခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင်လည်း COVID-19 ကူးစက်ခံရသူ နေ့စဉ်တိုးလာနေကာ စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ပိုင်း ထိ ထုတ်ပြန်စာရင်းအရ ရောဂါကူးစက်ခံထားရသူ ၁၁၀ ဦးရှိကာ သေဆုံးမှုလည်း ရှိခဲ့သည်။

လူထုနှင့် တွေ့ဆုံခြင်း အစုအဖွဲ့နှင့် စည်းရုံးလှုံ့ ဆော်ခြင်းများကို ရပ်ဆိုင်းထားပြီး လူမှုကွန်ယက်စာမျက်နှာ မှတဆင့် စည်းရုံးရေးလုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၆) တွင် ဝင်ပြိုင်မည့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းကပြောသည်။

“စည်းရုံးရေးကတော့ လုံးဝမလုပ်ဘူး နားထားတယ်၊ လူ ၄ – ၅ ယောက်လောက် နဲ့ ဆိုင်းဘုတ် တင်တာတွေ တော့ ရှိတယ်။ ကျန်တဲ့စည်းရုံးရေးလုပ်ငန်းမှန်သမျှကို ရပ်နားထားပါတယ်” ဟု တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဦးအောင်နိုင်ဝင်း က ပြောသည်။

တစ်ဘက်တွင်လည်း နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပါတီများနှင့် ကိုယ်စားလှယ် လောင်းများ ကပ်ရောဂါအန္တရယ်ကြားတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ မဲဆွယ်စည်းရုံးရေးလုပ်နေကြရသည်။

မွန်ညီညွတ်ရေးပါတီကလည်း ကူးစက်ရောဂါကာလတွင် မဖြစ်မနေ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရမည့် အခြေအနေကြောင့် လူအင်အားအနည်းဆုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့် လုပ်ဆောင်နေသည် ဟု ပြောသည်။

“မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး COVID အနေအထားအောက်မှာ လုပ်ရတော့ အကန့်အသတ်တွေ များ တာတော့ အမှန်ပဲ။ သို့သော် ကျန်းမာရေးကိစ္စဆိုတာက တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း မဖြစ်မနေ ဆောင်ရွက်သွားရမှာပဲ” ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။

မွန်ပြည်နယ်တွင် ဝင်ပြိုင်ကြမည့် အင်အားကြီးပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက ကိုယ်စားလှယ်လောင်းအချို့တို့ကလည်း လတ်တလောတွင် လူထု နှင့် ထိတွေ့ခြင်း၊ လူစုဟောပြောခြင်း ရပ်နားထားကြသည်ဟု ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ က ပြောသည်။

မွန်ပြည်နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၇ ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တသီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဝင်ပြိုင်ကြမည်ဖြစ်သည်။

နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသည်။

*** ZAWGYI ***
COVID-19 ေၾကာင့္ မဲဆြယ္လႈပ္ရွားမႈ အခ်ိဳ႕ ရပ္နား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္ စက္တင္ဘာလ ၁၈ ရက္။

မြန္ျပည္နယ္တြင္ COVID-19 ကပ္ေရာဂါ ကူးစက္မႈျမင့္မားလာျခင္းေၾကာင့္ ကိုယ္စားလွယ္ေလာင္း အခ်ိဳ႕ မဲဆြယ္စည္း႐ုံးေရး လုပ္ငန္းမ်ားအား ရပ္နားထားၾကသည္။

လူထုႏွင့္ ထိေတြ႕ရသည့္ မဲဆြယ္စည္း႐ုံးေရးမ်ိဳး ခနရပ္နား ထားၿပီး လူမႈကြန္ရက္စာမ်က္ႏွာ (facebook) မွတဆင့္ မဲဆြယ္ ကန္ပိန္း လုပ္ေဆာင္ေနသည္ဟု ပအိုဝ္း အမ်ိဳး သားအဖြဲ႕ပါတီ ကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္း ခြန္ေအာင္မ်ိဳးသိန္းက ေျပာသည္။

“အခု သထုံမွာလည္း ပိုးေတြ႕လူနာရွိလာတယ္ ဘီးလင္းမွာလည္းရွိလာတဲ့အခါက်ေတာ့ က်ေနာ္တို႔ ႐ြာေတြအထိ စည္း႐ုံးဆင္းတဲ့အလုပ္ေတြေတာ့ ခနရပ္နားထားတာေပါ့ေလ။ အြန္လိုင္ကမ္ပိန္းဘက္ ပိုၿပီးအာ႐ုံစိုက္လာတယ္” ဟု ကိုယ္စားလွယ္ေလာင္း ခြန္ေအာင္မ်ိဳးသိန္း က ေျပာသည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာအေနႏွင့္ COVID-19 ကူးစက္မႈႏႈန္းသည္ ေန႔စဥ္ႏွင့္အမွ် တိုးလာေနသည့္အျပင္ ေသဆုံးမႈလည္း ေန႔စဥ္ရွိေနသည္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ ရန္ လည္း ႏွစ္လခန႔္သာ လိုေတာ့ခ်ိန္တြက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ေန႔စဥ္ျမႇင့္တက္လာေန ျခင္းျဖစ္သည္။

မြန္ျပည္နယ္တြင္လည္း COVID-19 ကူးစက္ခံရသူ ေန႔စဥ္တိုးလာေနကာ စက္တင္ဘာ ၁၈ ရက္ေန႔ နံနက္ ပိုင္း ထိ ထုတ္ျပန္စာရင္းအရ ေရာဂါကူးစက္ခံထားရသူ ၁၁၀ ဦးရွိကာ ေသဆုံးမႈလည္း ရွိခဲ့သည္။

လူထုႏွင့္ ေတြ႕ဆုံျခင္း အစုအဖြဲ႕ႏွင့္ စည္း႐ုံးလႈံ႕ ေဆာ္ျခင္းမ်ားကို ရပ္ဆိုင္းထားၿပီး လူမႈကြန္ယက္စာမ်က္ႏွာ မွတဆင့္ စည္း႐ုံးေရးလုပ္ေဆာင္သြားမည္ဟု မြန္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အမွတ္ (၆) တြင္ ဝင္ၿပိဳင္မည့္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္း ဦးေအာင္ႏိုင္ဝင္းကေျပာသည္။

“စည္း႐ုံးေရးကေတာ့ လုံးဝမလုပ္ဘူး နားထားတယ္၊ လူ ၄ – ၅ ေယာက္ေလာက္ နဲ႔ ဆိုင္းဘုတ္ တင္တာေတြ ေတာ့ ရွိတယ္။ က်န္တဲ့စည္း႐ုံးေရးလုပ္ငန္းမွန္သမွ်ကို ရပ္နားထားပါတယ္” ဟု တသီးပုဂၢလ ကိုယ္စားလွယ္ ေလာင္း ဦးေအာင္ႏိုင္ဝင္း က ေျပာသည္။

တစ္ဘက္တြင္လည္း ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲအတြက္ ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ ေလာင္းမ်ား ကပ္ေရာဂါအႏၲရယ္ၾကားတြင္ က်န္းမာေရးဝန္ႀကီးဌာန၏ က်န္းမာေရးဆိုင္ရာလမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ မဲဆြယ္စည္း႐ုံးေရးလုပ္ေနၾကရသည္။

မြန္ညီၫြတ္ေရးပါတီကလည္း ကူးစက္ေရာဂါကာလတြင္ မျဖစ္မေန မဲဆြယ္စည္း႐ုံးေရး လုပ္ေဆာင္ရမည့္ အေျခအေနေၾကာင့္ လူအင္အားအနည္းဆုံးႏွင့္ က်န္းမာေရးဝန္ႀကီးဌာန၏ က်န္းမာေရးဆိုင္ရာ လမ္းၫႊန္ခ်က္ မ်ားႏွင့္ လုပ္ေဆာင္ေနသည္ ဟု ေျပာသည္။

“မဲဆြယ္စည္း႐ုံးေရးနဲ႔ ပတ္သက္ၿပီး COVID အေနအထားေအာက္မွာ လုပ္ရေတာ့ အကန႔္အသတ္ေတြ မ်ား တာေတာ့ အမွန္ပဲ။ သို႔ေသာ္ က်န္းမာေရးကိစၥဆိုတာက တစ္ႏိုင္ငံလုံးနဲ႔ဆိုင္တယ္။ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့အတိုင္း မျဖစ္မေန ေဆာင္႐ြက္သြားရမွာပဲ” ဟု မြန္ညီၫြတ္ေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္လယိတမက ေျပာသည္။

မြန္ျပည္နယ္တြင္ ဝင္ၿပိဳင္ၾကမည့္ အင္အားႀကီးပါတီမ်ားျဖစ္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ NLD ပါတီက ကိုယ္စားလွယ္ေလာင္းအခ်ိဳ႕တို႔ကလည္း လတ္တေလာတြင္ လူထု ႏွင့္ ထိေတြ႕ျခင္း၊ လူစုေဟာေျပာျခင္း ရပ္နားထားၾကသည္ဟု ပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္းမ်ား က ေျပာသည္။

မြန္ျပည္နယ္တြင္ လာမည့္ေ႐ြးေကာက္ပြဲတြင္ ႏိုင္ငံေရးပါတီ ၁၇ ပါတီတို႔မွ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ တသီး ပုဂၢလကိုယ္စားလွယ္ေလာင္း ၁၁ ဦး စုစုေပါင္း ကိုယ္စားလွယ္ေလာင္း ၃၀၂ ဝင္ၿပိဳင္ၾကမည္ျဖစ္သည္။

ႏိုင္ငံေရးပါတီမ်ားအတြက္ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလကို စက္တင္ဘာ ၈ ရက္ေန႔မွ ႏိုဝင္ဘာ ၆ ရက္ေန႔ထိ ရက္ေပါင္း ၆၀ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က သတ္မွတ္ေပးထားသည္။