မွန်ညီညွတ်ရေးပါတီ လူစုလူဝေး မဲဆွယ်မှု ရပ်ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
COVID-19 ရောဂါ ကူးစက်မှုများလာသည့် အခြေအနေကြောင့် မွန်ညီညွတ်ရေးပါတီအနေဖြင့် လူစုလူဝေးနှင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်းကို ခေတ္တဆိုင်းငံ့လိုက်ကြောင်း ပါတီခေါင်းဆောင်များက ပြော သည်။
လူစုလူဝေးများနှင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်းကို မလုပ်ဆောင်ကြရန် ပါတီဗဟိုမှ သက်ဆိုင်ရာ ပါတီအဆင့် ဆင့် ထိုမှတဆင့် ကိုယ်စားလှယ်လောင်းတို့ကို ညွှန်ကြားထားသည်ဟု မွန်ညီညွတ်ရေးပါတီ ၂၀၂၀ ရွေး ကောက်ပွဲအောင်နိုင်ရေး (ဗဟို) တွဲဖက်အတွင်းရေးမှူး မင်းအောင်မွန်က ပြောသည်။
“ကိုဗစ်က ကူးစက်မှုနှုန်းကလည်းများလာတဲ့အတွက်ကြောင့် ကျနော်တို့က ပြည်သူလူထုအတွက် ပြန်ကြည့် ရတဲ့အနေအထား ရှိတယ်၊ အဓိက ကျနော်တို့က လူစုလူဝေးနဲ့ လှည့်လည်မဲဆွယ် သွားလာနေတာကို မလုပ် ကြဖို့ ကန့်သတ်လိုက်တာပါ” ဟု မင်းအောင်မွန်က ပြောသည်။
လူစုလူဝေးနှင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု ပြောသည်။
ပါတီဆိုင်းဘုတ်ထောင်ခြင်း ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ထောင်ခြင်းတို့ကိုလည်း လူအင်အားအနည်းဆုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ နှင့်အညီ လုပ်ဆောင်ကြရန်လည်း ပါတီဗဟိုက ညွှန်ကြားထားသည်။
လက်ရှိအနေအထားအရ မဲဆွယ်စည်းရုံး လုပ်ဆောင်ရန် မဖြစ်နိုင်သည့်အနေအထားကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို မီဒီယာ၊ ဆိုရှယ်မီဒီယာတို့မှတဆင့် လုပ်ဆောင်သွားရန်လည်း ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး (ဗဟို) က စီစဉ်နေသည်။
“ပြောရရင်တော့ မဲဆွယ်စည်းရုံးလို့မရတဲ့အနေအထားမှာဖြစ်နေတဲ့အတွက် ကျနော်တို့ အောင်နိုင်ရေး ဗဟို က တော့ ကျနော်တို့ သုံးလို့ရတဲ့ မီဒီယာအင်အားပေါ့နော် ဆိုရှယ်မီဒီယာကနေတဆင့် ပြည်သူလူထုကို အသိပေး စရာတွေ လုပ်ပေးစရာတွေ ပြောကြားစရာတွေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတွေ အဓိက ဆိုရှယ်မီဒီယာကနေတဆင့် သွားရတော့မယ်” ဟု မွန်ညီညွတ်ရေးပါတီ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး (ဗဟို) ပြန်ကြားရေးတာဝန်ခံ မင်းဗညားစန်း က ပြောသည်။
ကိုယ်စားလှယ်လောင်းများအနေနှင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် ကူးစက်ရောဂါဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ မဲဆွယ်စည်းရုံးကြရန်အပြင် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ လုပ်ဆောင်ကြရန် လည်း ပါတီဗဟိုက အဆင့်ဆင့် ညွှန်ကြားထားသည်။
ထို့အပြင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအချို့ နှင့် ပအိုဝ်း အမျိုးသားအဖွဲ့ပါတီ က ကိုယ်စားလှယ်လောင်း အချို့ကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက ပြည်နယ်တွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုမြင့်မားလာခြင်းကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား ရပ်နားထားကြသည်ဟု ပြောသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ ပါတီကလည်း လူထုနှင့် ထိတွေ့ရသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ခေတ္တရပ်နား ထားပြီး အွန်လိုင်းမှတဆင့်သာ မဲဆွယ်ကန်ပိန်းလုပ်ဆောင်နေသည်ဟု ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်း ခွန်အောင်မျိုးသိန်း က ပြီးခဲ့သည့်အပတ်က သတင်းနှင့်မီဒီယာကွန်ရက် အား ပြောဆိုထားသည်။
မွန်ညီညွတ်ရေးပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အပြင် ကရင်၊ တနင်္သာရီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ရွေးကောက်ပွဲဝင်ပြိုင်သွားရန်ရှိသည်။
မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၅ ဦးအပါအဝင် တိုင်းနှင့် ပြည်နယ် ၅ ခုတို့တွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ၆၅ ဦး ဝင်ပြိုင်သွားမည်ဖြစ်သည်။
*** ZAWGYI ***
မြန္ညီညြတ္ေရးပါတီ လူစုလူေ၀း မဲဆြယ္မႈ ရပ္ဆိုင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္။
COVID-19 ေရာဂါ ကူးစက္မႈမ်ားလာသည့္ အေျခအေနေၾကာင့္ မြန္ညီညြတ္ေရးပါတီအေနျဖင့္ လူစုလူေဝးႏွင့္ လွည့္လည္မဲဆြယ္စည္း႐ုံးျခင္းကို ေခတၱဆိုင္းငံ့လိုက္ေၾကာင္း ပါတီေခါင္းေဆာင္မ်ားက ေျပာ သည္။
လူစုလူေဝးမ်ားႏွင့္ လွည့္လည္မဲဆြယ္စည္း႐ုံးျခင္းကို မလုပ္ေဆာင္ၾကရန္ ပါတီဗဟိုမွ သက္ဆိုင္ရာ ပါတီအဆင့္ ဆင့္ ထိုမွတဆင့္ ကိုယ္စားလွယ္ေလာင္းတို႔ကို ၫႊန္ၾကားထားသည္ဟု မြန္ညီညြတ္ေရးပါတီ ၂၀၂၀ ေရြး ေကာက္ပြဲေအာင္ႏိုင္ေရး (ဗဟို) တြဲဖက္အတြင္းေရးမွဴး မင္းေအာင္မြန္က ေျပာသည္။
“ကိုဗစ္က ကူးစက္မႈႏႈန္းကလည္းမ်ားလာတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က ျပည္သူလူထုအတြက္ ျပန္ၾကည့္ ရတဲ့အေနအထား ရွိတယ္၊ အဓိက က်ေနာ္တို႔က လူစုလူေဝးနဲ႔ လွည့္လည္မဲဆြယ္ သြားလာေနတာကို မလုပ္ ၾကဖို႔ ကန္႔သတ္လိုက္တာပါ” ဟု မင္းေအာင္မြန္က ေျပာသည္။
လူစုလူေဝးႏွင့္ လွည့္လည္မဲဆြယ္စည္း႐ုံးျခင္းကို စက္တင္ဘာလ ၂၀ ရက္ေန႔က စတင္ၿပီး ဆိုင္းငံ့ထားျခင္း ျဖစ္သည္ဟု ေျပာသည္။
ပါတီဆိုင္းဘုတ္ေထာင္ျခင္း ပါတီေအာင္ႏိုင္ေရးဆိုင္းဘုတ္ေထာင္ျခင္းတို႔ကိုလည္း လူအင္အားအနည္းဆံုးႏွင့္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္တို႔မွ ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္မ်ား ႏွင့္အညီ လုပ္ေဆာင္ၾကရန္လည္း ပါတီဗဟိုက ၫႊန္ၾကားထားသည္။
လက္ရွိအေနအထားအရ မဲဆြယ္စည္း႐ုံး လုပ္ေဆာင္ရန္ မျဖစ္ႏိုင္သည့္အေနအထားေၾကာင့္ မဲဆြယ္စည္း႐ုံးေရး လုပ္ငန္းစဥ္မ်ားကို မီဒီယာ၊ ဆိုရွယ္မီဒီယာတို႔မွတဆင့္ လုပ္ေဆာင္သြားရန္လည္း ပါတီ၏ ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရး (ဗဟို) က စီစဥ္ေနသည္။
“ေျပာရရင္ေတာ့ မဲဆြယ္စည္း႐ုံးလို႔မရတဲ့အေနအထားမွာျဖစ္ေနတဲ့အတြက္ က်ေနာ္တုိ႔ ေအာင္ႏိုင္ေရး ဗဟို က ေတာ့ က်ေနာ္တုိ႔ သံုးလို႔ရတဲ့ မီဒီယာအင္အားေပါ့ေနာ္ ဆိုရွယ္မီဒီယာကေနတဆင့္ ျပည္သူလူထုကို အသိေပး စရာေတြ လုပ္ေပးစရာေတြ ေျပာၾကားစရာေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အခန္းက႑ေတြ အဓိက ဆိုရွယ္မီဒီယာကေနတဆင့္ သြားရေတာ့မယ္” ဟု မြန္ညီညြတ္ေရးပါတီ ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရး (ဗဟို) ျပန္ၾကားေရးတာဝန္ခံ မင္းဗညားစန္း က ေျပာသည္။
ကိုယ္စားလွယ္ေလာင္းမ်ားအေနႏွင့္ မဲဆြယ္စည္း႐ုံးေရး လုပ္ေဆာင္ရာတြင္ ကူးစက္ေရာဂါဆိုင္ရာ လမ္းၫႊန္ ခ်က္မ်ားႏွင့္အညီ မဲဆြယ္စည္း႐ုံးၾကရန္အျပင္ ေရြးေကာက္ပြဲဆိုင္ရာ က်င့္ဝတ္မ်ားႏွင့္အညီ လုပ္ေဆာင္ၾကရန္ လည္း ပါတီဗဟိုက အဆင့္ဆင့္ ၫႊန္ၾကားထားသည္။
ထို႔အျပင္ မြန္ျပည္နယ္အတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ တသီးပုဂၢလကိုယ္စားလွယ္ေလာင္းအခ်ိဳ႕ ႏွင့္ ပအိုဝ္း အမ်ိဳးသားအဖြဲ႕ပါတီ က ကိုယ္စားလွယ္ေလာင္း အခ်ိဳ႕ကလည္း ၿပီးခဲ့သည့္ ရက္သတၱပတ္ကတည္းက ျပည္နယ္တြင္း COVID-19 ကပ္ေရာဂါ ကူးစက္မႈျမင့္မားလာျခင္းေၾကာင့္ မဲဆြယ္စည္း႐ုံးေရး လုပ္ငန္းမ်ားအား ရပ္နားထားၾကသည္ဟု ေျပာသည္။
ပအိုဝ္းအမ်ိဳးသားအဖြဲ႕ ပါတီကလည္း လူထုႏွင့္ ထိေတြ႕ရသည့္ မဲဆြယ္စည္းရံုးေရးလုပ္ငန္းမ်ားကို ေခတၱရပ္နား ထားၿပီး အြန္လုိင္းမွတဆင့္သာ မဲဆြယ္ကန္ပိန္းလုပ္ေဆာင္ေနသည္ဟု ပါတီကိုယ္စားျပဳကိုယ္စားလွယ္ေလာင္း ခြန္ေအာင္မ်ိဳးသိန္း က ၿပီးခဲ့သည့္အပတ္က သတင္းႏွင့္မီဒီယာကြန္ရက္ အား ေျပာဆိုထားသည္။
မြန္ညီညြတ္ေရးပါတီအေနႏွင့္ လာမည့္ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္အျပင္ ကရင္၊ တနသၤာရီ၊ ရန္ကုန္ႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔တြင္လည္း ေရြးေကာက္ပြဲဝင္ၿပိဳင္သြားရန္ရွိသည္။
မြန္ျပည္နယ္တြင္ မြန္ညီညြတ္ေရးပါတီကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္း ၃၅ ဦးအပါအဝင္ တိုင္းႏွင့္ ျပည္နယ္ ၅ ခုတို႔တြင္ မြန္ညီညြတ္ေရးပါတီ ကိုယ္စားလွယ္ေလာင္း ၆၅ ဦး ဝင္ၿပိဳင္သြားမည္ျဖစ္သည္။