ရခိုင်တွင် ဒေသခံများ ဖမ်းဆီးခံနေရ၊ ဖမ်းထားစဉ် တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် စက်တက်ဘာလ ၂၉ ရက်။

ရခိုင်ပြည်နယ်တွင် ဒေသခံရွာသားများဖမ်းဆီးခံနေရပြီး သေဆုံးသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ဒေသခံအမျိုးသားတစ်ဦးနှင့် မြောက်ဦးမြို့တို့မှာ ဒေသခံအမျိုးသား တစ်ဦးတို့အား တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြောက်ဦးမြို့မှ တစ်ဦးမှာ သေဆုံးသွားသည် ဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့က အသက် ၃၇ နှစ်အရွယ် ဦးအေးကျော်အား စက်တင်ဘာလ ၂၇ ရက်နေ့က တပ်မတော်က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် ၎င်း၏ ရုပ်အလောင်းမှာ ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“သူက သုံးဘီးမောင်းတာပါ။ အခု အလောင်းကို စစ်ဆေးနေတယ်။ သူ့ရဲ့ ခေါင်းမှာ ဒဏ်ရာတွေတော့ မြင်တယ်။ တခြားသော သေချာမမြင်သေးဘူး။ ခေါင်းက ကွဲလည်းကွဲနေတယ်။ လက်ကိုလည်း ကြိုးနဲ့ တုတ်ထားတယ်။ ၂၇ ရက်နေ့က သူ့ကို နထင်ကျေးရွာဘက် ကို ခရီးသည်သွားပို့ရင်း တပ်က ဖမ်းသွားတယ်ပြောလို့ သွားမေး သေးတယ်။ အမှတ် ၃၇၇ တပ်ရင်းက ဖမ်းထားတယ်လို့ ပြောလို့ ကျနော်တို့က သွားမေးတာ သူတိ့ုက မဖမ်း ထားဘူးဆိုပြီးပြော လို့ ပြန်လာကြတာ။ ဒီ ၂၈ ရက်နေ့ကျတော့ ဆေးရုံက ဖုန်းဆက်လာတယ်။ အလောင်း ရောက်နေတယ်ဆိုပြီး တော့။ အခုတော့ သေသွားပြီဗျ။ သူက သုံးဘီးမောင်းပြီး မိသားစုကို လုပ်ကျွေးနေတာ။ သူ့မှ လသားအရွယ် ကလေးလည်းရှိတယ်။”

ဦးအေးကျော် သေဆုံးမှုမှာ မှန်ကန်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာ စိန်က အတည်ပြုပြောသည်။ ဒေသခံပြည်သူများ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း၊ အသက်သေဆုံးရခြင်းနှင့် ပတ် သက်၍ ယခုဖြစ်စဉ်မှာ ဥပဒေမဲ့ဆောင်ရွက်ခြင်းဖြစ်ကြောင်းသည်ဟု ပြောသည်။

မြောက်ဦးမြို့နယ်က ဦးအေးကျော်သေဆုံးမှုနှင့် ပတ်သက်၍ “AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ကြပ် ကြီး အဆင့်ရှိသူတစ်ဦးအား စစ်ဆေးမှုများဆောင်ရွက်နေစဉ် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွား၊ အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ အေးကျော်အား စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန်ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတို သေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က စက်တင်ဘာလ ၂၉ ရက်နေ့ (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။

ထို့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာမှ ဒေသခံရွာသား ဦးမောင်ပိန်အောင် လည်း တပ်မတော်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

ထို့နေ့က ကျောက်ဂူစုကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းဝင်လာပြီး ကျေးရွာအတွင်းမှ အသက် ၃၆ နှစ် အရွယ် ဦးမောင်ပိန်အောင် နှင့် အသက် ၃၅ နှစ်အရွယ် ဦးစိန်ထွန်းဝင်း တို့အား နေရမှ ခေါ်ထုတ်ပြီး ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်ဦးအား လွှတ်ပေးခဲ့ပြီး တစ်ဦးကို တပ်မ တော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြောသည်။

“အခု သူ့ကို ကျောက်တော်မြို့ပေါ်က တပ်ရင်းတစ်ခုမှာ ဖမ်းထားတယ် ဆိုတာပဲ သိတယ်။ သေချာမသိသေးဘူး။ သူ့ကိုဖမ်းသွားပြီးနောက် အိမ်ကို စစ်သားတွေ ထပ်လာသေးတယ်။ အိမ်က စပါးကျီကို ဝင်စစ်တယ်။ စပါးကျီ ထဲ ကို စစ်သားတစ်ယောက်ဝင်ရှာတယ်။ စပါးကျီကနေ မိုင်းတွေ့တယ်ဆိုပြီးပြောတယ်။ ပြီးတော့ မိုင်းကိုကိုင်ပြီး လည်း ဓါတ်ပုံရိုက်တယ်။ ကျမကိုလည်း သူတို့က ဖမ်းခေါ်သွားသေးတယ်။ ပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ” ဟု ဖမ်း ဆီးခံထားရသူ ဦးမောင်ပိန်အောင် ၏ မိသားစုဝင် တစ်ဦးက ပြောသည်။

ဦးမောင်ပိန်အောင်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေသူ သာမန်ရွာသားတစ်ဦးသာဖြစ်ကြောင်း၊ လက်နက် ကိုင်များနှင့် ပတ်သက်ခြင်း၊ ဆက်နွယ်ခြင်းမရှိကြောင်း ဒေသခံရွာသားများနှင့် ကျေးရွာအတွင်းက ရပ်မိရပ်ဖ များက ပြောသည်။

ကျောက်ဂူစုကျေးရွာသား ဦးမောင်ပိန်အောင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားများအား အကြောင်းကြားထားသည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

“ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာအတွင်း လုံခြုံရေးအရ ဝင်ရောက်ရှာဖွေစဉ် ကျောက်ဂူစုကျေးရွာနေ ဦးမောင်ပိန်အောင် ၃၆ နှစ် (ဘ) ဦးထွန်းအောင်၏ တယ်လီဖုန်းအား မသင်္ကာသဖြင့် စစ်ဆေးရာ တယ်လီဖုန်း အတွင်း ၌ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်ထားသော အချက်အလက်များ အား တွေ့ရှိရ သဖြင့် ရပ်မိ၊ရပ်ဖများနှင့်အတူ ၎င်း၏ နေအိမ်နှင့်ပတ်ဝန်းကျင် အနီးတဝိုက်အား ရှာဖွေစစ်ဆေးရာ နေအိမ် အနောက်ဘက်ရှိ စပါးဂိုဒေါင်အတွင်းမှ စပါးခွံများဖြင့်ဖုံးအုပ်ထားသော အမြင့် ၅ လက်မ၊ အချင်း ၃ လက်မခန့်ရှိ ပလက်စတစ် ဗူးဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်နင်းမိုင်းတစ်လုံး (စနက်တပ်ဆင်လျက်)နှင့် ဝါးညှပ် နင်းမိုင်းတစ်ခုတို့အား သိမ်းဆည်းရမိခဲ့သည်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ကျေးရွာသား ၁၀ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရပ်မိရပ်ဖများ၏ အာမခံချက်ဖြင့် နောက်တစ်ရက် တွင် ပြန်လွှတ်ပေးခဲ့သည်။

*** ZAWGYI ***
ရခိုင္တြင္ ေဒသခံမ်ား ဖမ္းဆီးခံေနရ၊ ဖမ္းထားစဥ္ တစ္ဦး ေသဆံုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္ စက္တက္ဘာလ ၂၉ ရက္။

ရခိုင္ျပည္နယ္တြင္ ေဒသခံရြာသားမ်ားဖမ္းဆီးခံေနရၿပီး ေသဆံုးသူမ်ားလည္း ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕မွ ေဒသခံအမ်ိဳးသားတစ္ဦးႏွင့္ ေျမာက္ဦးၿမိဳ႕တို႔မွာ ေဒသခံအမ်ိဳးသား တစ္ဦးတို႔အား တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ေျမာက္ဦးၿမိဳ႕မွ တစ္ဦးမွာ ေသဆံုးသြားသည္ ဟု ေဒသခံမ်ားက ေျပာသည္။

ေျမာက္ဦးၿမိဳ႕က အသက္ ၃၇ ႏွစ္အရြယ္ ဦးေအးေက်ာ္အား စက္တင္ဘာလ ၂၇ ရက္ေန႔က တပ္မေတာ္က ဖမ္းဆီးသြားၿပီးေနာက္ တစ္ရက္အၾကာတြင္ ဒဏ္ရာမ်ားျဖင့္ေသဆံုးေနသည့္ ၎၏ ရုပ္အေလာင္းမွာ ေဆးရံုသို႔ ေရာက္ရွိလာျခင္းျဖစ္သည္ဟု မိသားစုဝင္တစ္ဦးက ေျပာသည္။

“သူက သံုးဘီးေမာင္းတာပါ။ အခု အေလာင္းကို စစ္ေဆးေနတယ္။ သူ႔ရဲ႕ ေခါင္းမွာ ဒဏ္ရာေတြေတာ့ ျမင္တယ္။ တျခားေသာ ေသခ်ာမျမင္ေသးဘူး။ ေခါင္းက ကြဲလည္းကြဲေနတယ္။ လက္ကိုလည္း ႀကိဳးနဲ႔ တုတ္ထားတယ္။ ၂၇ ရက္ေန႔က သူ႔ကို နထင္ေက်းရြာဘက္ ကို ခရီးသည္သြားပို႔ရင္း တပ္က ဖမ္းသြားတယ္ေျပာလို႔ သြားေမး ေသးတယ္။ အမွတ္ ၃၇၇ တပ္ရင္းက ဖမ္းထားတယ္လုိ႔ ေျပာလို႔ က်ေနာ္တုိ႔က သြားေမးတာ သူတိ႔ုက မဖမ္း ထားဘူးဆိုၿပီးေျပာ လုိ႔ ျပန္လာၾကတာ။ ဒီ ၂၈ ရက္ေန႔က်ေတာ့ ေဆးရံုက ဖုန္းဆက္လာတယ္။ အေလာင္း ေရာက္ေနတယ္ဆိုၿပီး ေတာ့။ အခုေတာ့ ေသသြားၿပီဗ်။ သူက သံုးဘီးေမာင္းၿပီး မိသားစုကို လုပ္ေကၽြးေနတာ။ သူ႔မွ လသားအရြယ္ ကေလးလည္းရွိတယ္။”

ဦးေအးေက်ာ္ ေသဆံုးမႈမွာ မွန္ကန္ေၾကာင္း ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာ စိန္က အတည္ျပဳေျပာသည္။ ေဒသခံျပည္သူမ်ား ယခုကဲ့သို႔ ဖမ္းဆီးခံရျခင္း၊ အသက္ေသဆံုးရျခင္းႏွင့္ ပတ္ သက္၍ ယခုျဖစ္စဥ္မွာ ဥပေဒမဲ့ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္းသည္ဟု ေျပာသည္။

ေျမာက္ဦးၿမိဳ႕နယ္က ဦးေအးေက်ာ္ေသဆံုးမႈႏွင့္ ပတ္သက္၍ “AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ တပ္ၾကပ္ ႀကီး အဆင့္ရွိသူတစ္ဦးအား စစ္ေဆးမႈမ်ားေဆာင္႐ြက္ေနစဥ္ မိမိကိုယ္ကိုအဆုံးစီရင္မႈျဖစ္ပြား၊ အဆိုပါ AA အၾကမ္းဖက္ေသာင္းက်န္းသူ ေအးေက်ာ္အား စက္တင္ဘာ ၂၈ ရက္ေန႔ နံနက္စာေကြၽးေမြးရန္ေဆာင္႐ြက္စဥ္ စစ္ေၾကာေရးအဖြဲ႕ဝင္၏ ပစၥတို ေသနတ္အားလုယူ၍ မိမိကိုယ္ကိုပစ္ခတ္ခဲ့ရာ ရရွိဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္” ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ က စက္တင္ဘာလ ၂၉ ရက္ေန႔ (ယေန႔) ရက္စြဲျဖင့္ ထုတ္ျပန္ ထားသည္။

ထို႔အျပင္ စက္တင္ဘာလ ၂၇ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေက်ာက္ဂူစုေက်းရြာမွ ေဒသခံရြာသား ဦးေမာင္ပိန္ေအာင္ လည္း တပ္မေတာ္က ဖမ္းဆီးသြားသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။

ထို႔ေန႔က ေက်ာက္ဂူစုေက်းရြာအတြင္း တပ္မေတာ္စစ္ေၾကာင္းဝင္လာၿပီး ေက်းရြာအတြင္းမွ အသက္ ၃၆ ႏွစ္ အရြယ္ ဦးေမာင္ပိန္ေအာင္ ႏွင့္ အသက္ ၃၅ ႏွစ္အရြယ္ ဦးစိန္ထြန္းဝင္း တို႔အား ေနရမွ ေခၚထုတ္ၿပီး ေက်းရြာ ဘုန္းႀကီးေက်ာင္းတြင္ ဖမ္းဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ တစ္ဦးအား လႊတ္ေပးခဲ့ၿပီး တစ္ဦးကို တပ္မ ေတာ္က ဖမ္းဆီးေခၚေဆာင္သြားသည္ဟု ေျပာသည္။

“အခု သူ႔ကို ေက်ာက္ေတာ္ၿမိဳ႕ေပၚက တပ္ရင္းတစ္ခုမွာ ဖမ္းထားတယ္ ဆိုတာပဲ သိတယ္။ ေသခ်ာမသိေသးဘူး။ သူ႔ကိုဖမ္းသြားၿပီးေနာက္ အိမ္ကုိ စစ္သားေတြ ထပ္လာေသးတယ္။ အိမ္က စပါးက်ီကို ဝင္စစ္တယ္။ စပါးက်ီ ထဲ ကို စစ္သားတစ္ေယာက္ဝင္ရွာတယ္။ စပါးက်ီကေန မိုင္းေတြ႕တယ္ဆုိၿပီးေျပာတယ္။ ၿပီးေတာ့ မုိင္းကိုကိုင္ၿပီး လည္း ဓါတ္ပံုရိုက္တယ္။ က်မကိုလည္း သူတုိ႔က ဖမ္းေခၚသြားေသးတယ္။ ၿပီးမွ ျပန္လႊတ္ေပးခဲ့တာပါ” ဟု ဖမ္း ဆီးခံထားရသူ ဦးေမာင္ပိန္ေအာင္ ၏ မိသားစုဝင္ တစ္ဦးက ေျပာသည္။

ဦးေမာင္ပိန္ေအာင္မွာ လယ္ယာစိုက္ပ်ိဳးေရးလုပ္ကိုင္ေနသူ သာမန္ရြာသားတစ္ဦးသာျဖစ္ေၾကာင္း၊ လက္နက္ ကိုင္မ်ားႏွင့္ ပတ္သက္ျခင္း၊ ဆက္ႏြယ္ျခင္းမရွိေၾကာင္း ေဒသခံရြာသားမ်ားႏွင့္ ေက်းရြာအတြင္းက ရပ္မိရပ္ဖ မ်ားက ေျပာသည္။

ေက်ာက္ဂူစုေက်းရြာသား ဦးေမာင္ပိန္ေအာင္ ဖမ္းဆီးခံရမႈႏွင့္ ပတ္သက္၍ လႊတ္ေတာ္ကိုယ္စားမ်ားအား အေၾကာင္းၾကားထားသည္ဟု ၎၏ မိသားစုဝင္မ်ားက ေျပာသည္။

“ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေက်ာက္ဂူစုေက်း႐ြာအတြင္း လုံၿခဳံေရးအရ ဝင္ေရာက္ရွာေဖြစဥ္ ေက်ာက္ဂူစုေက်း႐ြာေန ဦးေမာင္ပိန္ေအာင္ ၃၆ ႏွစ္ (ဘ) ဦးထြန္းေအာင္၏ တယ္လီဖုန္းအား မသကၤာသျဖင့္ စစ္ေဆးရာ တယ္လီဖုန္း အတြင္း ၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ဆက္သြယ္ထားေသာ အခ်က္အလက္မ်ား အား ေတြ႕ရွိရ သျဖင့္ ရပ္မိ၊ရပ္ဖမ်ားႏွင့္အတူ ၎၏ ေနအိမ္ႏွင့္ပတ္ဝန္းက်င္ အနီးတဝိုက္အား ရွာေဖြစစ္ေဆးရာ ေနအိမ္ အေနာက္ဘက္ရွိ စပါးဂိုေဒါင္အတြင္းမွ စပါးခြံမ်ားျဖင့္ဖုံးအုပ္ထားေသာ အျမင့္ ၅ လက္မ၊ အခ်င္း ၃ လက္မခန႔္ရွိ ပလက္စတစ္ ဗူးျဖင့္ ျပဳလုပ္ထားေသာ ေဒသႏၲရလက္လုပ္နင္းမိုင္းတစ္လုံး (စနက္တပ္ဆင္လ်က္)ႏွင့္ ဝါးညႇပ္ နင္းမိုင္းတစ္ခုတို႔အား သိမ္းဆည္းရမိခဲ့သည္” ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ထုတ္ျပန္ထားသည္။

စက္တင္ဘာလ ၂၃ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တပင္ေက်းရြာက ေက်းရြာသား ၁၀ ဦးကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ရပ္မိရပ္ဖမ်ား၏ အာမခံခ်က္ျဖင့္ ေနာက္တစ္ရက္ တြင္ ျပန္လႊတ္ေပးခဲ့သည္။