မြစ်ဆုံစီမံကိန်း အပြီး ရပ်တန့်မည့် ပါတီကို မဲပေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

ဒေသခံများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးအပိုင် ရပ်တန့်အောင် လုပ်ဆောင်ပေးနိုင်မည့် နိုင်ငံရေးပါတီကိုသာ မဲပေးသွားမည်ဟု မြစ်ဆုံဒေသခံများက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်ဆိုင်းထားသည့် ၉ နှစ်ပြည့် နေ့တွင် ဒေသခံများက ပြောဆိုလိုက်ခြင်းဖြစ်သည်။

တန်ဖဲကျေးရွာမှ အောင်မြင်သာစံပြကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ရသူ ဦးနော်ခရိန်တူးခေါင်က “ကျနော် တို့ တက်လာတဲ့ အစိုးရက ကျနော်တို့ ဘယ်လိုမျိုးဖြစ်စေချင်သလဲဆိုတော့ အခုနပြောသလိုပေါ့ နော ဒီမြစ် ဆုံစီ မံကိန်းကို လုံး၀ ရပ်တန့်ပေးတဲ့ ဆုံးဖြတ်ပေးတဲ့ အစိုးရ ဖြစ်စေချင်တယ်။ ပြီးတော့ ဒီဒေသခံ လူထုတွေ အတွက် အကျိုးစီးပွားတွေအတွက် လုပ်ပေးတဲ့ အစိုးရဖြစ်စေချင်တယ်။ ကျနော်တို့ ဒေသခံတွေရဲ့ အကျိုး စီးပွား မပါတဲ့ စီမံကိန်းဆိုရင်တော့ ဒါလက်မခံသင့်တဲ့ အရာပေါ့နော ဒါကြောင့်မို့ အစိုးရတိုင်းက ဒေသခံတွေ ရဲ့ အကျိုးစီးပွားကို လုပ်ပေးစေချင်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ မြစ်ဆုံရေကာတာစီမံကိန်းကိုလည်း လုံး ၀ ရပ်တန့်ပေးစေချင်တာပေါ့နော။ ရပ်တန့်ပေးမယ်ဆိုတဲ့ ဒီနိုင်ငံရေးပါတီ အစိုးရကို နိုင်ငံရေးပါတီကို ကျ နော်တို့ မဲထည့်မယ်။”ဟုပြောသည်။

လက်ရှိတွင် တန်ဖဲကျေးရွာတွင် ပြန်လည်နေထိုင်သူ မဂျာအောင်ကလည်း “ကျနော်တို့ကတော့ ဒီမြစ်ဆုံ ရေကာတာကို လုံးဝရပ်ဆဲ လုပ်မယ့် အစိုးရပဲ သမ္မတပဲ လိုချင်တယ်။ ပြီးရင် ဒီဖက် တောသူ တောင်သား တွေပေါ့နော လုပ်စားမယ့်ဟာတွေပေါ့ ကျနော်တို့ကို ဦးစားပေးမယ့်ဟာပေါ့ အဲမျိုးအစိုးရပဲ လိုချင်တယ်” ဟုပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်ဆိုင်းထားသည့် ၉ နှစ်ပြည့် နေ့တွင် ဒေသခံများအနေဖြင့် ၎င်းတို့၏ ကျေးရွာဟောင်း တန်ဖဲကျေးရွာသို့ သွားရောက်ကာ ချုံနွယ်ပိတ် ပေါင်းများကို ခုတ်ထွင်ရှင်းလင်းမှုများကို ပြုလုပ်ခဲ့ကြပြီး ကျေးရွာဟောင်းတွင် ပြန်လည်နေ ထိုင်နိုင်အောင် အစိုးရမှ လုပ်ဆောင်ပေးစေချင်သည်ဟု ဦးနော်ခရိန် တူးခေါင်က ပြောသည်။

“မြစ်ဆုံစီမံကိန်းကို မဖြစ်မြောက်ဖို့ လုပ်ဆောင်ရင်လည်း ကျေးရွာကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အ လမ်းကို လုပ်စေချင်တာပေါ့နော်။ ဒါက သူကချိတ်ဆက်နေတာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ကျနော်တို့ ရွာရဲ့ ဖြစ်တည်မှုက သူက ချိတ်ဆက်နေတဲ့အတွက်ကြောင့် မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝကန့် ကွက် စေချင်တယ်။ ဒါကတစ်ပိုင်းပေါ့နော်။ ပြီးတော့ ဒေသက လူတွေက ကိုယ့်ရဲ့ ဌာနေဒေသ ကိုယ့်ရဲ့ ကျေးရွာ ဟောင်းမှာ ပြန်လည်နေထိုင်ရေးဆိုတဲ့ဟာလည်း ဒါက အရေးကြီးတယ်ပေါ့နော ဒီနှစ်ခုကတော့ ချိတ်ဆက် နေပါတယ် ပေါ့နော်။ ဒီ ၂ ခုကို ပံ့ပိုးပေးရင် အင်မတန်မှ ကောင်းပါတယ်လို့ပေါ့နော်။”

၂၀၂၀ ရွေးကောက်ပွဲ အလွန်တက်လာမည့် အစိုးရအနေဖြင့်လည်း ဒေသခံများ၏ မူရင်းမွေးရပ်ဒေသ တန်ဖဲ ကျေး ရွာတွင် ပြန်လည်နေထိုင်နိုင်အောင် လုပ်ဆောင်ပေးမည့် အစိုးရကို လိုချင်သည်ဟု တန်ဖဲကျေးရွာမှ အောင်မြင်သာ ကျေးရွာသို့ ပြောင်ရွေ့နေထိုင်ခဲ့ရသူ ကိုဇော်တူးကလည်း ပြောသည်။

“လာမယ့် ရွေးကောက်ပွဲမှာ တက်လာမယ့် အစိုးရကို ကျနော်အနေနဲ့ ဒီမြစ်ဆုံဒေသ ကျနော်တို့လည်း ပြောင်းရွေ့နေတာဆိုတော့လေနော အောင်မြင်သာမှာ နေတဲ့နေရာဆိုတော့ ကျနော်တို့အားလုံး ကျနော်တို့ရဲ့ ထာဝရတည်တံ့တဲ့ ဒီမြစ်ဆုံနယ်မြေမှာ ပြန်လည်ပြီးတော့ နေနိုင်ဖို့အတွက်ကို ဆောင်ရွက် စေချင်တာပေါ့။”

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ကုမ္ပဏီနှင့် အစိုးရက ချထားပေးသည့် အောင်မြင်သာ စံပြကျေးရွာတွင် လုပ်ကိုင် စားသောက်ရန် မြေနေရာ မရှိသည့်အတွက် စားဝတ်နေရေးအတွက် ၎င်းတို့မြေယာများ ရှိရာ တန်ဖဲ ကျေးရွာသို့သာ ပြန်လည်လုပ်ကိုင် စားသောက်ရင်း စားဝတ်နေရေး လူမှုရေး ပညာရေး အဖက်ဖက် ကို ဖြေရှင်းနေရသည်ဟု ဒေသခံများက ဆိုသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် တန်ဖဲကျေးရွာအပါအဝင် အောင်မြင်သာ စံပြကျေးရွာသို့ ပြောင်းရွေ့နေ ထိုင်နေရသည့် ကျေးရွာ ၁၀ ရွာခန့်ရှိသည်ဟု သိရသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့မြေယာများရှိရာ ကျေးရွာတွင် ယခင်ကကဲ့သို့ တားမြစ်မှု တစ်စုံ တစ်ရာ မရှိပဲ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် ရချင်သည်ဟု တန်ဖဲကျေးရွာမှ အောင်မြင်သာ ကျေးရွာသို့ ပြောင်ရွေ့နေထိုင်ခဲ့ရသူ ဒေါ်ကိုင်ဆိုင်းက တောင်းဆိုသည်။

“ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့ အခါမှာ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ သွားသွားလာလာ ဒီမှာ လုပ်ကိုင် စားသောက်တဲ့အခါမှာ လုံးဝအဟန့်အတားမရှိ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် ရချင်တယ်။ အဲဒါပြီးမှ တစ်ဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ထာဝရ အပြီးအပိုင် ရပ်တန့်စေချင် တယ်။ အရင်တုန်းကဆို ကျမတို့ ပြောင်းရွေ့ခဲ့တဲ့ အချိန်ကဆို စစ်မိန့်တွေဘာတွေက အမိန့်ကို မလွန်ဆန်ရဲ လို့ ပြောင်းရွေ့ခဲ့တယ်။ ဒီလိုမျိုး ဆက်မဖြစ်ခိုင်းစေချင်ဘူး။”

ထို့အပြင် မြစ်ဆုံသည် ကချင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး၏ အရေးနှင့် သက်ဆိုင်သည့်အတွက် မြစ်ဆုံရေကာတာ စီမံကိန်း မဖြစ်မြောက်အောင် တစ်နိုင်ငံလုံးရှိ ပြည်သူများက ဆက်လက် ဝန်းရံပေးရန် ဒေါ်ကိုင်ဆိုင်းက နိုင်ငံသားတိုင်းအား မေတ္တာရပ်ခံထားသည်။

“ကျမတို့ မြစ်ဆုံရေကာတာ စီမံကိန်း ထာဝရ ရပ်ဆိုင်းပြီလို့ မပြောမချင်းတော့ ကျနော်တို့ မြန်မာနိုင်ငံသား တွေအားလုံး မြစ်ဆုံရေကာ စီမံကိန်းကို ကျနော်တို့ ဒေသခံတွေပဲ ခံစားရမှာ မဟုတ်ဘူး မြစ်ဆုံရေကာတာ စီမံကိန်းသာ ဖြစ်သွားခဲ့ရင် ဒီဟာရဲ့ ဆိုးကျိုးက ကျနော်တို့ ဒေသခံတွေပဲ ခံစားရမှာ မဟုတ်ဘူး အထူးသ ဖြင့် ကျနော်တို့ မြန်မာတစ်နိုင်ငံသားလုံး အားလုံးက ဒါကို ညီညီညွှတ်ညွှတ်နဲ့ ထာဝရ ရပ်ဆိုင်းပြီလို့ အမိန့် မထုတ် ပြန်မချင်းပေါ့နော ကျနော်တို့ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကိုပေါ့နော ကာကွယ်ရမယ် မြစ်ဆုံကို အကုန်လုံးက ဝိုင်းဝန်းရမယ် ဝိုင်းရံရမယ်။ စောင့်ရှောက်ရမယ် ထိန်းသိမ်းရမယ့် တာဝန်က အကုန်လုံးမှာ ရှိတယ်လို့ ကျမ ပြောချင်တာပေါ့နော။”

လက်ရှိအစိုးရဖြစ်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလတွင် ၎င်းတို့အစိုးရဖွဲ့နိုင်ပါက ပြည်သူများအား မြစ်ဆုံ စီမံကိန်း စာချုပ်ပါ အချက်အလက်များကို ချပြမည်ဟု ကတိပေးခဲ့သည်။

သို့သော် ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော်လည်း လက်ရှိအချိန်အထိ စာချုပ်ပါ အချက်အလက်များကို ချပြခြင်း မရှိသေးသည့်အပြင် စီမံကိန်းနှင့် ပတ်သက်သည့် သဘောထား ရပ်တည် ချက်များကို ပွင့်ပွင့်လင်းလင်း ချပြခြင်း မရှိသေးဟု သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးများစွာ ရှိနေသည့်အပြင် ဒေသခံများ၏ လူမှု ဘဝအဖုံဖုံကို ထိခိုက်နေသည့်အတွက် စီမံကိန်းကို အပြီးအပိုင် ရပ်တန့်ရန် သဘာ၀ ပတ်ဝန်းကျင် အရေး လုပ်ဆောင်သူများ၊ မြစ်ဆုံအရေးစောင့်ကြည့်သူများနှင့် တစ်နိုင်ငံလုံးရှိပြည်သူများက တောင်းဆိုထားကြ သည်။

မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်ရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ်တာဝန်ယူစဉ်က တရုတ်ကုမ္ပဏီနှင့် သဘောတူ စာချုပ်ချုပ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်သူများ၏ ကန့် ကွက်မှုကြောင့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ယာယီရပ်ဆိုင်းထားခဲ့ပြီး NLD အစိုးရလက်ထက်တွင် အပြီးအပိုင် ရပ် ဆိုင်းပေးရန် ပြည်သူများက ဆက်လက်တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ အပြီးအပိုင် ရပ်ဆိုင်း ထားခြင်းမရှိသေးပေ။

*** ZAWGYI ***
ျမစ္ဆံုစီမံကိန္း အၿပီး ရပ္တန္႔မည့္ ပါတီကို မဲေပးမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္။

ေဒသခံမ်ား၏ လူမႈဘ၀ဖြံ႔ၿဖိဳးတိုးတက္ေရးႏွင့္ ျမစ္ဆံုေရကာတာ စီမံကိန္းကို အၿပီးအပိုင္ ရပ္တန္႔ေအာင္ လုပ္ေဆာင္ေပးႏိုင္မည့္ ႏိုင္ငံေရးပါတီကိုသာ မဲေပးသြားမည္ဟု ျမစ္ဆံုေဒသခံမ်ားက ေျပာသည္။

စက္တင္ဘာလ ၃၀ ရက္ေန႔က ျမစ္ဆုံေရကာတာ စီမံကိန္း ယာယီရပ္ဆိုင္းထားသည့္ ၉ ႏွစ္ျပည့္ ေန႔တြင္ ေဒသခံမ်ားက ေျပာဆိုလိုက္ျခင္းျဖစ္သည္။

တန္ဖဲေက်းရြာမွ ေအာင္ျမင္သာစံျပေက်းရြာသို႔ ေျပာင္းေရြ႕ေနထိုင္ခဲ့ရသူ ဦးေနာ္ခရိန္တူးေခါင္က “က်ေနာ္ တို႔ တက္လာတဲ့ အစိုးရက က်ေနာ္တို႔ ဘယ္လိုမ်ိဳးျဖစ္ေစခ်င္သလဲဆိုေတာ့ အခုနေျပာသလိုေပါ့ ေနာ ဒီျမစ္ ဆံုစီ မံကိန္းကို လံုး၀ ရပ္တန္႔ေပးတဲ့ ဆံုးျဖတ္ေပးတဲ့ အစိုးရ ျဖစ္ေစခ်င္တယ္။ ၿပီးေတာ့ ဒီေဒသခံ လူထုေတြ အတြက္ အက်ိဳးစီးပြားေတြအတြက္ လုပ္ေပးတဲ့ အစိုးရျဖစ္ေစခ်င္တယ္။ က်ေနာ္တို႔ ေဒသခံေတြရဲ႕ အက်ိဳး စီးပြား မပါတဲ့ စီမံကိန္းဆိုရင္ေတာ့ ဒါလက္မခံသင့္တဲ့ အရာေပါ့ေနာ ဒါေၾကာင့္မို႔ အစိုးရတိုင္းက ေဒသခံေတြ ရဲ႕ အက်ိဳးစီးပြားကို လုပ္ေပးေစခ်င္တယ္။ အဲဒါနဲ႔ ဆက္စပ္ၿပီးေတာ့ ျမစ္ဆံုေရကာတာစီမံကိန္းကိုလည္း လံုး ၀ ရပ္တန္႔ေပးေစခ်င္တာေပါ့ေနာ။ ရပ္တန္႔ေပးမယ္ဆိုတဲ့ ဒီႏိုင္ငံေရးပါတီ အစိုးရကို ႏိုင္ငံေရးပါတီကို က် ေနာ္တို႔ မဲထည့္မယ္။”ဟုေျပာသည္။

လက္ရွိတြင္ တန္ဖဲေက်းရြာတြင္ ျပန္လည္ေနထိုင္သူ မဂ်ာေအာင္ကလည္း “က်ေနာ္တို႔ကေတာ့ ဒီျမစ္ဆံု ေရကာတာကို လံုး၀ရပ္ဆဲ လုပ္မယ့္ အစိုးရပဲ သမၼတပဲ လိုခ်င္တယ္။ ၿပီးရင္ ဒီဖက္ ေတာသူ ေတာင္သား ေတြေပါ့ေနာ လုပ္စားမယ့္ဟာေတြေပါ့ က်ေနာ္တို႔ကို ဦးစားေပးမယ့္ဟာေပါ့ အဲမ်ိဳးအစိုးရပဲ လိုခ်င္တယ္” ဟုေျပာသည္။

ျမစ္ဆုံေရကာတာ စီမံကိန္း ယာယီရပ္ဆိုင္းထားသည့္ ၉ ႏွစ္ျပည့္ ေန႔တြင္ ေဒသခံမ်ားအေနျဖင့္ ၎တို႔၏ ေက်းရြာေဟာင္း တန္ဖဲေက်းရြာသို႔ သြားေရာက္ကာ ခ်ဳံႏြယ္ပိတ္ ေပါင္းမ်ားကို ခုတ္ထြင္ရွင္းလင္းမႈမ်ားကို ျပဳလုပ္ခဲ့ၾကၿပီး ေက်းရြာေဟာင္းတြင္ ျပန္လည္ေန ထိုင္ႏိုင္ေအာင္ အစိုးရမွ လုပ္ေဆာင္ေပးေစခ်င္သည္ဟု ဦးေနာ္ခရိန္ တူးေခါင္က ေျပာသည္။

“ျမစ္ဆံုစီမံကိန္းကို မျဖစ္ေျမာက္ဖို႔ လုပ္ေဆာင္ရင္လည္း ေက်းရြာကို ျပန္လည္တည္ေဆာက္ဖို႔ အခြင့္အ လမ္းကို လုပ္ေစခ်င္တာေပါ့ေနာ္။ ဒါက သူကခ်ိတ္ဆက္ေနတာ ျမစ္ဆံုေရကာတာ စီမံကိန္းနဲ႔ က်ေနာ္တို႔ ရြာရဲ႕ ျဖစ္တည္မႈက သူက ခ်ိတ္ဆက္ေနတဲ့အတြက္ေၾကာင့္ ျမစ္ဆံုေရကာတာ စီမံကိန္းကို လံုး၀ကန္႔ ကြက္ ေစခ်င္တယ္။ ဒါကတစ္ပိုင္းေပါ့ေနာ္။ ၿပီးေတာ့ ေဒသက လူေတြက ကိုယ့္ရဲ႕ ဌာေနေဒသ ကိုယ့္ရဲ႕ ေက်းရြာ ေဟာင္းမွာ ျပန္လည္ေနထိုင္ေရးဆိုတဲ့ဟာလည္း ဒါက အေရးႀကီးတယ္ေပါ့ေနာ ဒီႏွစ္ခုကေတာ့ ခ်ိတ္ဆက္ ေနပါတယ္ ေပါ့ေနာ္။ ဒီ ၂ ခုကို ပံ့ပိုးေပးရင္ အင္မတန္မွ ေကာင္းပါတယ္လို႔ေပါ့ေနာ္။”

၂၀၂၀ ေရြးေကာက္ပြဲ အလြန္တက္လာမည့္ အစိုးရအေနျဖင့္လည္း ေဒသခံမ်ား၏ မူရင္းေမြးရပ္ေဒသ တန္ဖဲ ေက်း ရြာတြင္ ျပန္လည္ေနထိုင္ႏိုင္ေအာင္ လုပ္ေဆာင္ေပးမည့္ အစိုးရကို လိုခ်င္သည္ဟု တန္ဖဲေက်းရြာမွ ေအာင္ျမင္သာ ေက်းရြာသို႔ ေျပာင္ေရြ႕ေနထိုင္ခဲ့ရသူ ကိုေဇာ္တူးကလည္း ေျပာသည္။

“လာမယ့္ ေရြးေကာက္ပြဲမွာ တက္လာမယ့္ အစိုးရကို က်ေနာ္အေနနဲ႔ ဒီျမစ္ဆံုေဒသ က်ေနာ္တို႔လည္း ေျပာင္းေရြ႕ေနတာဆိုေတာ့ေလေနာ ေအာင္ျမင္သာမွာ ေနတဲ့ေနရာဆိုေတာ့ က်ေနာ္တို႔အားလံုး က်ေနာ္တို႔ရဲ႕ ထာ၀ရတည္တံ့တဲ့ ဒီျမစ္ဆံုနယ္ေျမမွာ ျပန္လည္ၿပီးေတာ့ ေနႏိုင္ဖို႔အတြက္ကို ေဆာင္ရြက္ ေစခ်င္တာေပါ့။”

ျမစ္ဆံုေရကာတာ စီမံကိန္းေၾကာင့္ ကုမၸဏီႏွင့္ အစိုးရက ခ်ထားေပးသည့္ ေအာင္ျမင္သာ စံျပေက်းရြာတြင္ လုပ္ကိုင္ စားေသာက္ရန္ ေျမေနရာ မရွိသည့္အတြက္ စား၀တ္ေနေရးအတြက္ ၎တို႔ေျမယာမ်ား ရွိရာ တန္ဖဲ ေက်းရြာသို႔သာ ျပန္လည္လုပ္ကိုင္ စားေသာက္ရင္း စား၀တ္ေနေရး လူမႈေရး ပညာေရး အဖက္ဖက္ ကို ေျဖရွင္းေနရသည္ဟု ေဒသခံမ်ားက ဆိုသည္။

ျမစ္ဆံုေရကာတာ စီမံကိန္းေၾကာင့္ တန္ဖဲေက်းရြာအပါအ၀င္ ေအာင္ျမင္သာ စံျပေက်းရြာသို႔ ေျပာင္းေရြ႕ေန ထိုင္ေနရသည့္ ေက်းရြာ ၁၀ ရြာခန္႔ရွိသည္ဟု သိရသည္။

ထို႔ေၾကာင့္ ေဒသခံမ်ားအေနျဖင့္ ၎တို႔ေျမယာမ်ားရွိရာ ေက်းရြာတြင္ ယခင္ကကဲ့သို႔ တားျမစ္မႈ တစ္စံု တစ္ရာ မရွိပဲ လြတ္လပ္စြာ လုပ္ကိုင္စားေသာက္ခြင့္ ရခ်င္သည္ဟု တန္ဖဲေက်းရြာမွ ေအာင္ျမင္သာ ေက်းရြာသို႔ ေျပာင္ေရြ႕ေနထိုင္ခဲ့ရသူ ေဒၚကိုင္ဆိုင္းက ေတာင္းဆိုသည္။

“က်ေနာ္တို႔ လုပ္ကိုင္စားေသာက္တဲ့ အခါမွာ ျမစ္ဆံုနဲ႔ ပတ္သက္ၿပီးေတာ့ သြားသြားလာလာ ဒီမွာ လုပ္ကိုင္ စားေသာက္တဲ့အခါမွာ လံုး၀အဟန္႔အတားမရွိ လြတ္လြတ္လပ္လပ္ လုပ္ကိုင္စားေသာက္ခြင့္ ရခ်င္တယ္။ အဲဒါၿပီးမွ တစ္ျဖည္းျဖည္းနဲ႔ က်ေနာ္တို႔ရဲ႕ ျမစ္ဆံုေရကာတာ စီမံကိန္းကို ထာ၀ရ အၿပီးအပိုင္ ရပ္တန္႔ေစခ်င္ တယ္။ အရင္တုန္းကဆို က်မတို႔ ေျပာင္းေရြ႕ခဲ့တဲ့ အခ်ိန္ကဆို စစ္မိန္႔ေတြဘာေတြက အမိန္႔ကို မလြန္ဆန္ရဲ လို႔ ေျပာင္းေရြ႕ခဲ့တယ္။ ဒီလိုမ်ိဳး ဆက္မျဖစ္ခိုင္းေစခ်င္ဘူး။”

ထို႔အျပင္ ျမစ္ဆံုသည္ ကခ်င္ျပည္နယ္သာမက ျမန္မာတစ္ႏိုင္ငံလံုး၏ အေရးႏွင့္ သက္ဆိုင္သည့္အတြက္ ျမစ္ဆံုေရကာတာ စီမံကိန္း မျဖစ္ေျမာက္ေအာင္ တစ္ႏိုင္ငံလံုးရွိ ျပည္သူမ်ားက ဆက္လက္ ၀န္းရံေပးရန္ ေဒၚကိုင္ဆိုင္းက ႏိုင္ငံသားတိုင္းအား ေမတၱာရပ္ခံထားသည္။

“က်မတို႔ ျမစ္ဆံုေရကာတာ စီမံကိန္း ထာ၀ရ ရပ္ဆိုင္းၿပီလို႔ မေျပာမခ်င္းေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံသား ေတြအားလံုး ျမစ္ဆံုေရကာ စီမံကိန္းကို က်ေနာ္တို႔ ေဒသခံေတြပဲ ခံစားရမွာ မဟုတ္ဘူး ျမစ္ဆံုေရကာတာ စီမံကိန္းသာ ျဖစ္သြားခဲ့ရင္ ဒီဟာရဲ႕ ဆိုးက်ိဳးက က်ေနာ္တို႔ ေဒသခံေတြပဲ ခံစားရမွာ မဟုတ္ဘူး အထူးသ ျဖင့္ က်ေနာ္တို႔ ျမန္မာတစ္ႏိုင္ငံသားလံုး အားလံုးက ဒါကို ညီညီၫႊတ္ၫႊတ္နဲ႔ ထာ၀ရ ရပ္ဆိုင္းၿပီလို႔ အမိန္႔ မထုတ္ ျပန္မခ်င္းေပါ့ေနာ က်ေနာ္တို႔ ဒီျမစ္ဆံုေရကာတာ စီမံကိန္းကိုေပါ့ေနာ ကာကြယ္ရမယ္ ျမစ္ဆံုကို အကုန္လံုးက ဝိုင္း၀န္းရမယ္ ဝိုင္းရံရမယ္။ ေစာင့္ေရွာက္ရမယ္ ထိန္းသိမ္းရမယ့္ တာ၀န္က အကုန္လံုးမွာ ရွိတယ္လို႔ က်မ ေျပာခ်င္တာေပါ့ေနာ။”

လက္ရွိအစိုးရျဖစ္ေနသည့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD အစိုးရအေနျဖင့္ ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးကာလတြင္ ၎တို႔အစိုးရဖြဲ႔ႏိုင္ပါက ျပည္သူမ်ားအား ျမစ္ဆံု စီမံကိန္း စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို ခ်ျပမည္ဟု ကတိေပးခဲ့သည္။

သို႔ေသာ္ ၎တို႔အေနျဖင့္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲ အႏိုင္ရရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို ခ်ျပျခင္း မရွိေသးသည့္အျပင္ စီမံကိန္းႏွင့္ ပတ္သက္သည့္ သေဘာထား ရပ္တည္ ခ်က္မ်ားကို ပြင့္ပြင့္လင္းလင္း ခ်ျပျခင္း မရွိေသးဟု သိရသည္။

ျမစ္ဆံုေရကာတာ စီမံကိန္းသည္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ သက္ဆိုင္သကဲ့သို႔ တစ္ဖက္တြင္လည္း သဘာ၀ပတ္၀န္းက်င္ႏွင့္ ပတ္သက္သည့္ ေဘးထြက္ဆိုးက်ိဳးမ်ားစြာ ရွိေနသည့္အျပင္ ေဒသခံမ်ား၏ လူမႈ ဘ၀အဖံုဖံုကို ထိခိုက္ေနသည့္အတြက္ စီမံကိန္းကို အၿပီးအပိုင္ ရပ္တန္႔ရန္ သဘာ၀ ပတ္၀န္းက်င္ အေရး လုပ္ေဆာင္သူမ်ား၊ ျမစ္ဆံုအေရးေစာင့္ၾကည့္သူမ်ားႏွင့္ တစ္ႏိုင္ငံလုံးရွိျပည္သူမ်ားက ေတာင္းဆိုထားၾက သည္။

ျမစ္ဆံုစီမံကိန္းကို လုပ္ေဆာင္ရန္ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႔ၿဖိဳးေရး ေကာင္စီ လက္ထက္ ဗိုလ္ခ်ဳပ္ၾကီး သိန္းစိန္ ၀န္ႀကီးခ်ဳပ္တာဝန္ယူစဥ္က တရုတ္ကုမၸဏီႏွင့္ သေဘာတူ စာခ်ဳပ္ခ်ဳပ္ခဲ့သည္။

၂၀၁၀ ေရြးေကာက္ပြဲေနာက္ပိုင္း သမၼတ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ ျပည္သူမ်ား၏ ကန္႔ ကြက္မႈေၾကာင့္ ျမစ္ဆံု ေရကာတာ စီမံကိန္းကို ယာယီရပ္ဆိုင္းထားခဲ့ၿပီး NLD အစိုးရလက္ထက္တြင္ အၿပီးအပိုင္ ရပ္ ဆိုင္းေပးရန္ ျပည္သူမ်ားက ဆက္လက္ေတာင္းဆိုထားေသာ္လည္း လက္ရွိအခ်ိန္အထိ အၿပီးအပိုင္ ရပ္ဆိုင္း ထားျခင္းမရွိေသးေပ။